နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကစားသမားဘဝ အဆုံးသတ်သလောက် ရှိသွားခဲ့တဲ့ ပေါ့ဘာ (စီးရီးအေ)

ပေါ့ဘာရဲ့ ကစားသမားဘဝ ကတော့ စုန်းစုန်းမြုပ်သွားပြီ လို့ပဲ ပြောရမှာပါ။ ဘာမဆိုင်၊ ညာမဆိုင်ဘဲ တားမြစ်ဆေး ကျရှုံးခဲ့သလို ဖြစ်ခဲ့ပေမယ့် ဒုတိယအကြိမ်ပါ ဆေးထပ်ကျတဲ့နောက် သူ့ဆီမှာ ဘာမှကို ငြင်းပိုင်ခွင့် မရှိတော့ပါဘူး။ အခုဆိုရင် စီးရီးအေ ကလပ် ဂျူဗင်တပ်စ်က သူ့ရဲ့ လစာငွေကို ဆိုင်းငံ့လိုက်တဲ့ အပြင် လေ့ကျင့်ရေး ကွင်းပါ မလာခိုင်းတော့ပါဘူး။ 

အဆိုးဆုံးက အသင်းဖော်တွေကိုတောင် သူနဲ့ မဆက်သွယ်ဖို့ အသင်း ဘက်က ထုတ်ပြန် ကြေညာထားတာ ဖြစ်ပါတယ်။ အခုဆိုရင် အယူခံပါ ထပ်ကျတဲ့ အတွက် အနည်းဆုံး တစ်နှစ် ကနေ လေးနှစ်အထိ ပေါ့ဘာ တစ်ယောက် ပွဲပယ်ခံရတော့မှာပါ။ 

ပြီးခဲ့တဲ့ တစ်ရာသီလုံး ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့နောက် ဒီရာသီမှာပါ ပေါ့ဘာ အတွက် ဂြိုဟ်ဆိုး ထပ်မွှေခဲ့တာပါပဲ။ ဒီကစားသမားက အကောင်းဆုံး အချိန်ကို ဖြတ်သန်းနိုင်ခဲ့တယ် ဆိုပေမယ့် တကယ်တမ်း အမြင့်ဆုံး ရောက်ရမယ့် အချိန်မှာ အရာအားလုံး ပျက်စီးသွားခဲ့တာပါ။ ယူနိုက်တက်မှာ ဆိုးရွားတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်၊ မန်ချက်စတာယူနိုက်တက်နဲ့ စီးရီးအေ အသင်းဟောင်း အကြား အကူးအပြောင်း ကာလတွေမှာ အကိုအရင်း ဖြစ်သူနဲ့ ပြဿနာတွေတက်ခဲ့တယ်။ သူ့ရဲ့ အောင်မြေဖြစ်ခဲ့တဲ့ စီးရီးအေကို ပြန်ရောက်ချိန်မှာလည်း ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး အခု နောက်ဆုံး ဆေးပါကျသွားခဲ့တာပါပဲ။ 

ယူအီးအက်ဖ်အေ ယူရို 2024
နယ်သာလန်
ပြင်သစ်
1X2 သရေ (Draw) @ 3.40
ဂိုးပေါ် 2.50 @ 1.93
ဂိုးပေါင်း 2-3 @ 1.82
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပထမအကြိမ် တားမြစ်ဆေးကျခဲ့တုန်းက ပေါ့ဘာ ဘက်မှာ ရပ်တည်ပေးတဲ့သူတွေ များပါတယ်။ ဒါပေမယ့် ဒုတိယအကြိမ် ငြင်းမရတဲ့ အဖြစ် ကတော့ ဘာမှမတတ်နိုင်တော့ပါဘူး။ ဂျူဗင်တပ်စ် ကလည်း “ငိုချင်လျက် လက်တို့” ဆိုသလိုမျိုး ပြီးခဲ့တဲ့ ရာသီကတည်းက ပေါ့ဘာကို ညစ်နေတာ ကနေ အခုတော့ အမှန်အကန် အခွင့်ကောင်းယူဖို့ပဲ ရှိပါတော့တယ်။ အေးဂျင့် ကလည်း အစောပိုင်းမှာ လေလုံးထွားခဲ့တာပါ။ ပေါ့ဘာကို ဆော်ဒီပို့ဖို့ ဒီတစ်ရာသီ စီးရီးအေမှာ သက်သေပြခိုင်းမယ်၊ ပြီးတဲ့နောက် ဆေးကျချိန်မှာလည်း ဒုတိယအကြိမ် ဆေးစစ်ပြီး အပြစ်ကင်းကြောင်း သက်သေပြမယ်တွေ ဘာတွေ စုံလင်ခဲ့တာပါ။ 

ဒါပေမယ့်လည်း အခုချိန်မှာတော့ ပေါ့ဘာကို စာချုပ်ဖျက်သိမ်းပေးဖို့ ဂျူဗင်တပ်စ်နဲ့ အေးဂျင့်တို့ ဆွေးနွေးရတော့မှာပါ။ ဂျူဗင်တပ်စ် ကတော့ စင်ပေါ်ကပဲ ရှိနေတော့မှာပေါ့။ ဒီကစားသမားရဲ့ ဘဝကလည်း တကယ်တမ်း သေချာတွေးကြည့်ရင် နှမြောဖို့ တော်တော်ကောင်းပါတယ်။ အရွယ်နဲ့ မလိုက်တဲ့ ခြေစွမ်းခြေစမျိုးကို ပြသရင်း ကမ္ဘာ့ဘောလုံးလောက ဇာတ်ခုံပေါ်ကို ရောက်ရှိလာခဲ့တယ်၊ ကမ္ဘာ့ဖလားလည်း ရဖူးပြီးသားပါ။ ဒါပေမယ့် ယူနိုက်တက်ကို ရောက်သွားကတည်းက တအိအိ ကျဆင်းလာခဲ့တာ၊ အခုဆိုရင် အနိမ့်ဆုံး ဆိုတဲ့ အနေအထားကိုပါ ရောက်ရှိသွားခဲ့ပါပြီ။ 

အနည်းဆုံး တစ်နှစ် ပွဲပယ်ခံရရင်တောင် ကစားသမား တစ်ယောက် အတွက် ဒီလိုမျိုး ပွဲဆက်ပြတ်မှုက ဆိုးရွားပါတယ်။ နောက်ပြီး ကစားသမားရဲ့ စိတ်ပိုင်းဆိုင်ရာကို ပြင်းပြင်းထန်ထန် ထိခိုက်မှာပါ။ ယေဘုယျအားဖြင့် ပြောရရင် ပေါ့ဘာက ဒီလောက်ကြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့၊ ရင်ဆိုင်နိုင်တဲ့ ကစားသမားမျိုး မဟုတ်ပါဘူး။ အသက်အရွယ် အားဖြင့်၊ ကြံ့ခိုင်မှုပိုင်းအရ သူ့ရဲ့ အနေအထားက တဖြည်းဖြည်း ဆိုးရွားလာခဲ့ပြီး ကစားသမားဘဝကို အဆုံးသတ်ဖို့ အထိ စိတ်ပိုင်းဖြတ်သွားတာမျိုးတောင် ဖြစ်လာနိုင်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်