နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟယ်ရီကိန်း ပြောတဲ့ ကစားသမားဘဝ ဒုတိယပိုင်း အကြောင်း (ဘွန်ဒက်စ်လီဂါ သတင်းများ)

ဟယ်ရီကိန်း တစ်ယောက် စနေ့နေ့ညက ကစားတဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ ဘေယန်မြူးနစ် အတွက် ဟက်ထရစ် သွင်းသွားတာကို မြင်ရတော့ သိပ်တော့လည်း မအံ့ဩမိပါဘူး။

ဘာကြောင့်လဲ ဆိုတော့ ကိန်းက စပါးမှာတောင် Deep Drop ကစားတယ်၊ ပံ့ပိုးမှုကောင်းကောင်း မရတာတောင် ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းဘုရင် ဖြစ်ဖို့ အမြဲတမ်း တာစူခဲ့တယ်။ တစ်ရာသီဂိုး (၃၀) က ပြေးမလွတ်ခဲ့ဘူး။ ဒီတော့ သူ ဘေယန်မြူးနစ်ကို ရောက်ချိန်မှာလည်း ဂိုးတွေ သွင်းမြဲ၊ ပိုသွင်းနိုင်မယ်လို့ ထင်ခဲ့ကြတယ်။ တကယ်တမ်းမှာလည်း အခုဆိုရင် ဟယ်ရီကိန်းက ဘွန်ဒက်စ်လီဂါ (၅) ပွဲ ကစားပြီးချိန်မှာ (၇) ဂိုး အထိ သွင်းယူပြီးသွားပါပြီ။

ဒီလိုမျိုး ပြောင်းလဲခြင်းရဲ့ အသီးအပွင့်ကိုလည်း ဟယ်ရီကိန်း သေချာပေါက် ခံစားရပါလိမ့်မယ်။ ဘေယန်မြူးနစ် ဆိုတာက ဘွန်ဒက်စ်လီဂါမှာ ပြိုင်ဘက် မရှိတဲ့ အသင်းတစ်သင်းပါ။
ဘေယန်မြူးနစ် အတွက် ၇ ပွဲ ကစားပြီး ၈ ဂိုးသွင်းထားတဲ့ ဟယ်ရီကိန်း

မနေ့ညက ဟက်ထရစ်နဲ့ အပါအဝင်ပေါ့။ နောက်ပြီး ဟယ်ရီကိန်းနဲ့ ပတ်သက်လို့ ချီးကျူးစရာ နောက်တစ်ချက်က သူ့ရဲ့ ဖန်တီးနိုင်စွမ်း မြင့်မားလာတာပဲ။ Big Chance Creation Rate တွေ တက်လာတာကို အားရဖွယ် မြင်တွေ့ရပြီး မနေ့ညက ဆိုရင် ဟက်ထရစ်ရတဲ့ အပြင် (၂) ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့သေးတယ်။ ဟယ်ရီကိန်း ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ပူပူနွေးနွေး ပြောခဲ့ဖူးတာ ရှိပါတယ်။

“ရော်နယ်ဒို၊ မက်ဆီတို့လို ကစားသမားတွေ ဒီအသက်အရွယ် အထိ ကောင်းကောင်း စွမ်းဆောင်ပြထားနိုင်တာ စိတ်ဓာတ် တက်ကြွစရာပါ။ ကျွန်တော့်ရဲ့ ကစားသမားဘဝ ပထမပိုင်းက ကောင်းမွန်ခဲ့ပါတယ်။ ဒုတိယပိုင်းက ပိုကောင်းလာနိုင်ပါတယ်” ဆိုပြီးတော့ပေါ့။ သူပြောတာကို ကျွန်တော်တို့ လက်ခံရပါလိမ့်မယ်။ ဟယ်ရီကိန်းက တစ်ဦးချင်း ဂိုးသွင်းစံချိန်တွေ၊ စွမ်းဆောင်ရည်ကောင်းတွေကို ပြသခဲ့ပြီးပါပြီ။ စပါးကို သူ ဘယ်လောက်အထိ သံယောဇဉ်ရှိလဲ ဆိုတာ မေးခွန်းထုတ်စရာတောင် မလိုပါဘူး။

စီးရီးအေ
အင်တာမီလန်
ဆာဆူအိုလို
1X2 အင်တာမီလန် @ 1.34
ဂိုးပေါ် 3.50 @ 2.11
ဂိုးပေါင်း 2-3 @ 2.25
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အဲ့ဒါကြောင့်လည်း အသင်းက ဆုဖလားတွေနဲ့ ဝေး၊ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲတာတောင် သူစိတ်ရှည်ရှည်နဲ့ တစ်ခုခု ဖြစ်လာနိုး စောင့်ခဲ့ပုံပါပဲ။ ဒါပေမယ့် အခု သူ့အသက်က (၃၀) တန်းကို ဝင်လာပါပြီ။ ပြောရရင် ကစားသမား တစ်ယောက်၊ တိုက်စစ်မှူး တစ်ယောက် အတွက် အချိန် သိပ်မကျန်တော့ပါဘူး။ နောက်တစ်နှစ်၊ နှစ်နှစ်လောက်ဆိုရင် ဒီအသက်အရွယ်နဲ့ တိုက်စစ်မှူးကို ခေါ်ယူမယ့် အသင်းကြီး၊ ဆုဖလား အာမခံချက်ရှိနေတဲ့ အသင်းကြီးက ရှားလာမှာပါ။ ဒီတော့ အချိန်ကိုက်ပဲ ဟယ်ရီကိန်းက ဘေယန်မြူးနစ်ကို ပြောင်းခဲ့ပါတယ်။ ဒီလိုမျိုး ပြောင်းလဲခြင်းရဲ့ အသီးအပွင့်ကိုလည်း ဟယ်ရီကိန်း သေချာပေါက် ခံစားရပါလိမ့်မယ်။ ဘေယန်မြူးနစ် ဆိုတာက ဘွန်ဒက်စ်လီဂါမှာ ပြိုင်ဘက် မရှိတဲ့ အသင်း တစ်သင်းပါ။

ဒီတော့ သူ့ရဲ့ ကစားသမားဘဝ အတွက် ပထမဆုံး ဆုဖလားကို ပထမဆုံး ရာသီမှာတင် ဘွန်ဒက်စ်လီဂါ ဖလား ဆွတ်ခူးနိုင်ဖို့ ဟယ်ရီကိန်း အတွက် သိပ်ခက်မယ် မထင်ပါဘူး။ ချန်ပီယံလိဂ်ပါ ဆွတ်ခူးနိုင်မယ် ဆိုရင်တော့ ဟယ်ရီကိန်း ပြောတဲ့ သူ့ရဲ့ ကစားသမားဘဝ ဒုတိယပိုင်းက စောစောစီးစီးကို အဖွင့်လှသွားပြီလို့တောင် ပြောနိုင်ပါလိမ့်မယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်