နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အင်တာမီလန်တို့ စကူဒက်တို ချန်ပီယံဆုကို တကျော့ပြန် စိန်ခေါ်နိုင်ဖို့ အခြေအနေ ကောင်းနေပြီလား? (စီးရီးအေ)

အင်တာမီလန်တို့ ဒီရာသီ စီးရီးအေ ချန်ပီယံဆုကို တစ်ကျော့ပြန် စိန်ခေါ်ဖို့ လုံလောက်နေပြီလားလို့ ပြောဖို့ စောနေသေးမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အချိန်ကာလအရပဲ စောနေတာပါ။ သူတို့ရဲ့ Mature ဖြစ်မှုတွေက ဒီရာသီ အမြင့်ဆုံးခရီးကို ဆန်တက်ဖို့ အဆင်သင့် ဖြစ်နေတယ်လို့ မြင်မိပါတယ်။

အင်ဇာဂီရဲ့ ပြောစကားအရတော့ အင်တာမီလန်တို့ ပြီးခဲ့တဲ့ ရာသီမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်ခဲ့တာက အသင်းကို တိုးတက်စေဖို့ အများကြီး ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါကလည်း အတိုင်းအတာတစ်ခုအထိ မှန်ကန်ပါတယ်။

ဥရောပပြိုင်ပွဲလို အနေအထားမျိုးမှာ ဘယ်အချိန်မှာ ရုန်းရမယ်၊ ဘယ်အချိန်မှာ စောင့်ရမယ် ဆိုတာ ရှိပါတယ်။ ဒါက တစ်ပွဲထိုး ဆိုပေမယ့် ဒီတစ်ပွဲထိုးကြားမှာမှ ချိန်သားကိုက် လှုပ်ရှားမှုတွေက အသက် တစ်မျှ အရေးကြီးလှပါတယ်။ ဒီအနေအထားကို ဆိုင်မွန် အင်ဇာဂီနဲ့ လက်ရှိ အသင်းသားတွေ အကောင်းဆုံး လုပ်ပြနိုင်ခဲ့တာ တွေ့ရမှာပါ။ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာတောင် မန်စီးတီးကို စနစ်တကျ တုံ့ပြန်နိုင်ခဲ့ပြီး ကံဆိုးလွန်းလို့သာ ချေပဂိုး မရလိုက်တာပါ။ အခု ဒီရာသီ စီးရီးအေ မှာတော့ အင်တာမီလန်တို့ ဒီအရှိန်ကို ဆက်ထိန်းရင်း ရှေ့ဆက်နေပါတယ်။ 

ပြီးခဲ့တဲ့ နွေရာသီမှာ အဓိကဂိုးသမား အိုနာနာကို လက်လွှတ်ခဲ့ရတယ်၊ ဒါပေမယ့် သူ့နေရာ ပြန်ဝင်လာတဲ့ ဆွမ်မားက အိုနာနာကို အင်တာမီလန် ပရိသတ်တွေ မေ့လျော့သွားအောင် စွမ်းဆောင်ပြနေပါတယ်။ လူကာကူကို ပြန်လိုချင်ခဲ့ပေမယ့် မားကပ်စ် သူရမ်ကိုပဲ ခေါ်ခဲ့တယ်။ ဒီပြင်သစ်သား ကလည်း အခုဆိုရင် လော်တာရို မာတီနက်ဇ်နဲ့ Luxury Duo ဖြစ်လာပါပြီ။ 

လာလီဂါ
ဗီလာရီးယဲလ်
ဂျီယိုနာ
1X2 သရေ (Draw) @ 3.35
ဂိုးပေါ် 3.25 @ 2.28
ဂိုးပေါင်း 2-3 @ 2.07
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အင်ဇာဂီက သူ့အသင်း အနေအထားကို သူ ကောင်းကောင်း သိမြင်ပြီး ကစားသမား တစ်ယောက်ချင်းစီရဲ့ လုပ်နိုင်စွမ်းကို သေချာစစ်ထုတ်နိုင်တာ တွေ့ရပါတယ်။ ဒီမာကို တို့လို ကစားသမားတွေ ထင်ပေါ်လာတာက အင်ဇာဂီရဲ့ စွမ်းဆောင်ရည် မသေးဘူး ဆိုတာကို ပြသနေပါတယ်။ 

အခုဆို အင်တာမီလန်တို့ စီးရီးအေ (၅) ပွဲ ကစားပြီးချိန်မှာ ရာနှုန်းပြည့် နိုင်ပွဲနဲ့ ထိပ်က ပြေးနေပါပြီ။ ဒီ (၅) ပွဲထဲမှာ မြို့ခံ ပြိုင်ဘက် အေစီမီလန်ကို ၅-၁ ဂိုးနဲ့ နိုင်တဲ့ ပွဲပါတယ်။ ဖီအိုရင်တီးနားကို လေးဂိုးပြတ်နဲ့ နိုင်တဲ့ ပွဲပါတယ်။ ဒီအချက်ကို ကြည့်ရင် အင်ဇာဂီ ပြောသလိုမျိုး သူ့အသင်းက ဘယ်လောက် အထိ ရင့်ကျက်လာတယ် ဆိုတာကို သက်သေပြနေသလိုပါပဲ။ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲမှာ ဆိုစီဒက်ကို သရေကျခဲ့ပေမယ့် သူတို့ အတွက် အုပ်စုချောင်နေတာကြောင့် နောက်တစ်ဆင့်က အရမ်းတော့လည်း မခက်ခဲနိုင်ပါဘူး။

ပြီးခဲ့တဲ့ ရာသီက စီးရီးအေမှာ နာပိုလီက တစ်သင်းတည်း ပြေးခဲ့ပါတယ်။ အခု အနေအထားအရလည်း အင်တာမီလန်တို့ တစ်သင်းတည်း ပြေးဖို့ ရာသီစတာနဲ့ ဒုန်းစိုင်း တာထွက်လာပါတယ်။ ကစားသမား အင်အား တောင့်တင်းတယ် ဆိုတာထက် ကစားခွင့်ရနေတဲ့ ကစားသမားတွေက အကောင်းဆုံး ပုံစံပြနေပြီး ဒီရာသီမှာလည်း အင်ဇာဂီနဲ့ အတူ အင်တာမီလန်ရဲ့ လုပ်နိုင်စွမ်းတွေကို ထပ်မံ မြင်တွေ့ရဦးမယ် ထင်ပါတယ်။

ဒါပေမယ့် ဘယ်လောက် အတိုင်းအတာထိ အောင်မြင်မှု ရမလဲ ဆိုတာတော့ ရာသီကုန်မှပဲ အဖြေပေါ်မှာ ဖြစ်တာကြောင့် အင်တာမီလန်ဟာ စောင့်ကြည့်မယ့် အသင်း တစ်သင်း အဖြစ်တော့ ရှိနေခဲ့ပါပြီ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်