နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေစွာနေတဲ့ ငှက်ကြားတွေကို ဆုံးမခဲ့တဲ့ အဲဗာတန်၊ ၅ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့တဲ့ စပါး | ပရီးမီးယားလိဂ်

ရာနှုန်းပြည့် နိုင်ပွဲတွေနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ခဲ့တဲ့ စပါးတို့ အခုဆိုရင် နိုင်ပွဲမရတာ ငါးပွဲ ဆက်တိုက် ရှိသွားခဲ့ပါပြီ။

ဒီရာသီ အစောပိုင်းမှာ အင်မတန်မှကို ကြောက်စရာ ကောင်းခဲ့တဲ့ တော့တင်ဟမ်ဟော့စပါး၊ အများရဲ့ မျှော်လင့်ခြင်းခံခဲ့ရတဲ့ တော့တင်ဟမ်ဟော့စပါးတို့ ဒီလောက်အထိ အခြေအနေ ဆိုးသွားခဲ့တာကို ပရိသတ်တွေ ယုံနိုင်မှာတောင် မဟုတ်ပါဘူး။ အန်ဂျီ ပိုစတီကိုဂလူးရဲ့ အသင်းက ယူနိုက်တက်နဲ့ လစ်ဗာပူးလ်ကို အနိုင်၊ မန်စီးတီးနဲ့ အာဆင်နယ်ကို သရေကစားခဲ့တယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကမှ မန်စီးတီးကို နိုင်မလို ကစားရင်း သရေကျခဲ့ပြီး အခု ကြားရက် အိမ်ကွင်း မှာတော့ ဝက်စ်ဟမ်းကို ရှုံးနိမ့်သွားခဲ့ပါတယ်။ အဓိက,ကစားသမား အချို့ ဒဏ်ရာနဲ့ မပါဝင်ချိန်မှာ ပိုစတီဂလူး တစ်ယောက် သူ အလျင်အမြန် တည်ဆောက်ထားခဲ့တဲ့ ရဲရင့်မှု၊ တည်ငြိမ်မှုတွေ အားလုံး ပျက်စီးသွားခဲ့ပါတယ်။ ပိုစတီဂလူးက လုပ်ရဲ ကိုင်ရဲတဲ့ နည်းပြ တစ်ယောက်ပါ။ သူ့ကစားဟန်မှာ ဘယ်ကစားသမားကို မဆို သွပ်သွင်းဖို့ အဆင်သင့် ရှိနေပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်း တင်းပြည့် ကျပ်ပြည့် ကစားသမားတွေ နာချိန်မှာတော့ သူလည်း ဒါကို အပြည့်အဝ ခံစားရပါတယ်။ ဒီလို အခြေအနေမှာလည်း စပါးက အရင်အတိုင်း မပြောင်းလဲဘဲ High Defense Line ကစားဆဲ၊ ကစားမြဲပါ။

ပရီးမီးယားလိဂ်
ဖူလ်ဟမ်
ဝက်စ်ဟမ်း ယူနိုက်တက်
1X2 ဖူဟမ် 2.33
ဖူဟမ် အာရှ ဟန်းဒီးကပ် 0.00 @1.74
ဂိုးပေါ် 2.25 @ 1.63
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘာကွာသွားလဲ ဆိုတော့ ကစားသမားတွေရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ လုပ်ရဲကိုင်ရဲမှုတွေ ကွာသွားပါတယ်။ တောက်လျှောက် နိုင်ပွဲ မရတဲ့ အသင်း တစ်သင်းက ဒါမျိုးဖြစ်တာ မဆန်းပါဘူး။ ဒါပေမယ့် ပရီးမီးယားလိဂ် ၅ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ထွက်သွားတာကြီးက တော်တော်လေး အခြေအနေ ဆိုးပါတယ်။

