နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ငလျင် နိမိတ် နိုင်ပွဲနဲ့ အတူ ဖာနန်ဒက်စ်ရဲ့ ကယ်တင်မှုကြောင့် ရလဒ်ဆိုးတွေ အောက်က ရုန်းထွက်နိုင်ခဲ့တဲ့ ယူနိုက်တက် (ပရီးမီးယားလိဂ် သတင်းများ)

စနေနေ့ညက ရန်ကုန်မြို့မှာ ရစ်ချ်တာစကေး ၅.၁ ရှိခဲ့တဲ့ ငလျင်လှုပ်ခတ်မှုဟာ မန်ချက်စတာယူနိုက်တက်ရဲ့ နိုင်ပွဲ အတွက် နိမိတ် ဖြစ်တယ်လို့ ပရိသတ်တွေ အကြားမှာ နောက်ပြောင်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ တကယ်လည်း သရဲနီတွေဟာ ဘန်လေကို အဝေးကွင်းမှာ အနိုင်ရသွားပြီး ပရီးမီးယားလိဂ် နိုင်ပွဲ ပြန်လည် ရရှိသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ရှုံးပွဲဆက်နေမှုကို ဘရူနို ဖာနန်ဒက်စ်က အဆုံးသတ်ပေးခဲ့ပြီး ပေါ်တူဂီ ကြယ်ပွင့်က အသင်းက ရုန်းကန်နေရတဲ့အချိန်တွေမှာ အားအကိုးရဆုံး ကစားသမား ဖြစ်ခဲ့သလို စနေနေ့ည နိုင်ပွဲမှာလည်း နောက်ထပ် တစ်ကြိမ် အသင်းကို ကယ်တင်ပေးခဲ့ပြန်ပါတယ်။

စီးရီးအေ
ဂျူဗင်တပ်စ်
လီချီ
1X2 သရေ (Draw) @ 3.75
ဂိုးအောက် 2.50 @ 1.89
ပထမပိုင်း ဂိုးပေါ် 1.00 @ 2.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပထမပိုင်း ၄၅ မိနစ်မှာ သွင်းယူခဲ့တဲ့ မြေမကျဘော ကန်ချက်က မန်ချက်စတာယူနိုက်တက်ရဲ့ ၃ ပွဲဆက် ရှုံးပွဲကို ရပ်တန့်စေဖို့ လုံလောက်ခဲ့ပြီး တန်ဟက်ရဲ့ အသင်းက အာဆင်နယ်၊ ဘရိုက်တန်၊ ဘေယန်မြူးနစ်တို့ကို ၃ ပွဲဆက် ရှုံးနိမ့်ခဲ့ရာမှာ ၁၀ ဂိုးအထိ ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။ ဘန်လေနဲ့ ပွဲမှာ အနိုင်ရခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်ဟာ ၁၉၈၉-၁၉၉၀ နောက်ပိုင်း ရာသီသစ်ကို အဆိုးရွားဆုံး စတင်မှုကနေ ပြန်လာနိုင်ခဲ့နိုင်ခဲ့တာပါ။

ဖာနန်ဒက်စ်ဟာ ၂၀၂၀ ဇန်နဝါရီမှာ စပို့တင်းလစ္စဘွန်းကနေ ပြောင်းလာတဲ့ အချိန်ကတည်းက ပြိုင်ပွဲစုံမှာ ၁၀ ပွဲသာ လွဲချော်ခဲ့ဖူးပါတယ်။ အဲဒီလွဲချော်ခဲ့တဲ့ပွဲတွေထဲက အများစု ကလည်း ပွဲပယ်ခံရတာကြောင့် ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီ ၆၂ ပွဲမှာ ၅၉ ပွဲ အထိ ပါဝင် ကစားပေးခဲ့ရာမှာ ၂ ပွဲထဲက ၁ ပွဲက ပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ရတာကြောင့် မပါဝင်နိုင်ခဲ့တာပါ။

ဘရူနို ဖာနန်ဒက်စ်ဟာ မန်ချက်စတာယူနိုက်တက် အတွက် ပရီးမီးယားလိဂ် ပွဲ ၁၃၀ မြောက်မှာ ၄၆ ဂိုးမြောက် ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ရုန်းကန်နေရတဲ့ အသင်းထဲက ကွင်းလယ် ကစားသမားတစ်ဦး အတွက်တော့ မယုံနိုင်စရာ သွင်းဂိုး အချိုး ဖြစ်ခဲ့သလို ဂိုးဖန်တီးမှု ကလည်း ၃၄ ကြိမ် အထိ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

ဘရူနို ဖာနန်ဒက်စ်ဟာ မန်ချက်စတာယူနိုက်တက် အတွက် ပရီးမီးယားလိဂ် ပွဲ ၁၃၀ မြောက်မှာ ၄၆ ဂိုးမြောက် ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက် အတွက် သွင်းဂိုး ၄၆ ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်တဲ့ ဖာနန်ဒက်စ်

ရက်ရှ်ဖို့ဒ်က ဖာနန်ဒက်စ် ရောက်ရှိလာတဲ့ အချိန်ကတည်းက ဂိုးပိုသွင်းထားတယ် ဆိုပေမယ့် အင်္ဂလန် တိုက်စစ်မှူးရဲ့ ခြေစွမ်းက ထိုးတက်လိုက်၊ ထိုးကျလိုက် ဖြစ်နေခဲ့တာပါ။

ပေါ်တူဂီ ကြယ်ပွင့် ကတော့ ဖြည်းဖြည်းနဲ့ ပုံမှန်ပဲ သွားနေခဲ့သလို ကြံ့ခိုင်မှုနဲ့ ဂိုးပါဝင် ပတ်သက်မှု အပိုင်းတွေမှာ အားထားရမှုက အဲရစ်ခ် တန်ဟက်ဂ် အနေနဲ့ ဒီနွေရာသီမှာ အသင်းခေါင်းဆောင် အဖြစ် ခန့်အပ်ခဲ့ရတဲ့ အဓိက အကြောင်းအရင်း ဖြစ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်လို အသင်းဟာ ကြီးမားတဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ထိပ်တန်း စွမ်းဆောင်ရည် ပြသနိုင်တဲ့ ကစားသမားမျိုးတွေကို လိုအပ်ပြီး ဖာနန်ဒက်စ်က တန်ဟက်ဂ်ရဲ့ လူစာရင်းထဲမှာ အဲဒီ အရည်အချင်း ၂ ခုစလုံး ပြသနိုင်တဲ့ ကစားသမား ဆိုရင် မှားမယ် မထင်ပါဘူး။

ဒီပွဲအပြီးမှာ ဘန်လေက ခရာဘောင်ဖလား ပွဲစဉ် အဖြစ် ဆဲလ်ဖို့ဒ်နဲ့ ကစားရဖို့ ရှိသလို ယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် ခရစ္စတယ်ပဲလေ့စ်နဲ့ ခရာဘောင်ဖလား ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်