နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မူဒရစ်ခ်ရဲ့ နောက်ကျဂိုးနဲ့ ခြေစစ်ပွဲ အောင်ခဲ့တဲ့ ယူကရိန်း | ယူရို ၂၀၂၄

ယူကရိန်း ၂-၁ အိုက်စလန်

နောက်ထပ် ယူရို ၂၀၂၄ ခြေစစ်ပွဲ ပလေးအော့ဖ် ဗိုလ်လုပွဲ အဖြစ် ယူကရိန်းနဲ့ အိုက်စလန်တို့ ပိုလန် နိုင်ငံက Tarczyński Arenaမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ယူကရိန်းက ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ယူကရိန်းဟာ အိုက်စလန်ကို ခန့်မှန်းထားတဲ့ အတိုင်း ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ချဲလ်ဆီး ကြယ်ပွင့် မူဒရစ်ခ်ရဲ့ နောက်ကျဂိုးကြောင့်သာ ဂျာမနီ နိုင်ငံကို သွားခွင့် လက်မှတ်ရသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ယူကရိန်းက လူနင်၊ မက်တိဗ်ယန်ကို၊ ဇဘာညီ၊ မိုင်ကိုလန်ကို၊ ကိုနိုပလီယာ၊ ဘရက်ဇ်ခို၊ ဆူဒါကော့ဗ်၊ မယ်လင်နော့ဗ်စကီး၊ ဆီဂန်ကော့ဗ်၊ မူဒရစ်ခ်၊ ယာရမ်ချက်ခ် တို့နဲ့ ပွဲထွက်ခဲ့ပြီး ဇင်ချန်ကို ကတော့ အရန်လူစာရင်းမှာပဲ ပါဝင်ခဲ့ပါတယ်။ အိုက်စလန် ကတော့ အစ္စရေးလ်ကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲက လူစာရင်းကို နှစ်နေရာသာ အပြောင်းအလဲ လုပ်ပြီး ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်းဟာ ကြယ်ပွင့် ကစားသမားတွေ ရှိတဲ့ အသင်းပီပီ တစ်ဦးချင်း ခြေစွမ်းကို အားပြုကစားခဲ့ပြီး အိုက်စလန် ကတော့ ထုံးစံ အတိုင်း အသင်းလိုက် စုစည်းမှု အားကောင်းကောင်းနဲ့ ယူကရိန်းကို ရင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းက ခြေသာပြီး ပိုမို တောင့်တင်းတဲ့ အသင်း ဖြစ်ပေမယ့် အိုက်စလန် ကလည်း သူတို့ ဘယ်လောက် အဆိပ်ပြင်းတယ် ဆိုတာကို ပွဲချိန် မိနစ် ၃၀ မှာ ဦးဆောင်ဂိုး သွင်းပြီး သက်သေပြနိုင်ခဲ့ပါတယ်။ ဒီဂိုးကိုတော့ ဂျီနိုအာ တိုက်စစ်မှူလေး ဂတ်ဒ်မန်ဆန်က ယူကရိန်း ကစားသမားတွေကို လုပ်ချင်တိုင်းလုပ် လှည့်ချင်တိုင်း လှည့်ပြီး ၁၈ ကိုက်စည်း ထိပ် ကနေ အမှတ်မထင် ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရပေမယ့် ယူကရိန်းတို့ တည်တည်ငြိမ်ငြိမ် ထိထိရောက်ရောက် တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။ ဆူဒါကော့ဗ်ရဲ့ ကန်ချက် ကောင်းပေမယ့် အိုက်စလန် ဂိုးသမား ဗလာဒီမာဆင် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သလို ယာရမ်ချက်ခ်လည်း ဂိုးသွင်းနိုင်ခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာတော့ လူကျွံနေခဲ့လို့ ယူကရိန်းတို့ နစ်နာခဲ့ရပါတယ်။ 

အဲ့နောက် ဒုတိယပိုင်းမှာတော့ အိုက်စလန်က ခံစစ်ကို အထိုင်ချပြီး တန်ပြန် တိုက်စစ်ကိုသာ အားပြုသွားခဲ့လို့ ယူကရိန်းတို့ စိတ်ကြိုက် ကစားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၅၄ မိနစ် မှာတော့ ယူကရိန်းတို့ ချေပဂိုး ရသွားခဲ့ပြီး ဒီဂိုး ကိုတော့ ဆူဒါကော့ဗ် ကန်တင်ပေးလိုက်တာကို ဆီဂန်ကော့ဗ်က တစ်ကိုယ်တော် ဆွဲပြေးပြီး ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒီကြားထဲ ယူကရိန်း နောက်တန်းရဲ့ လွဲချော်မှုတွေကြောင့် အိုက်စလန်တို့ တန်ပြန်တိုက်စစ်ကနေ အခွင့်အရေးတွေ ရခဲ့ပြီး လူနင်ရဲ့ ကာကွယ်မှုကြောင့် သွင်းဂိုး အဖြစ်တော့ ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါဘူး။ ပွဲချိန် ၈၄ မိနစ် အရောက် မှာတော့ မီခိုင်လို မူဒရစ်ခ်က ယူကရိန်း အတွက် အရေးပါတဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာတော့ အဝါရောင်တွေ ၂-၁ ရလဒ်နဲ့ အနိုင်ရကာ ယူရို ၂၀၂၄ ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပါတယ်။

ယူကရိန်းဟာ ယူရို ပြိုင်ပွဲကို ၂၀၁၂၊ ၂၀၁၆နဲ့ ၂၀၂၀ တို့မှာ ခြေစစ်ပွဲ အောင်မြင်ခဲ့ဖူးပြီး ဒီတစ်ကြိမ်နဲ့ ဆိုရင် ၄ ကြိမ်မြောက် ဖြစ်ပါတယ်။ ဒါကြောင့် ယူကရိန်းဟာ ဘယ်လ်ဂျီယံ၊ ဆလိုဗက်ကီးယား၊ ရိုမေးနီးယားတို့ ပါဝင်တဲ့ အုပ်စု ကနေ ယူရို ၂၀၂၄ ပြိုင်ပွဲ ကစားရတော့မှာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က တစ်ကြိမ် ခြေစစ်ပွဲ အောင်မြင်ထားတဲ့ အိုက်စလန် ကတော့ ပြိုင်ပွဲ နှစ်ကြိမ်ဆက် ခြေစစ်ပွဲ မအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ 

ယူကရိန်းဟာ ယူရို ၂၀၂၄ မတိုင်ခင် လာမယ့် ဇွန်လမှာ ဂျာမနီ၊ ပိုလန်၊ မော်လ်ဒိုဗာ တို့နဲ့‌ ခြေစမ်းပွဲ ကစားဦးမှာ ဖြစ်ပါတယ်။ အိုက်စလန် ကတော့ လာမယ့် စက်တင်ဘာလမှ နေးရှင်းလိဂ် ပွဲစဉ်တွေ ကစားရဖို့ ရှိပြီး ဇွန်လမှာ အင်္ဂလန်၊ နယ်သာလန် တို့နဲ့ ခြေစမ်းမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်