နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လစ်ဗာပူးလ်ကို နှစ်ပွဲဆက် နိုင်ပွဲ ပျောက်စေခဲ့တဲ့ ဝက်စ်ဟမ်း | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

ဝက်စ်ဟမ်း – လစ်ဗာပူးလ်

မနေ့ညက ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ လစ်ဗာပူးလ်တို့ရဲ့ ပွဲစဉ် ကတော့ အကြိတ်အနယ် ကစားပြီး တစ်ဖက် နှစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရှုံးပွဲ တွေ့ခဲ့လို့ ချန်ပီယံ ပြေးလမ်းကနေ ထွက်ခွာလာခဲ့ရတဲ့ လစ်ဗာပူးလ် အတွက် ဒီသရေပွဲက ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ အဝေးကို ရောက်သွားဖို့ သေချာစေခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ဝက်စ်ဟမ်းက သူတို့ရဲ့ ကစားဟန် အတိုင်း ၄-၂-၃-၁ နဲ့ ပွဲထွက်ခဲ့သလို လစ်ဗာပူးလ် ကလည်း ၄-၃-၃ နဲ့ပဲ ခင်းကျင်းလာခဲ့ပါတယ်။ ဝက်စ်ဟမ်း ဘက်မှာ အာရီယိုလာ၊ အော့ဂ်ဘွန်နာ၊ ဇူးမား၊ အီမာဆင်၊ ကူဖယ်၊ အဲလ်ဗာရက်ဇ်၊ ဆိုချက်ခ်၊ ပက်ကေးတား၊ ဘိုဝင်၊ ကူဒု့စ်၊ အန်တိုနီယို တို့ ပွဲထွက်ခဲ့ပါတယ်။ လစ်ဗာပူးလ် ဘက်မှာတော့ အလီဆွန်၊ ကွန်ဆာ၊ ဗန်ဒိုက်ခ်၊ ရော်ဘတ်ဆန်၊ အာနိုးလ်၊ အန်ဒို၊ မက်အယ်လစ္စတာ၊ ဂရာဗန်ဘက်ချ်၊ ဂတ်ခ်ပို၊ အဲလီယော့တ်၊ ဒီးယက်ဇ် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ထူးထူးခြားခြားပဲ အဓိက တိုက်စစ်မှူး နှစ်ဦး ဖြစ်တဲ့ မိုဟာမက် ဆာလာနဲ့ ဒါဝင် နူညက်ဇ် ကိုတော့ ကလော့ပ်က အရံခုံ ပို့ထားခဲ့တာ ဖြစ်ပါတယ်။

ထုံးစံအတိုင်း လစ်ဗာပူးလ် ကပဲ အဝေးကွင်းမှာ လာရောက် ကစားရပေမယ့် ပြိုင်ဘက် အသင်းရဲ့ ကွင်းတစ်ဝက်လောက် အထိ တက်ကာ ဖိအားပေးနိုင်ခဲ့ပါတယ်။ အစောပိုင်းမှာ လူးဝစ် ဒီးယက်ဇ်ရဲ့ ကန်ချက် တစ်ကြိမ် တော်တော်လေး ကောင်းမွန်ခဲ့ပေမယ့် တိုင်ထိထွက်သွားခဲ့လို့ လစ်ဗာပူးလ်တို့ နစ်နာခဲ့ရပါတယ်။ ဒီလိုနဲ့ အပြန်အလှန် ဖိအားပေးနေရင်း ကနေ ပွဲချိန် ၄၃ မိနစ် မှာတော့ အိမ်ရှင် ဝက်စ်ဟမ်းတို့ ဦးဆောင်ဂိုး ရသွားခဲ့ပြီး ဒဏ်ရာက ပြန်လာတဲ့ ဘိုဝင်က ထောင့်ကန်ဘော က တစ်ဆင့် ခေါင်းတိုက် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဂရာဗင်ဘက်ချ်ရဲ့ ကန်ချက် ကလည်း ကောင်းမွန်ခဲ့ပေမယ့် ချေပဂိုး အဖြစ် မပြောင်းလဲနိုင်ခဲ့လို့ ၁-၁ ရလဒ်နဲ့ ပထမပိုင်း ပြီးခဲ့ပါတယ်။

ဒုတိယပိုင်းမှာ‌တော့ လစ်ဗာပူးလ်က တိုက်စစ် ပိုမြှင့်လာခဲ့ပြီး ၄၈ မိနစ်မှာ အန်ဒီ ရော်ဘတ်ဆန်က ဒီးယက်ဇ်ရဲ့ ပေးပို့မှု ကနေ လှလှပပ ကန်သွင်းကာ ချေပဂိုး ရယူပေးနိုင်ခဲ့ပါတယ်။ ဂိုးရခဲ့ပြီးနောက် ပွဲကို ပိုမို ထိန်းချုပ်လာနိုင်တဲ့ လစ်ဗာပူးလ်တို့ ဝက်စ်ဟမ်း ခံစစ်ကို အကြိမ်ကြိမ် ကျော်ဖြတ်ဖို့ ကြိုးစားခဲ့ပြီး ဂရာဗန်ဘက်ဂျ် အပိုင်အခွင့်အရေး တစ်ကြိမ် ဖြုန်းခဲ့သလို အာနိုးလ်ရဲ့ ကန်ချက်လည်း ကောင်းပေမယ့် အာရီယိုလာ ကာကွယ်နိုင်ခဲ့လို့ လစ်ဗာပူးလ်တို့ ဂိုးမရပဲ ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် ၆၅ မိနစ်မှာတော့ လစ်ဗာပူးလ်တို့ ဦးဆောင်ဂိုး ရသွားခဲ့ပြီး ဂတ်ခ်ပိုရဲ့ ဂိုးပေါက် မတည့်တဲ့ ကန်ချက်က ဝက်စ်ဟမ်း နောက်ခံလူတွေနဲ့ ထိကာ လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့လို့ ကံကောင်းသွားခဲ့ပါတယ်။ ဒီဂိုး ကိုတော့ ဂိုးသမား အာရီယိုလာရဲ့ OG အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

