နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရာသီအကုန်မှာ တိုက်စစ်နဲ့ ခံစစ် အင်အားဖြည့်တင်းရတော့မယ် ယူနိုက်တက် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် ကနေ ဂီတာဖေး အသင်းထံ အငှားနဲ့ သွားရောက် ကစားနေတဲ့ မေဆန် ဂရင်းဝုဒ် ကိုတော့ လာလီဂါနဲ့ စီးရီးအေ ကလပ်တွေ အပြင် ပရီးမီးယားလိဂ် ကလပ်တွေ ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အသက် ၂၂ နှစ် အရွယ် ယူနိုက်တက် အကယ်ဒမီထွက် အင်္ဂလန် တိုက်စစ်မှူးကို ဘာစီလိုနာ၊ အက်တလက်တီကိုမက်ဒရစ်နဲ့ ဂျူဗင်တပ်စ် တို့က စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ လက်တလော မှာတော့ ဂရင်းဝုဒ်ရဲ့ ခြေစွမ်းကြောင့် ပရီးမီးယားလိဂ် ထိပ်သီး အသင်း တော်တော်များများ ကလည်း မျက်စိကျလာခဲ့ပြီး ကစားသမား အနေနဲ့ သူ့ရဲ့ အနာဂတ်ကို သူ့ဘာသာ ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ အရည်အသွေးမြင့် တိုက်စစ် ကစားသမား တစ်ဦး ဖြစ်သလို ဗန်ပါစီ လက်သစ်လို့တောင် ချီးကျူးခြင်း ခံခဲ့ရပေမယ့် အတူနေ ချစ်သူကို ကိုယ်ထိလက်ရောက် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မိခဲ့တာကြောင့် ကာလရှည်ကြာ အချုပ်ကျခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက် ကစားသမားဘဝလည်း ပျက်စီးခဲ့ရပြီး လာလီဂါ အသင်း တစ်သင်း ဖြစ်တဲ့ ဂီတာဖေးဆီ အငှားနဲ့ သွားရောက် ကစားခဲ့ရတာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ ယူနိုက်တက်မှာ ၁၂၉ ပွဲ ကစားပြီး ၃၅ ဂိုး သွင်းယူပေးခဲ့သလို ဂီတာဖေးကို ရောက်ရှိချိန်မှာလည်း ၂၇ ပွဲကစား၊ ၈ ဂိုးသွင်း၊ ၅ ဂိုးဖန်တီးထားပါတယ်။

တစ်ဆက်တည်းမှာပဲ မန်ချက်စတာယူနိုက်တက်ဟာ အထောင်တိုက်စစ်မှူး ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပြီး ဘရန့်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနေးက အကောင်းဆုံး ပစ်မှတ် ဖြစ်လာနိုင်တယ်လို့ ဖာဘရီဇီယို ရိုမာနိုက သုံးသပ်ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ဟာ လက်ရှိ အသင်းမှာ ရက်စ်မက်စ် ဟွိုက်ဂျ်လန်း ရှိနေပေမယ့် လာမယ့် နွေရာသီမှာ အထောင်တိုက်စစ်မှူး တစ်ဦး ခေါ်ယူ အားဖြည့်ချင်နေပြီး အိုင်ဗန် တိုနေးနဲ့လည်း သတင်းတွေ ထွက်လာခဲ့ပြန်တာပါ။ ယူနိုက်တက်ဟာ ရော်နယ်ဒိုနဲ့ လမ်းခွဲပြီးနောက် နယ်သာလန် တိုက်စစ်မှူး ဗက်ဂ်ဟော့စ်ကို ခေါ်ယူခဲ့ပေမယ့် နှစ်သက် သဘောကျခြင်း မရှိလို့ ပြန်လွှတ်ခဲ့ပြီး အတ္တလန္တာ ကနေ ဟွိုက်ဂျ်လန်းကို အရခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဟွိုက်ဂျ်လန်းက ယူနိုက်တက် အတွက် တစ်ပွဲထက် တစ်ပွဲ အားထားရတဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်ကြောင်း သက်သေပြလာနိုင်ပေမယ့် သူ့ရဲ့ ကြံခိုင်မှုနဲ့ မကြာခဏ ဆိုသလို ဒဏ်ရာရနေတာကြောင့် ယူနိုက်တက်က တိုက်စစ်မှူး တစ်ဦး ထပ်မံ အားဖြည့်ချင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အန်တိုနီ မာစီရယ်လ် ကလည်း အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မှာ ဖြစ်တာကြောင့် ဟွိုက်ဂျ်လန်း တစ်ဦးတည်းသာ ကျန်ရှိတော့မှာပါ။

အိုင်ဗန် တိုနေးက အစောပိုင်းမှာ ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်၊ ချဲလ်ဆီး တို့လို အသင်းတွေကို ပြောင်းရွှေ့ဖို့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပေမယ့် လက်ရှိ မှာတော့ ဘရန့်ဖို့ဒ်မှာပဲ ဆက်ရှိနေပါတယ်။ အသက် ၂၈ နှစ် အရွယ် အင်္ဂလန် တိုက်စစ်မှူးက ဘရန့်ဖို့ဒ် အတွက် ၁၃၄ ပွဲ ကစားပေးထားပြီး ၇၂ ဂိုး သွင်းယူပေးထားပါတယ်။

တစ်ဆက်တည်း ရရှိထားတဲ့ အသင်းတွေ အရဆိုရင်တော့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဝါရင့် ခံစစ်မှူး ဂျွန်နီ အီဗန့်စ်ဟာ ဒီနှစ် ဘောလုံး ရာသီအကုန်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘဝ ကနေ အနားယူတော့မယ်လို့ သိရပါတယ်။ အသက် ၃၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မြောက်အိုင်ယာလန် ကစားသမားက ယူနိုက်တက်ရဲ့ လူငယ် အကယ်ဒမီထွက် ဖြစ်ပြီး ၂၀၀၆-၂၀၁၅နဲ့ လက်ရှိ ၂၀၂၃ ခုနှစ်မှာ နှစ်ကြိမ်တိုင်တိုင် ယူနိုက်တက် အတွက် ကစားပေးထားသူ ဖြစ်ပါတယ်။

ယူနိုက်တက် အတွက် ၂၀၀၆ ကနေ ၂၀၁၅ အထိ ပြိုင်ပွဲစုံ ၁၉၈ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ဒုတိယအကြိမ် ပြန်လာချိန်မှာတော့ ၂၄ ပွဲ ကစားပေးထားပါတယ်။ ဒါ့အပြင် ဖာဂူဆန်ရဲ့ အချစ်တော် ကစားသမား ဖြစ်တဲ့ အီဗန့်စ်ဟာ ယူနိုက်တက်နဲ့ အတူ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ ခရာဘောင်နဲ့ ကလပ် ကမ္ဘာ့ဖလားတွေ ရရှိခဲ့သူ ဖြစ်ပါတယ်။

အကယ်၍ အီဗန့်စ်သာ အနားယူသွားရင်တော့ ယူနိုက်တက်တို့ ရာသီအကုန်မှာ ဗဟိုခံစစ်မှူး နှစ်ဦးလောက် ထပ်မံ အင်အားဖြည့်တင်းဖို့ လိုအပ်တော့မှာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်