နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နိုင်ငံတကာပွဲတွေကြောင့် အထိနာခဲ့တဲ့ ရီးရဲလ်မက်ဒရစ် | လာလီဂါ

လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ် အတွက်တော့ နိုင်ငံတကာပွဲတွေဟာ ဘာစီလိုနာ နည်းတူ ဒေါသထွက်စရာ ဖြစ်ခဲ့ရပါပြီ။ ဘာစီလိုနာ ကွင်းလယ်လူ ဂါဗီက စပိန် အတွက် ကစားပေးရင်း ဒူးအရွတ် စုတ်ပြဲ ဒဏ်ရာရလို့ ၆ လကနေ ၈ လ အထိ အနားယူရမှာပါ။ ဒီအတွက် ထိုးနှက်ချက်က ကြီးမားခဲ့ပါတယ်။ ဒါပေမယ့် ဘာဆာ ကမှ တော်သေးတယ်လို့ ပြောလို့ရပါတယ်။ ဘာလို့လဲ ဆိုရင် ရီးရဲလ်မက်ဒရစ် ကတော့ အဓိက ကစားသမား ၃ ဦး အထိ ဒဏ်ရာရပြီး အသင်းကို ပြန်ရောက်လာလို့ပဲ။ ပွဲထွက် ကစားသမား ၁၁ ဦး စာရင်းထဲက ၃ ဦး အထိ ဒဏ်ရာရခဲ့လို့ လာလီဂါ ကလပ်ရဲ့ နည်းပြ ကာလို အန်ဆယ်လော့တီလည်း တိုင်ပတ်ပါတော့မယ်။

ပြင်သစ် ကွင်းလယ်လူ ကာမာဗင်ဂါ၊ ဘရာဇီးလ် ကစားသမားတွေ ဖြစ်တဲ့ ဗင်နီစီးယက်စ် ဂျူနီယာနဲ့ ရိုဒရီဂိုတို့ ဒဏ်ရာတွေ အသီးသီးရခဲ့တာပါ။ ကာမာဗင်ဂါ ဆိုရင် ပြင်သစ် အတွက် မကစားပေးရဘဲ လေ့ကျင့်ကွင်းမှာတင် ဒဏ်ရာရခဲ့တာပါ။ ဗီနီစီးယက်စ် ကတော့ အခြေအနေ ဆိုးပါတယ်။ နှစ်ကုန်အထိတောင် အနားယူရဖို့ ရှိနေပြီး ရိုဒရီဂို ကတော့ ဒူးဒဏ်ရာ ပြသနာနဲ့ ပြန်ရောက်လာခဲ့ပါတယ်။ တချိန်တည်းမှာပဲ အားထားရတဲ့ ကွင်းလယ်လူ ဂျူ့ဒ် ဘယ်လင်ဟမ်က ပခုံး ဒဏ်ရာရနေလို့ အင်ပြည့်အားပြည့် ကစားပေးနိုင်ဦးမှာ မဟုတ်သေးပါဘူး။ ဒီတော့ တိုက်စစ် အားသန် ကစားသမားတွေ မရှိတော့တဲ့ ရီးရဲလ်ဟာ အစွယ် မရှိတဲ့ ကျားအို တစ်ကောင်နှယ် ဖြစ်နေပါပြီ။

သူတို့ အသင်းရဲ့ သွင်းဂိုး အများစုကို ဗင်နီစီးယက်စ်၊ ရိုဒရီဂိုနဲ့ ဘယ်လင်ဟမ် တို့က သွင်းပေးနေတာပါ။ အခု ၃ ယောက်စလုံး ဒဏ်ရာတွေ ရနေလို့ ဟိုဆေးလူ တစ်ဦးတည်းပဲ တိုက်စစ်မှာ ရှိပါတော့တယ်။ ဒီလူကလည်း ပုံမှန် ခြေစွမ်းရှိသူ မဟုတ်ပါဘူး။ အန်ဆယ်လော့တီ အတွက်တော့ အကြီးအကျယ် ခေါင်းခြောက်စရာပါပဲ။ နိုင်ငံတကာပွဲတွေကို နည်းပြတွေ အပြစ်တင်တာလည်း မပြောပါနဲ့။ သူတို့ ကစားသမားတွေက သွားကစားပြီး ပြန်လာရင် ဂျိုနဲ့ သားရေပဲ ကျန်တော့တယ်လို့ကို ပြောရမလို ဖြစ်နေတာပါ။ ဖီဖာ ဆီက ရမယ့် လျော်ကြေးက နည်းနည်း၊ ကစားသမားကို ဆေးကုပေးရတာ၊ လက်လွှတ်ထားရတာတွေနဲ့ ပြန်တွက်ကြည့်ရင် မကာမိပါဘူး။