အဲ့ဒီနောက် လစ်ဗာပူးလ်တို့ တတိယဂိုး ဖြစ်စေမယ့် အခွင့်အရေး ရခဲ့ပေမယ့် ဂိုးသမား အာရီယိုလာရဲ့ လက်စွမ်းပြမှုကြောင့် အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ ပွဲချိန် မိနစ် ၈၀ နီးပါး လောက်မှာတော့ ဒေးဗစ် မွိုက်စ်ရဲ့ အိမ်ရှင် ဝက်စ်ဟမ်းက ပွဲကို ပြန်လည် လွှမ်းမိုးခဲ့ပြီး ချေပဂိုးလည်း ရယူနိုင်ခဲ့ပါတယ်။ ဘိုဝင်ရဲ့ ဖန်တီးပေးမှုကို အန်တိုနီယိုက ခေါင်းတိုက် အဆုံးသတ်ခဲ့တာ ဖြစ်ပြီး လစ်ဗာပူးလ် နောက်ခံလူတွေရဲ့ ပေါ့ဆမှုက လစ်ဗာပူးလ် အတွက် အမှတ်လျော့စေခဲ့တယ်လို့ပဲ ဆိုရပါမယ်။ ပွဲပြီးဖို့ ၁၀ မိနစ်လောက် အလိုမှာ ကလော့ပ်က အရံခုံတန်း ပို့ထားခဲ့တဲ့ မိုဟာမက် ဆာလာ၊ ဒါဝင်နူညက်ဇ်၊ ဂိုးမက်ဇ်၊ ဆဘို့ဇ်လိုင်း တို့ကို ထည့်သွင်းခဲ့ပေမယ့် ဘာမှမထူးခြားတော့ပဲ ၂-၂ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။ အဲလီယော့တ်ရဲ့ ကန်ချက်လည်း ဂိုးဘားတန်း ထိခဲ့လို့ လစ်ဗာပူးလ်တို့ နစ်နာခဲ့ရတာပါ။ ကွင်းထဲမှာလည်း မိုဟာမက် ဆာလာနဲ့ ကလော့ပ်တို့ အကြီးအကျယ် ငြင်းခုံ စကားများခဲ့သေးပြီး အဝတ်လဲခန်းထဲ အရောက်မှာတော့ ပြန်လည် ပြေလည် သွားခဲ့တယ်လို့ သိရပါတယ်။

လစ်ဗာပူးလ်တို့ ဘာဖြစ်သွားတာလဲလို့ မေးရင် အရေးကြီးတဲ့ အချိန်မှာ မထင်မှတ်ပဲ ရှုံးပွဲ တွေ့သွားခဲ့ခြင်းက ဂယက်ရိုက်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ဒီနေ့ပွဲမှာလည်း ကစားသမားတွေရဲ့ နိုင်ပွဲ ရလိုစိတ်ကို မမြင်တွေ့ခဲ့ရပဲ၊ နေရာစုံမှာ အမှားအယွင်းတွေ ရှိနေခဲ့ပါတယ်။ နောက်ပြီး အပိုင်အခွင့်အရေးတွေ ရခဲ့ပေမယ့် အဆုံးသတ် အားနည်းသလို ကံလည်း ဆိုးခဲ့လို့ လစ်ဗာပူးလ်တို့ သရေ တစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

လစ်ဗာပူးလ် ကတော့ လက်ရှိမှာ ပရီးမီးယားလိဂ် ဇယားထိပ်က အာဆင်နယ်နဲ့ မန်စီးတီး တို့ထက် ပွဲပိုတွေ ကစားထားပြီး အမှတ်ပြတ်နေပြီ ဖြစ်တာကြောင့် အဆင့် ၃ နဲ့ပဲ ဂိတ်ဆုံးရဖို့ များနေပါပြီ။ ကျွဲစိမ်းနဲ့ ပွဲသိမ်းမယ့် ကလော့ပ်ရဲ့ အသင်းက လာမယ့် တစ်ပတ်မှာ ပရီးမီးယားလိဂ် အဓိက ပြိုင်ဘက် အသင်း တစ်သင်း ဖြစ်တဲ့ စပါးနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဒီခြေစွမ်း၊ ဒီ စိတ်ဓာတ်နဲ့ဆို လစ်ဗာပူးလ်တို့ အိမ်ကွင်းမှာ သရေ တစ်မှတ်လောက်ပဲ မျှော်လင့်လို့ ရနိုင်မယ့် အခြေအနေ ဖြစ်ပါတယ်။ ဝက်စ်ဟမ်း ကတော့ လာမယ့် တစ်ပတ် တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ အဖြစ် ချဲလ်ဆီးနဲ့ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်