နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပီအက်စ်ဂျီ အသင်းဖော်တွေကို တောင်းပန်စကားဆိုခဲ့တဲ့ မက်ဆီ၊ ရီးရဲလ်နဲ့ ပွဲကို လွဲချော်ဖွယ် ရှိနေတဲ့ ဒီဘရိုင်းနား (လာလီဂါ နောက်ဆုံးရ သတင်းများ)

ပီအက်စ်ဂျီ အသင်းဖော်တွေကို တောင်းပန်စကား ဆိုခဲ့တဲ့ မက်ဆီ၊ ရီးရဲလ်နဲ့ ပွဲကို လွဲချော်ဖွယ် ရှိနေတဲ့ ဒီဘရိုင်းနား စတဲ့ သတင်းတွေ အပါအဝင် မေလ ၆ ရက်နေ့ရဲ့ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပီအက်စ်ဂျီ အသင်းဖော်တွေကို တောင်းပန်စကားဆိုခဲ့တဲ့ မက်ဆီ

ဆော်ဒီအာရေဗျကို သွားရောက်ခဲ့လို့ ပီအက်စ်ဂျီ အသင်းနဲ့ ပြသနာတွေ တက်နေတဲ့ လီယွန်နယ် မက်ဆီဟာ အသင်းဖော်တွေကို တောင်းပန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ သူ့ရဲ့ အင်စတာဂရမ် ကနေ ဗီဒီယိုနဲ့ တောင်းပန် ပြောဆိုခဲ့တာ ဖြစ်ပြီး ဘယ်လို အခြေအနေတွေ ဖြစ်ခဲ့ရလဲ ဆိုတာ ကိုပါ ရှင်းပြသွားခဲ့ပါတယ်။

မက်ဆီဟာ အသင်းကို အသိမပေးဘဲ သွားရောက်ခဲ့တာကြောင့် ၂ ပတ် ပွဲပယ်၊ လေ့ကျင့်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ သူ့ရဲ့ အနာဂတ် ကလည်း လှုပ်ခတ်လာခဲ့ပြီး ရာသီကုန်မှာ အသင်း ကနေ ထွက်ခွာမယ် လို့ပါ သတင်းကြီးနေခဲ့ပါတယ်။ လက်ရှိ မှာတော့ မက်ဆီကို ဆော်ဒီ ကလပ်တွေနဲ့ လာလီဂါ အသင်းဟောင်း ဘာစီလိုနာ တို့က ချဉ်းကပ်နေကြပါတယ်။

မက်ဆီက “ ဟယ်လို၊ အားလုံးပဲ၊ ဖြစ်ပျက်နေတဲ့ အရာတွေ အားလုံးပြီးတဲ့ နောက်မှာ ငါ ဒီဗီဒီယိုကို ဖန်တီးချင်ခဲ့တာပါ၊ ပထမဆုံး အနေနဲ့ အသင်းမှာ ရှိတဲ့ အသင်းဖော်တွေ အားလုံးကို ငါ တောင်းပန်ပါတယ်၊ ပွဲပြီးရင် ငါတို့ အရင်ကလိုပဲ အားလပ်ရက်ရတော့မယ် ဆိုပြီးတော့ ရိုးရိုးသားသား တွေးမိခဲ့တယ်၊ ဆော်ဒီကို သွားဖို့ စီစဉ်ထားခဲ့တယ်၊ အရင်ကလည်း ဒီလို စီစဉ်ပြီးခါမှ ဖျက်သိမ်းခဲ့ပြီး မသွားဖြစ်ခဲ့ဘူး၊ ငါ့ လုပ်ရပ်အတွက် တောင်းပန်ပါတယ်၊ အခုတော့ အသင်းဘက်က ဘာလုပ်ချင်လဲ ဆိုတာကို ငါ စောင့်ကြည့်နေပါတယ်၊ ဒီထက် ပိုပြီးတော့ ဘာမှမဖြစ်တော့ပါဘူး၊ အားလုံး ဆေးဆေးပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။

ပရီးမီးယား လိဂ်
ခရစ္စတယ်ပဲလေ့စ်
အာဆင်နယ်
1X2 ခရစ္စတယ်ပဲလေ့စ် @ 2.46
အာဆင်နယ် အာရှ အကျောပေး 0.00 @ 2.05
ဂိုး‌အောက် 2.75 @ 2.09
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကိုပါဒယ်ရေး ဗိုလ်လုပွဲက သူ့အတွက် နောက်ဆုံး ဗိုလ်လုပွဲ ဖြစ်နိုင်တယ်လို့ အန်ဆယ်လော့တီ ဆို

