နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရီးရဲလ်မက်ဒရစ် ဂန္ထဝင် အဖြစ်မှသည် သက်ကြားအိုရဲ့ အရန် အဖြစ်သို့ | ပရီးမီးယားလိဂ်

ကမ္ဘာ့အကောင်းဆုံး ဗဟိုခံစစ်မှူးဟောင်း တစ်ဦး ဖြစ်ခဲ့တဲ့ ရာဖေးလ် ဗာရန်းက ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက်မှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေသူ ဖြစ်ပါတယ်။ အရံ အဖြစ်နဲ့သာရှိနေတဲ့ နောက်ခံလူ ရာဖေးလ် ဗာရန်း ကတော့ သူ့ကို နည်းပြ အဲရစ်ခ် တန်ဟက်ဂ် အသုံးပြုနေတာက နည်းစနစ်ပိုင်းကြောင့် ဖြစ်တယ်ဆိုတာကို သူ နားလည်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူ့ဘက်က စောဒကတက်နေမှာ မဟုတ်ဘူးလို့လည်း ဗာရန်းက ဆိုပါတယ်။ ပြီးတော့ တန်ဟက်ဂ် လက်အောက်မှာ ဘယ်ကစားသမားမဆို အခွင့်အရေး ရှိတယ်လို့ ပြောဆိုခဲ့ပြီး ကိုယ့်ဘက်ကသာ ခြေစွမ်းပြနိုင်တယ် ဆိုရင် နေရာရဖို့ အတွက် ပူပန်စရာမလိုဘူး လို့လည်း ပြင်သစ် နောက်ခံလူက ပြောခဲ့ပါတယ်။

ယူနိုက်တက် ပရိသတ်တွေ ကတော့ ဗာရန်းရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်ကို သဘောကျနေပြီး အသင်းတွင်းမှာ ပြသနာ မရှိအောင်ပါ ဝါရင့်နောက်ခံလူက ထိန်းသိမ်းနိုင်စွမ်း ရှိတယ်လို့ ချီးကျူးနေကြပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ ဂန္ထဝင်ကစားသမား အဖြစ် ရှိခဲ့တဲ့ ဗာရန်းဟာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် အဓိက နောက်ခံလူ အဖြစ် ရှိနေခဲ့တာပါ။ ဒါပေမယ့် ဒီရာသီမှာတော့ ပုံမှန်ကစားခွင့် ရဖို့ကို ရုန်းကန်နေရတာ ဖြစ်ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်မှာ အခြားသော နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် ကလည်း ကာလရှည် အနားယူနေရပြီး ဟယ်ရီ မက်ဂွိုင်းယား၊ ဗစ်တာ လင်ဒီလော့ဖ်၊ ဂျွန်နီ အီဗန်စ်နဲ့ ဗာရန်း တို့ပဲ ကစားပေးနိုင်တာပါ။
ပွဲထွက်ခွင့်မရပေမယ့် တန်ဟက်ဂ်ကို အပြစ် မပြောခဲ့တဲ့ ဗာရန်း

ရီးရဲလ်မှာ ၁၀ ရာသီ ကစားခဲ့က ပွဲပေါင်း ၃၆၀၊ ချန်ပီယံလိဂ် ဖလား ၄ လုံး၊ လာလီဂါ ဖလား ၃ လုံးနဲ့ အခြား ဆုဖလားတွေ ရယူနိုင်ခဲ့တဲ့ ဗာရန်းက အခု ရုန်းကန်နေရပါတယ်။ ဒဏ်ရာ ပြသနာတွေလည်း ရှိနေပြီး သူ ကစားခွင့်ရဖို့ အတွက်ကို စောင့်ဆိုင်းနေရပါပြီ။ သူ့ထက် အသက်အရွယ် ပိုမို ကြီးရင့်ပြီး ရေတို ကာလအတွက် ဆိုပြီး ခေါ်ယူခဲ့တဲ့ အသက် ၃၅ နှစ်အရွယ် ဂျွန်နီ အီဗန်စ်ရဲ့နောက်မှာ လူစားဝင် ကစားသမား အဖြစ် ရှိနေတာက သူ့အတွက် တွေးကြည့်ရင် မကျေနပ်ချင်စရာပါပဲ။

လက်ရှိ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်မှာ အခြားသော နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် ကလည်း ကာလရှည် အနားယူနေရပြီး ဟယ်ရီ မက်ဂွိုင်းယား၊ ဗစ်တာ လင်ဒီလော့ဖ်၊ ဂျွန်နီ အီဗန်စ်နဲ့ ဗာရန်း တို့ပဲ ကစားပေးနိုင်တာပါ။ အဲဒီထဲမှာမှ ဗာရန်းက လေးဦးမြောက် ဦးစားပေးခံရသူ ဖြစ်နေပါပြီ။ မက်ဂွိုင်းယား ခြေစွမ်းပြန်ပြလာတာ၊ ဂျွန်နီ အီဗန်စ်က တန်ဟက်ဂ် သဘောကျအောင် ကစားနိုင်တာတွေ ကလည်း သူ့ကို အခုလို ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် သူကတော့ အပေါ်မှာ ပြောခဲ့သလို ပြေရာပြေကြောင်းပဲ ပြောခဲ့ပြီး ပြသနာတွေ မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းလုပ်နေပါတယ်။

နောက်တချက်က ရီးရဲလ်မက်ဒရစ်မှာ ဆာဂျီယို ရာမို့စ်နဲ့ တွဲဖက်ကစားခဲ့တဲ့ ဗာရန်းက ယူနိုက်တက်မှာ အဲလို အဆင့်အတန်းမျိုး ရှိတဲ့ ပါတနာနဲ့ တွဲဖက်ခွင့်မရခဲ့တာပါ။ ဒါကြောင့်လည်း သူ့ခြေစွမ်း ကိုပါ ထိခိုက်လာခဲ့ပြီး ရုန်းကန်ရလာတယ်လို့ ယူဆနေကြပါတယ်။ နာမည်ကျော် ဘောလုံး ဝက်ဘ်ဆိုက် GOAL ကတော့ “ ရီးရဲလ်မက်ဒရစ် ဂန္ထဝင်မှသည် ဂျွန်နီ အီဗန်စ်ရဲ့ အရန် ကစားသမား အဖြစ်သို့” ဆိုပြီး ခေါင်းစဉ်တပ် ရေးသားဖော်ပြမှု လုပ်ခဲ့ပါသေးတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်