ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်း ကနေ နုတ်ထွက်ဖို့ စဉ်းစားနေတဲ့ ကော့တွိုက်စ်၊ ချူအာမန်နီ အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့တဲ့ လစ်ဗာပူးလ် စတဲ့ သတင်းတွေ အပါအဝင် ဇွန်လ ၂၃ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်း ကနေ နုတ်ထွက်ဖို့ စဉ်းစားနေတဲ့ ကော့တွိုက်စ်
လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ဂိုးသမား ကော့တွိုက်စ်ဟာ လက်ရွေးစင် အသင်းမှာ သူ့ကို အသင်းခေါင်းဆောင် လက်ပတ်မပေးခဲ့ဘဲ တိုက်စစ်မှူး လူကာကူ ကိုသာ ပေးအပ်ခဲ့တဲ့ အပေါ် ဒေါသထွက်နေတယ်လို့ သိရပါတယ်။ ဒ့ါအပြင် သူ့ရဲ့ ဂိုးနည်းပြ ဖြစ်သူကိုလည်း နည်းပြက ထုတ်ပယ်ခဲ့လို့ မကျေနပ်တဲ့ ပြသနာတွေလည်း ရှိလာခဲ့ပါတယ်။
သီဘို ကော့တွိုက်စ်က ဘယ်လ်ဂျီယံရဲ့ အသင်းခေါင်းဆောင် ၃ ဦး စာရင်းထဲမှာ ပါဝင်နေသူပါ။ ဒါပေမယ့် ယူရို ခြေစစ်ပွဲတွေမှာ လူကာကူ ကိုသာ နည်းပြက အသင်းခေါင်းဆောင် အဖြစ် သတ်မှတ်ပေးခဲ့လို့ ကော့တွိုက်စ်က စိတ်ပျက်လက်ပျက် ဖြစ်နေကာ အသင်းဖော်တွေနဲ့လည်း ပြသနာ တက်နေတယ်လို့ သိရပါတယ်။
အခု သူက လက်ရွေးစင် အသင်း ကနေပါ နုတ်ထွက်ဖို့ အတွက် စဉ်းစားလာခဲ့ပြီ ဖြစ်ပါတယ်။ အသင်းဖော် ကာရက်စ်ကို ကတော့ ကော်တွိုက်စ်ကို တော်တော်လေး စိတ်ပျက်မိတယ်လို့ လူသိရှင်ကြား ပြောဆိုခဲ့ပြီး အသင်းခေါင်းဆောင် လက်ပတ်က ဘာမှမဟုတ်ဘူး လို့လည်း ဆိုခဲ့ပါတယ်။
ချူအာမန်နီ အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့တဲ့ လစ်ဗာပူးလ်
ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အော်ရီလီယန် ချူအာမန်နီကို ပေါင် ၅၅ သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ပြင်သစ် ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ ရာသီကမှ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပြီး အသင်းရဲ့ အနာဂတ်လို့ သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။
အဆိုပါ ကစားသမားကို ပေါင် ၅၅ သန်းနဲ့ ကမ်းလှမ်းခဲ့တာက နည်းပါးတဲ့ စျေးနှုန်း လို့လည်း ယူဆရပါတယ်။ ဒါပေမယ့် လစ်ဗာပူးလ် ကတော့ ကစားသမားကို ခေါ်ယူနိုင်ဖို့ အတွက် အခွင့်အရေးတွေကို ရှာဖွေနေပြီး နောက်ထပ် ကမ်းလှမ်းမှုတွေ လုပ်ဆောင်မယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ရီးရဲလ် ကတော့ သူတို့ရဲ့ ကွင်းလယ်ပိုင်းမှာ ကာလရှည် ကစားပေးမယ့်သူ အဖြစ် ချူအာမန်နီကို သတ်မှတ်ထားတာပါ။ ကွင်းလယ် ခံစစ်ပိုင်း အတွက် ကြိုတင် ပြင်ဆင်ထားခဲ့တာ ဖြစ်ပြီး ထုတ်ရောင်းမယ့် ကစားသမားလည်း မဟုတ်ဘူးလို့ သိရပါတယ်။
အမ်ဘာပေးကို အလွတ်ထွက်ခွင့်ပေးမှာ မဟုတ်တဲ့ ပီအက်စ်ဂျီ
ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီဟာ တိုက်စစ်မှူး ကီလီယန် အမ်ဘာပေးကို အသင်း ကနေ အလွတ်နဲ့ ထွက်ခွင့်မပေးနိုင်ဘူးလို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ ဒါကြောင့် အမ်ဘာပေးကို အခု စျေးကွက် အတွင်းမှာပဲ ရောင်းချသွားမလား ဆိုတာ စောင့်ကြည့်ရတော့မှာပါ။
အမ်ဘာပေးနဲ့ အသင်း ဥက္ကဌ အယ်လ်ခီလိုင်ဖီတို့ မနေ့က ဆွေးနွေးမှုတွေ လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီ အနေနဲ့ အမ်ဘာပေး အတွက် ငွေကြေးရယူချင်တယ် ဆိုရင် အခုနွေရာသီမှာ ရောင်းချရမှာ ဖြစ်ပြီး မရောင်းချနိုင်ခဲ့ရင် ဇန်နဝါရီမှာ နှစ်သက်ရာ အသင်းနဲ့ အကြိုသဘောတူညီမှုတွေ ပြုလုပ်တာကို ခွင့်ပြုရတော့မှာပါ။
ပီအက်စ်ဂျီက ရီးရဲလ်မက်ဒရစ်ဆီ အမ်ဘာပေးကို ရောင်းချချင်တယ် လို့လည်း ဆိုပါတယ်။ ရီးရဲလ် ကလည်း အမ်ဘာပေးကို အလိုရှိနေတာ မှန်ပေမယ့် လက်ရှိအနေအထားအရ အမ်ဘာပေး အတွက် ယူရို သန်းရာနဲ့ချီကာ အသုံးပြုမှာ မဟုတ်ဘဲ အောက်စျေးနဲ့ နှိုက်ဖို့သာ ကြိုးစားမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.