နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆွမ်မားကို နောက်ပြောင်ခဲ့တဲ့ တူချယ်၊ ဘယ်လင်ဟမ် အတွက် မေလအတွင်း ဆွေးနွေးမယ့် ရီးရဲလ်နဲ့ ဒေါ့မန် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ဆွမ်မားကို နောက်ပြောင်ခဲ့တဲ့ တူချယ်၊ ဘယ်လင်ဟမ် အတွက် မေလအတွင်း ဆွေးနွေးမယ့် ရီးရဲလ်နဲ့ ဒေါ့မန် စတဲ့ သတင်းတွေ အပါအဝင် မေလ ၇ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပေးလိုက်ရတဲ့ ဂိုးအတွက် ဆွန်းမားကို တူချယ် နောက်ပြောင်

မနေ့ညက ကစားခဲ့တဲ့ ဝါဒါဘရီမင်နဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဥ်မှာ ပေးလိုက်ရတဲ့ ဂိုးအတွက် သောမတ်စ် တူချယ်က ဂိုးသမား ယန်း ဆွမ်မားကို နောက်ပြောင်သွားခဲ့ပါတယ်။

ဒီပွဲမှာ ဘေယန်မြူးနစ်တို့ အဝေးကွင်းမှာ ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး အမှတ်ပေးဇယား ဦးဆောင်ခွင့်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲပြီးခါနီး (၈၆) မိနစ်မှာ ပြိုင်ဘက် ကစားသမား နစ်ကလပ်စ် ရှမစ်ရဲ့ အဝေးကန်ချက်ကို ဂိုးအဖြစ် ခွင့်ပြုလိုက်ရတဲ့ အပေါ် မှာတော့ တူချယ်က ကံမကောင်းဘူးလို့ ယူဆနေသလို ဆွန်းမား ကိုလည်း နောက်ပြောင်ခဲ့ပါတယ်။

တူချယ်က ဆွမ်မား ဂိုးစောင့်နေချိန်မှာ ကံမကောင်းစွာနဲ့ ဒါမျိုးဖြစ်ခဲ့တာ အခု ပထမဆုံး မဟုတ်ကြောင်း၊ Dating Apps မှာ ဆွန်းမား ကြုံတွေ့နေရတာ ကလည်း ဒါနဲ့ တူညီတဲ့ ပြဿနာ ဖြစ်နိုင်ကြောင်း၊ ဆွန်းမားက ပုလွန်းနေလို့ ဖြစ်နိုင်ကြောင်း (တိုလွန်းနေလို့ ဖြစ်နိုင်ကြောင်း) ပွဲအပြီးမှာ နောက်ပြောင် ပြောကြားသွားခဲ့ပါတယ်။


ဘယ်လင်ဟမ် အတွက် မေလအတွင်း ဆွေးနွေးမယ့် ရီးရဲလ်နဲ့ ဒေါ့မန်

ရီးရဲလ်မက်ဒရစ်နဲ့ ဒေါ့မန် တို့ဟာ ကွင်းလယ်လူ ဂျူ့ဒ် ဘယ်လင်ဟမ် အတွက် လက်ရှိ မေလ အတွင်း တွေ့ဆုံ ဆွေးနွေးသွားဖို့ စီစဥ်ထားကြောင်း သိရှိရပါတယ်။

အသက် (၁၉) နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကြယ်ပွင့်ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်က ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒေါ့မန် နဲ့တော့ နောက်ဆုံး အဆင့် ပြောင်းရွှေ့ကြေး ညှိနှိုင်းရဦးမှာ ဖြစ်ပြီး ကနဦး ပြောင်းရွှေ့ကြေး ယူရို သန်း (၉၀) ၊ အပိုဆုကြေး ယူရို သန်း (၃၀) နဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်ထားပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဒေါ့မန်တို့ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေတာကို လေးစားတဲ့အနေနဲ့ မေလနှောင်းပိုင်းမှသာ ဒီအစည်းအဝေးကို စီစဥ်ခဲ့တာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိထားတဲ့ ဘယ်လင်ဟမ်

ရီးရဲလ်မက်ဒရစ်ဟာ ဒေါ့မန်တို့ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေတာကို လေးစားတဲ့ အနေနဲ့ မေလ နှောင်းပိုင်းမှသာ ဒီအစည်းအဝေးကို စီစဥ်ခဲ့တာ ဖြစ်ပါတယ်။

ဘယ်လင်ဟမ် ဘက်ကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ ပုဂ္ဂိုလ်ရေးအရ ကမ်းလှမ်းမှုတွေကို ကျေနပ် သဘောကျနေပြီး နှစ်သင်း အကြား ညှိနှိုင်းမှုတွေလည်း အဆင်ပြေချောမွေ့မယ်လို့ မျှော်လင့်နေပါတယ်။


လာမယ့် ရာသီမှာ ဘွန်ဒက်စ်လီဂါကို ရောက်ရှိလာနိုင်တဲ့ ဘာဆာ နောက်ခံလူ

ဘာစီလိုနာရဲ့ ညာနောက်ခံလူ ဆာဂျီနို ဒက်စ်ဟာ လာမယ့် ဘောလုံးရာသီမှာ ဘွန်ဒက်စ်လီဂါ ကလပ် ယူနီယံဘာလင်ကို အငှားနဲ့ လာရောက် ကစားဖွယ် ရှိနေကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ရီးရဲလ်မက်ဒရစ်
မန်ချက်စတာစီးတီး
1X2 းရဲလ်မက်ဒရစ် @ 2.85
ဂိုးပေါ် 2.75 @ 1.91
ဂိုးပေါင်း 0-1 @ 3.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အဆိုပါ အမေရိကန် လက်ရွေးစင် ကြယ်ပွင့်ဟာ လက်ရှိ ရာသီမှာ အေစီမီလန်ကို အငှားနဲ့ သွားရောက် ကစားနေပေမယ့် အီတလီမြေမှာ အဆင်မပြေဘဲ လာမယ့် ရာသီမှာ အသင်း ထပ်ပြောင်းရဖွယ် ရှိနေပါတယ်။ ဆာဂျီနိုဒက်စ် အနေနဲ့ ဒီရာသီမှာ အေစီမီလန် အတွက် (၂) ပွဲသာ ပွဲထွက်ခွင့် ရရှိထားပြီး အေစီမီလန်က သူ့ကို ပြောင်းရွှေ့ကြေး ယူရိုသန်း (၂၀) နဲ့ အပြီးသတ် ခေါ်ယူခွင့် ရှိနေသည့်တိုင်အောင် စိတ်ဝင်စားခြင်း မရှိဘူးလို့ သိရပါတယ်။

လက်ရှိအချိန် မှာတော့ ဆာဂျီနို ဒက်စ်က ယူနီယံဘာလင်နဲ့ အကြို သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပြီး ကစားသမား ကိုယ်တိုင် ကလည်း ဂျာမနီမြေမှာ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်သွားဖို့ ဆန္ဒ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်