နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရာသီကုန်မှာ ဂျူဗင်တပ်စ်ကို ပြန်ရဖို့ ရှိနေတဲ့ ကူလူဆက်ဗ်စကီး၊ ချန်ပီယံလိဂ်မှာ အင်တာမီလန် ဗိုလ်စွဲနိုင်တယ်လို့ ဆိုလိုက်တဲ့ အက်ဒရီယာနို (စီးရီးအေ နောက်ဆုံးရ သတင်းများ)

ရာသီကုန်မှာ ဂျူဗင်တပ်စ်ကို ပြန်ရဖို့ ရှိနေတဲ့ ကူလူဆက်ဗ်စကီး၊ ချန်ပီယံလိဂ်မှာ အင်တာမီလန် ဗိုလ်စွဲနိုင်တယ်လို့ ဆိုလိုက်တဲ့ အက်ဒရီယာနို အစရှိတဲ့ သတင်းတွေ အပါအဝင် မေလ ၁၃ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


နွေရာသီမှာ ဂျူဗင်တပ်စ်ကို ပြန်ရဖို့ ရှိနေတဲ့ ကူလူဆက်ဗ်စကီး

စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကနေ တော့တင်ဟမ်ဟော့စပါးကို အငှားနဲ့ သွားရောက် ကစားနေတဲ့ တိုက်စစ် ကစားသမား ဒီဂျန် ကူလူဆက်ဗ်စကီးဟာ လာမယ့် နွေရာသီမှာ မိခင် ကလပ်ကို ပြန်ရဖွယ် ရှိနေပါတယ်။

အဆိုပါ ဆွီဒင် လက်ရွေးစင် ကစားသမားဟာ နည်းပြဟောင်း အန်တိုနီယို ကွန်တီ လက်ထက်မှာ အဓိက, ကစားသမား အဖြစ်နဲ့ ပုံမှန် ခြေစွမ်းပြနိုင်ခဲ့သူပါ။ ဒါပေမယ့် နောက်ပိုင်း မှာတော့ သူ့ရဲ့ ခြေစွမ်းက သိသိသာသာ ကျဆင်းလာခဲ့ပြီး နွေရာသီ မှာတော့ ဂျူဗင်တပ်စ်ကို ပြန်ရဖွယ် ရှိနေတာ ဖြစ်ပါတယ်။

စပါးဟာ ကူလူဆက်ဗ်စကီးကို ပြီးခဲ့တဲ့ (၂၀၂၂) ဇန်နဝါရီလမှာ တစ်နှစ်ခွဲ အငှား စာချုပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး လာမယ့် နွေရာသီမှာ အငှားစာချုပ်က သက်တမ်း ကုန်ဆုံးတော့မှာပါ။ ကူလူဆက်ဗ်စကီးကို စပါးတို့ အပြီးသတ် ခေါ်ယူဖို့ အတွက်ပါ သဘောတူညီမှု ရရှိထားပေမယ့် လက်ရှိ အနေအထားတွေ အရတော့ အဆိုပါ ကစားသမားဟာ ဂျူဗင်တပ်စ်ကို ပြန်ဖို့ ရာခိုင်နှုန်း ပိုမို များပြားနေခဲ့တာ ဖြစ်ပါတယ်။


အင်တာမီလန် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်ကြောင်း အက်ဒရီယာနို ခန့်မှန်း

စီးရီးအေ ကလပ် အင်တာမီလန်နဲ့ ဘရာဇီး ဂန္တဝင် အက်ဒရီယာနိုက သူ့ အသင်းဟောင်း အနေနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်မှာ ဖြစ်ပြီး ဆုဖလားပါ ဆွတ်ခူးနိုင်စွမ်း ရှိကြောင်း ပြောကြားလိုက်ပါတယ်။

လက်ရှိမှာ အင်တာမီလန်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ မြို့ခံ ပြိုင်ဘက် အေစီမီလန်ကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိပြီး နောက်တစ်ဆင့် အတွက် အခြေအနေကောင်းလျက် ရှိပါတယ်။ ဒါကြောင့် စီးရီးအေ တိုက်စစ်မှူးဟောင်း အက်ဒရီယာနိုက အခုဆိုရင် အသင်း အနေနဲ့ ဒုတိယအကျော့ အတွက် မျှော်လင့်နိုင်ပြီ ဖြစ်ကြောင်း၊ အဲ့ဒီနောက် ဗိုလ်လုပွဲ အတွက် ဖြစ်ကြောင်း၊ အခုချိန်မှာ ဘာမှ မဆုံးဖြတ်ရသေးကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အင်တာမီလန်က ဘယ်အသင်းကို မဆို အနိုင်ယူနိုင်စွမ်း ရှိတယ်လို့ ယုံကြည်ကြောင်း၊ ခေါင်းမော့ ရင်ကော့ပြီး ဗိုလ်လုပွဲ ကျင်းပရာ အစ္စတန်ဘူလ်ကို သွားရောက်နိုင်ကြောင်း၊ ဗိုလ်လုပွဲမှာ ပြိုင်ဘက်က အရမ်းကို တောင့်တင်းနေပါစေဦး၊ ဘာမှကြောက်စရာ မရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။


အတ္တလန္တာ ကွင်းလယ်လူကို အပြိုင် ကြိုးပမ်းနေတဲ့ ဂျူဗီနဲ့ လစ်ဗာပူးလ်

ဂျူဗင်တပ်စ်နဲ့ လစ်ဗာပူးလ် တို့ဟာ အတ္တလန္တာ ကွင်းလယ်လူ တူအန် ကုမိုင်နာစ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားနေကြတယ်လို့ သိရပါတယ်။

လစ်ဗာပူးလ်ဟာ လာမယ့် နွေရာသီမှာ ကွင်းလယ်ပိုင်းကို မဖြစ်မနေ အင်အား ဖြည့်တင်းရတော့မှာ ဖြစ်ပြီး ဂျူ့ဒ် ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ မအောင်မြင်ခဲ့တဲ့နောက် အခုလိုပဲ စီးရီးအေ ကွင်းလယ်လူကို ပစ်မှတ်ထားလာခဲ့တာပါ။ ဒါပေမယ့်လည်း ကုမိုင်နာစ်ကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်တို့ ကြိုးစားနေပြီး ဒီအချက်က လစ်ဗာပူးလ် အတွက် ကြီးမားတဲ့ အဟန့်အတား ဖြစ်လာနိုင်ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။

အတ္တလန္တာ ကတော့ နယ်သာလန် ကွင်းလယ်လူ အတွက် ပြောင်းရွှေ့ကြေး ယူရို (၃၅) သန်းနဲ့ သန်း (၄၀) ကြား သတ်မှတ်ထားပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်