ရီးရဲလ်မက်ဒရစ် နည်းပြကြီး ကာလို အန်ဆယ်လော့တီက အိုဆာဆူနာနဲ့ ကစားရတော့မယ့် ကိုပါဒယ်ရေး ဗိုလ်လုပွဲဟာ သူ့အတွက်တော့ ရီးရဲလ် နည်းပြ အဖြစ်နဲ့ နောက်ဆုံး ကိုင်တွယ်ရမယ့် ဗိုလ်လုပွဲ ဖြစ်လာနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီပွဲ အတွက် ကစားသမားတွေနဲ့ သူပါ စိတ်လှုပ်ရှားနေတယ် လို့လည်း အန်ဆယ်လော့တီက ဝန်ခံခဲ့ပါတယ်။

“ ဗိုလ်လုပွဲ တစ်ပွဲ ကစားရတိုင်း အမြဲတမ်း စိတ်လှုပ်ရှားရပါတယ်၊ ပုဂ္ဂိုလ်ရေးအရ ဆိုရင် ဒီဗိုလ်လုပွဲက ငါ့အတွက်တော့ နောက်ဆုံး ဗိုလ်လုပွဲ ဖြစ်နိုင်တယ်လို့ အမြဲတမ်း တွေးဖြစ်ပါတယ်၊ ၂၀၀၃ ကတည်းက ကျနော် အဲဒီလိုပဲ တွေးခဲ့တာပါ၊ ဒါက နောက်ဆုံးပါပဲ ဆိုပြီးတော့လေ၊ ဒီနေ့လည်း အတူတူပါပဲ၊ ကစားသမားတွေ ကိုလည်း လက်ရှိ အခိုက်အတန့် အတွက် ပျော်ပျော်နေဖို့ ကိုပဲ ကျနော် ပြောထားပါတယ်” လို့ ဖွင့်ဟခဲ့ပါတယ်။

အန်ဆယ်လော့တီ ကတော့ ရာသီကုန်ရင် ဘရာဇီးလ် လက်ရွေးစင် အသင်း နည်းပြ ရာထူးကို ရယူနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ ဒါပေမယ့် သူကတော့ ရီးရဲလ်မက်ဒရစ် မှာပဲ ဆက်လက် ရှိနေမယ်လို့ ပြောဆိုထားပြီး တဖက်မှာလည်း ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်က သူ့ကို ကမ်းလှမ်းထားတယ် ဆိုတာ အတည်ပြုထားပါတယ်။


ရီးရဲလ်နဲ့ ပွဲကို လွဲချော်ဖွယ် ရှိနေတဲ့ ဒီဘရိုင်းနား

ဒီသတင်းဟာ မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့် လာလီဂါ ကလပ် အတွက်တော့ သတင်းကောင်း တစ်ခု ဖြစ်လာခဲ့ပြီး ပြိုင်ဘက်ရဲ့ အားအထားရဆုံး ကစားသမား မပါဝင်နိုင်ဘူး ဆိုရင် သူတို့ အတွက် တပန်းသာမှာလည်း ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ ပွဲမှာ လွဲချော်ဖွယ် ရှိနေတဲ့ ဒီဘရိုင်းနား

လာမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲမှာ မန်ချက်စတာစီးတီး ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားက ပါဝင် ကစားဖို့ အတွက် မသေမချာ ဖြစ်နေပါတယ်။ ဒီသတင်းဟာ မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့် လာလီဂါ ကလပ် အတွက်တော့ သတင်းကောင်း တစ်ခု ဖြစ်လာခဲ့ပြီး ပြိုင်ဘက်ရဲ့ အားအထားရဆုံး ကစားသမား မပါဝင်နိုင်ဘူး ဆိုရင် သူတို့ အတွက် တပန်းသာမှာလည်း ဖြစ်ပါတယ်။

ဒီဘရိုင်းနားဟာ မန်စီးတီးရဲ့ လိဂ်ပွဲ နောက်ဆုံး ၂ ပွဲ ဆက်တိုက် လွဲချော်ခဲ့ပြီး သူ့အနေအထားက မှန်းဆရ မလွယ်ဘူးလို့ သိရပါတယ်။ မန်စီးတီး ကတော့ သူတို့ရဲ့ အဓိက ကွင်းလယ်လူ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေပြီး ချန်ပီယံလိဂ် ဘုရင်ကြီး ရီးရဲလ်နဲ့ ကစားရမယ့် ပွဲမှာ မပါဝင်နိုင်ရင် အသင်း အားနည်းမှာ ကိုလည်း စိုးရိမ်နေရပါတယ်။

ဒီဘရိုင်းနား မပါဝင်ပေမယ့် မန်စီးတီးက လိဂ်ပွဲတွေကို အနိုင်ရနေခဲ့ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ် မှာတော့ ဒီလို ကစားသမား တစ်ဦး မပါဝင်တာဟာ ပြိုင်ဘက်ကို သိသိသာသာ အသာစီးပေးလိုက်ရသလို ဖြစ်မှာမို့ ပါဝင်လာနိုင်ဖို့ ကိုပဲ မျှော်လင့်နေရပါတယ်။ ရီးရဲလ် အတွက်တော့ ဒီဘရိုင်းနား မပါဝင်နိုင်ဖို့ကို ဆုတောင်းနေမယ် ထင်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်