နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချာတူးလန် ခြေစွမ်းနဲ့ ကံကောင်းလို့ သရေတစ်မှတ် ရလိုက်တဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

ဘရန့်ဖို့ဒ် – မန်ချက်စတာယူနိုက်တက်

ဒီကနေ့ မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ မန်ချက်စတာယူနိုက်တက် တို့ရဲ့ ပွဲစဉ် ကတော့ တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဘရန့်ဖို့ဒ်ဟာ ယူနိုက်တက်ကို ခြေစွမ်းပိုင်း အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ယူနိုက်တက်တို့ ကံကောင်းလို့သာ သရေတစ်မှတ် ရခဲ့တာ ဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်က ဒီနေ့ပွဲမှာ အိုင်ဗန် တိုနေး ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ဝစ်ဆာ၊ ယန်ဆန်၊ ဂျနဲလ်၊ ယာမိုလ်ယွတ်ခ်၊ လီဝစ် ပေါ်တာ၊ ရိုဝါဆလက်ဗ်၊ အယား၊ ကောလင်းန်၊ ဒန်ကာ၊ ဖလက်ကန် တို့နဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် ဘက်မှာ‌တော့ အိုနာနာ၊ ဗာရန်း၊ လင်ဒီလော့ဖ်၊ ဒါးလော့တ်၊ ဘစ်ဆာခါ၊ မက်တော်မီနေး၊ မိန်းနူး၊ ဖာနန်ဒက်စ်၊ ဂါနာချို၊ ရက်ရှ်ဖို့ဒ်၊ ဟွိုက်ဂျ်လန်း တို့နဲ့ လူစုံခဲ့ပါတယ်။

ဘရန့်ဖို့ဒ်ဟာ ပွဲစကတည်းက အိုင်ဗန် တိုနေးရဲ့ အတိုးအလှုပ်တွေနဲ့ ယူနိုက်တက် ခံစစ်ကို အလုပ်ပေးနိုင်ခဲ့ပြီး ယူနိုက်တက် နောက်ခံလူ ၃ ယောက်၊ ၄ ယောက် လိုက်ထိန်းနေတဲ့ ကြားက ဒီကစားသမားက ဒုက္ခပေးနိုင်ခဲ့တာပါ။ ဆက်စပ်ပြီး ပြောရရင် ဒီလို ခြေစွမ်းမျိုး ရှိတဲ့ တိုက်စစ်မှူး တစ်ဦးကို ယူနိုက်တက်တို့ ခေါ်ချင်နေကြောင်း သတင်းတွေ ထွက်နေတာ မမှားပါဘူး။ တကယ်တမ်းလည်း ခေါ်ယူသင့်တဲ့သူပါ။

ဘရန့်ဖို့ဒ်ဟာ ယူနိုက်တက်ကို နည်းမျိုးစုံနဲ့ တိုက်စစ်ဆင်နိုင်ခဲ့ပြီး အဆုံးသတ်သာ ကောင်းရင်၊ အိုနာနာသာ မကယ်ရင် ယူနိုက်တက်တို့ စောစောစီးစီး ဂိုးတွေ ပေးရမှာ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်ဟာ တစ်ပွဲလုံး အတိုင်းအတာနဲ့ ယူနိုက်တက် ဂိုးပေါက်ကို ၃၁ ကြိမ် အထိ ခြိမ်းခြောက်နိုင်ခဲ့ပြီး ဂိုးပေါက် တည့်မှုကတော့ ၅ ကြိမ်သာ ရှိခဲ့ပါတယ်။ ယူနိုက်တက် ကတော့ ၁၁ ကြိမ် ဂိုးပေါက် ကန်သွင်းရာမှာ ၅ ကြိမ် တည့်ခဲ့ပြီး သွင်းဂိုး ၁ ဂိုး ရခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ မိနစ် (၉၀) ပြည့်လို့ နာကျင် အချိန်ပို ရောက်မှ ယူနိုက်တက်တို့ မေဆင်မောင့်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ ဒါပေမယ့်လည်း ယူနိုက်တက်တို့ အပျော်တွေ ကြာရှည်မခံခဲ့ပဲ နောက် (၃) မိနစ်အကြာမှာ ဘရန့်ဖို့ဒ် နောက်ခံလူ အယားရဲ့ ချေပဂိုးကို ပြန်လည် ခွင့်ပြုလိုက်ရပါတယ်။ ဒါကြောင့် သရဲနီတို့ ပျားတုပ်သွားပြီး အဝေးကွင်းမှာ သရေနဲ့သာ ကျေနပ်ခဲ့ရတာပေ။ ယူနိုက်တက် အတွက် ကတော့ စပါး၊ ဗီလာတို့ နိုင်ပွဲရရှိသွားချိန်မှာ ဒီလိုမျိုး ခြေချော်ခဲ့တာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်က ပိုမိုဝေဝါးသွားခဲ့ပြီလို့ပဲ ဆိုရပါမယ်။

ပွဲအပြီးမှာ ယူနိုက်တက် နည်းပြ တန်ဟက်ဂ်က “ကျွန်တော်တို့ ပွဲအတွင်းမှာ အခုထက်ပိုတဲ့ စိတ်အားထက်သန်မှုမျိုးနဲ့ လိုချင်တောင့်တမှုမျိုးကို အများကြီး ပြသရမှာပါ။ ကစားပုံ မကောင်းသည့်တိုင်အောင် အနိုင်ရဖို့ လိုအပ်ပြီး ကျွန်တော်တို့ ဒါကို အချိန်မီ မလုပ်နိုင်ခဲ့ပါဘူး။ ဒါက တိုက်ပွဲဝင် စိတ်ဓာတ် တစ်ခုပါ။ တိုက်ပွဲတော့ ဝင်ခဲ့ကြပေမယ့် လုံလောက်မှုတော့ မရှိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

လစ်ဗာပူးလ်လို အသင်းကို အက်ဖ်အေဖလား ကနေ ဖြုတ်ချနိုင်ခဲ့လို့ ဝမ်းသာနေခဲ့တဲ့ ယူနိုက်တက် ပရိသတ်တွေ အတွက်တော့ စိတ်ပျက်စရာပါပဲ။ ယူနိုက်တက်ဟာ လစ်ဗာပူးလ်နဲ့ ပွဲမှာ ကြောက်ထခဲ့သလောက် အခု ပရီးမီးယားလိဂ်ပွဲ မှာတော့ ချာလွန်းခဲ့ပါတယ်။ ဒီပုံအတိုင်း ဆက်ကစားနေရင် ယူနိုက်တက်ရဲ့ အနာဂတ်က မတွေးရဲစရာ ဖြစ်သလို တန်ဟက်ဂ်လည်း နောက်ရာသီ ဆက်ရှိနေဖို့ မသေချာတော့ဘူးလို့ပဲ ပြောရမှာပါ။ ဘရန့်ဖို့ဒ်ဟာ လာမယ့် ဧပြီ ၄ ရက်နေ့မှာ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရဖို့ ရှိပြီး ယူနိုက်တက် ကတော့ ချဲလ်ဆီးနဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်