နယူးကာဆယ် ကလည်း ခေတ်သစ် ဝေသန္တာလို လုပ်နေသလား မပြောတတ်ပါဘူး။ ချဲလ်ဆီး၊ အာဆင်နယ်၊ ယူနိုက်တက် တို့ကို ဆက်တိုက်နိုင်ခဲ့တဲ့ အသင်းက အဲဗာတန်နဲ့ အတွေ့မှာ ဂိုးပြတ် ရှုံးခဲ့ပါတယ်။ ဒီကြားထဲ ဘုန်းမောက်နဲ့ ဘရိုက်တန် ကိုလည်း ဂိုးပြတ် ရှုံးထားပါသေးတယ်။ အဲဗာတန် ကလည်း အမှတ်လျော့ခံရပြီးကတည်းက စိတ်ဓာတ် တစ်ခုတည်းနဲ့ ပရီးမီးယားလိဂ်နဲ့ ဒိုင်တွေကို ခံတိုက်နေတဲ့ ပုံစံပါပဲ။ အမှတ်လျော့ခံရပြီးနောက်ပိုင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၃) ပွဲမှာ ယူနိုက်တက် ကိုပဲ ရှုံးနိမ့်ခဲ့ပြီး နော်တင်ဟမ်ဖောရက်စ်၊ အခု နယူးကာဆယ် တို့ကို နိုင်ခဲ့ပါတယ်။

နယူးကာဆယ်ရဲ့ ရှုံးပွဲနဲ့ ပတ်သက်လို့တော့ အများကြီး ပြောစရာ မရှိပါဘူး။ နယူးကာဆယ်ဟာ ကော်ကောင် အသင်း တစ်သင်း ဖြစ်လာခဲ့ပြီ ဆိုပေမယ့် ဒီလိုပွဲမျိုး၊ ဒီလို ခြေစွမ်းမျိုးတွေက မြင်တွေ့နေရဦးမှာပါ။ ဒါဟာ အသင်းကြီး တစ်သင်းရဲ့ Identity နဲ့ Character ကို မတည်မဆောက်နိုင်မချင်း ကြုံတွေ့နေရမယ့် ပြဿနာပါ။ အရပ်သုံးစကားနဲ့ ပြောရရင်တော့ အမှတ်လှူတာပေါ့။ အင်မတန်ကို ရှုပ်ထွေးပွေလီတဲ့ ဂေဟစနစ်ထဲမှာ နယူးကာဆယ်က ဆော်ဒီလူမျိုး ပိုင်ရှင်တွေနဲ့ ကျင်လည်နေရတာ ဖြစ်ပါတယ်။

ငွေသုံးလည်းခက်၊ မသုံးလည်း ခက်ပါ။ ဒါပေမယ့် ဒီရှုံးပွဲ အတွက်တော့ နယူးကာဆယ်ကို အပြစ်တင်ဖို့လည်း ခက်ပါတယ်။ ဒါက အလယ်အလတ် အသင်း တစ်သင်း၊ အခုမှ Elite ကို တက်ဖို့ ကြိုးစားနေဆဲ အသင်း တစ်သင်း အတွက် မထူးဆန်းဘူးလို့ပဲ ပြောရမှာပါ။

သေချာတာ ကတော့ အဲဗာတန်ဟာ ရမှတ် လျှော့ခံရပေမယ့် တစ်သင်းလုံး မခံချင်စိတ်နဲ့ ကြိုးစားရင်း အခုဆိုရင် တန်းဆင်းဇုန်ထဲ ကနေ ရုန်းထွက်ပြနိုင်ခဲ့ပါပြီ။ ထို့အတူ ဝက်စ်ဟမ်း ကလည်း လူသိပ်ပြီး သတိမထားမိပေမယ့် တောက်လျောက် ရလဒ်ကောင်းတွေ ရရှိနေမှုကို ထိန်းထားနိုင်ဆဲ ဖြစ်ပြီး တော့တင်ဟမ်ဟော့စပါးလို အသင်းကို အဝေးကွင်းမှာ အနိုင်ယူပြခဲ့တာ ကတော့ တကယ့်ကို ချီးကျူးရမယ့် စွမ်းဆောင်မှုပဲ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်