အခုဆိုရင် လာလီဂါ ထိပ်သီးတို့ ဘယ်လိုလုပ်မလဲ ဆိုတာ တွေးပူနေရပါပြီ။
၂၃ ဦး လူစာရင်းထဲက ၉ ဦးကို ဒဏ်ရာကြောင့် အနားပေးထားရမယ့် ရီးရဲလ်မက်ဒရစ်

အခုဆို အဓိကကစားသမား တစ်ဦးက တစ်ရာသီကို ပွဲပေါင်း ၅၀နဲ့ အထက် ကစားပေးနေရတယ်။ ပြီးရင် အနားယူရချိန်က ခဏလေးပါ။ ရာသီကြို ခြေစမ်းပွဲတွေ ပြန်စ၊ ပြန်ကန်၊ ဒီလိုမျိုး ပွဲဆက်တွေ များလာချိန် ထိခိုက် ဒဏ်ရာရတာ ကလည်း လွယ်လာပါတယ်။ တော်ရုံ ဒဏ်ရာ မရတဲ့ ကစားသမားတွေတောင် ကွင်းထဲ ပစ်လဲနေတာပါ။ သတ်မှတ်လိုက်တဲ့ ဥပဒေအသစ်ကြောင့် နာကျင် အချိန်ပိုပေးတာတွေ ကလည်း များလာပြီး တစ်ပွဲကို မိနစ် ၁၀၀ လောက် ကစားနေရပါသေးတယ်။ တွက်ကြည့်ရင် ဒီကစားသမားတွေလည်း မလွယ်ပါဘူး။ အတိုင်းအတာ တစ်ခုကို ကျော်လွန်သွားချိန်မှာ ဒဏ်ရာ ပြသနာတွေနဲ့ တွေ့တော့တာပါပဲ။

အခုဆိုရင် လာလီဂါ ထိပ်သီးတို့ ဘယ်လိုလုပ်မလဲ ဆိုတာ တွေးပူနေရပါပြီ။ တိုက်စစ်ပိုင်း အရမ်း အားနည်းနေပြီ ဖြစ်ပြီး ကွင်းလယ်မှာလည်း ခရူးစ်နဲ့ မိုဒရစ် တို့လို ဝါရင့်တွေနဲ့ ကျားကန်ရမယ့်ပုံပါ။ ချူအာမန်နီ ပြန်ကစားနိုင်ပြီ ဆိုပေမယ့် ကြံ့ခိုင်မှု ပြသနာက ရှိနေပါသေးတယ်။ ပြင်သစ်အတွက်လည်း သူ မကစားပေးခဲ့ပါဘူး။ ဒါမျိုးကို လာမယ့်ရာသီတွေ၊ နှစ်တွေမှာလည်း ဘယ်အသင်းမဆို ကြုံတွေ့ရဦးမှာပါ။ ကစားသမားတွေ ဆိုလည်း ညည်းတွားနေပါပြီ။ ပွဲတွေ ဒီလောက် များပြားနေတာကို လျှော့ချဖို့ရာ နည်းလမ်းကို ရှာမလား၊ ဒါမှမဟုတ် ကလပ်နဲ့ နိုင်ငံအသင်း အကြား ပွတ်တိုက်မှုတွေကို လက်ပူတိုက်ပြီးတော့ပဲ ဖြေရှင်းနေဦးမှာလား ဆိုတာ သူတို့ ရွေးချယ်ရတော့မှာပါ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်