နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေစစ်ပွဲတွေမှာ ခြေစွမ်းပြပြီးမှ ပြိုင်ပွဲကြီးနဲ့ လွဲချော်ရတော့မယ့် ဂါဗီ | ယူရို ၂၀၂၄

ပေါ်တူဂီ စပိန် ကွင်းလယ်လူ ဂါဗီကတော့ ညက ကစားခဲ့တဲ့ ဂျော်ဂျီယာနဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ဒူးအရွတ်စုတ်ပြဲ ဒဏ်ရာရပြီး ယူရို ပြိုင်ပွဲကြီးနဲ့ပါ လွဲချော်တဲ့ အထိ ဖြစ်သွားခဲ့ပါပြီ။ ဘယ်လို ရလဒ်ပဲ ထွက်ထွက် အသင်း အတွက် ဘာမှမထူးတော့တဲ့ ပွဲမျိုးမှာ ဝင်ကစားပြီး ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့တာပါ။ လပေါင်းများစွာ အနားယူရတော့မှာ ဖြစ်ပြီး ယူရို ခြေစစ်ပွဲလည်း အပြီး ပြိုင်ပွဲနဲ့လည်း လွဲတဲ့အဖြစ်ဆိုးကို ရင်ဆိုင်လိုက်ရပါပြီ။

ကွင်းအတွင်း ကနေ ခြေထောက် တစ်ချောင်းတည်းနဲ့ ထွက်သွားခဲ့ရပြီး မျက်ရည်တွေပါ ကျခဲ့ရတဲ့ အထိ ဂါဗီ တယောက် ခံစားနေခဲ့ရပါတယ်။ ဒဏ်ရာက အရမ်းစိုးရိမ်စရာ ကောင်းတယ်လို သိရပြီး ဖာရန်း တောရက်စ်က သူ ဂိုးသွင်း အပြီးမှာ ဂါဗီရဲ့ နံပါတ် ၉ ဂျာစီကို ကိုင်မြှောက် အောင်ပွဲခံပေးခဲ့ပါတယ်။ ဒါကို ကြည့်ရင် ကစားသမား အခြေအနေက ပိုပြီးတော့ သိသာပါတယ်။ ဂါဗီဟာ ဒဏ်ရာရပြီးနောက် ခြေထောက် တစ်ချောင်းတည်း ထောက်ပြီးတော့ကို လမ်းလျှောက်ခဲ့ရပြီး ဆိုးရွားတဲ့ ဝေဒနာကို ခံစားခဲ့ရပါတယ်။

ယူရို ၂၀၂၄ ခြေစစ်ပွဲ တလျှောက် အသင်း အတွက် ခြေစွမ်းပြပြီး ကစားပေးခဲ့ပြီးကာမှ ပြိုင်ပွဲကြီးကို သူမပါဝင်နိုင်တော့တဲ့ အဖြစ်က တွေးကြည့်ရင် အရမ်း နာကျင်စရာ ကောင်းပါတယ်။
စပိန် အတွက်ရော ဘာစီလိုနာ အတွက်ပါ နစ်နာခဲ့ရတဲ့ ဂါဗီရဲ့ ဒူးဒဏ်ရာ

ဒါဟာ နည်းပြ ကိုပဲ အပြစ်တင်ရမလား၊ ဖျက်ထုတ်ပုံကြမ်းတဲ့ ပြိုင်ဘက် ကစားသမား ကိုပဲ အပြစ်တင်ရမလား မသိတော့အောင်ပါပဲ။ ဒီလိုပွဲမှာ အရန် ကစားသမားတွေ ထုတ်သုံးတာ၊ ကစားကွက် စမ်းသပ်တာမျိုးတွေကို လုပ်လေ့ရှိကြပြီး အဓိက ကစားသမားတွေကို အနားပေးတတ်တာမျိုးပါ။ အခုတော့ နည်းပြက ပြီးခဲ့တဲ့ ဆိုက်ပရပ်စ်နဲ့ ပွဲက လူစာရင်းမှာ နေရာ ၉ ခုကို အပြောင်းအလဲ လုပ်ခဲ့ပေမယ့် ဂါဗီ ကိုတော့ ပုံမှန်အတိုင်း ကစားစေဖို့ရာ လုပ်ခဲ့ပြီး ဒီလို ကံဆိုးမှုကို ရင်ဆိုင်ခဲ့ရတာပါ။

ကံဆိုးတာ ကတော့ ဂါဗီက ဒဏ်ရာ အပြင်းအထန်ရပြီး စပိန်ရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ နိုင်ပွဲဟာ ပျော်စရာ မကောင်းခဲ့တာပါပဲ။ ဘာစီလိုနာ အတွက်လည်း အရမ်း နစ်နာခဲ့ရပြီး အဓိက ကစားသမားကို လပေါင်းများစွာ လက်လွှတ်ထားရပါတော့မယ်။ ပြန်ကစားနိုင်ချိန်မှာ အရင်လို ပုံစံ ပြန်ရဖို့ ကိုပဲ မနည်း အားထုတ်ရဦးမှာ ဖြစ်ပြီး ဂါဗီ တစ်ယောက် စိတ်ဓာတ် အကြီးအကျယ် ကျပြီး စိတ်ပျက်ဖွယ် နေ့ရက် ပေါင်းများစွာကို ကျော်ဖြတ်နေရပါတော့မယ်။ ယူရို ၂၀၂၄ ခြေစစ်ပွဲ တလျှောက် အသင်း အတွက် ခြေစွမ်းပြပြီး ကစားပေးခဲ့ပြီးကာမှ ပြိုင်ပွဲကြီးကို သူမပါဝင်နိုင်တော့တဲ့ အဖြစ်က တွေးကြည့်ရင် အရမ်း နာကျင်စရာ ကောင်းပါတယ်။ ကစားသမား တစ်ဦး အတွက် မြက်ခင်းစိမ်းပေါ်မှာ ရှိမနေဘဲ အိပ်ယာပေါ် ပက်လက်လှန်ပြီး အချိန်တွေ ကုန်ဆုံးရမှာ ကလည်း စိတ်မသက်မသာ ဖြစ်စရာပါ။ ဒါကြောင့်လည်း ACL ဆိုတဲ့ ဒူးအရွတ် စုတ်ပြဲ ဒဏ်ရာ ရမှာကို ကစားသမားတိုင်းလိုလို သေမတတ် ကြောက်ကြပါတယ်။ ဂါဗီ ကတော့ အရမ်းကို ကံဆိုးပြီးတော့ ဒီဒဏ်ရာကို ရရှိခဲ့ကာ ပုံမှန်အတိုင်း ပြန်ကစားနိုင်ဖို့ ကိုပဲ သူ အာရုံစိုက်ပြီး အားထုတ်ရပါတောာ့မယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်