နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆက်စ်ကိုကို ခေါ်ချင်ရင် ငွေပိုသုံးရမယ် ဆိုတဲ့ လိုက်ပ်ဇစ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် တို့ဟာ ဒီနွေရာသီမှာ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကလပ်တွေ အနေနဲ့ ဆက်စ်ကိုကို ခေါ်ယူချင်ရင်တော့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးချေရဖို့ ရှိနေပြီး အကယ်၍ မပေးချေနိုင်ဘူး ဆိုရင်တော့ အခွင့်အရေး လုံးဝ ရမှာ မဟုတ်ကြောင်း လိုက်ပ်ဇစ်က ကြေညာထားပါတယ်။

လာမယ့် နွေရာသီမှာ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်နဲ့ စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်ခ်တာ ဂိုကီးရက်စ် တို့ကို ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ လောက် အသုံးပြုရဖို့ ရှိနေတာကြောင့် ဆက်စ်ကိုကို နောက်ထပ် ရွေးချယ်မှု အဖြစ် သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။ ဆက်စ်ကို အတွက် ကိုတော့ ခေါ်ယူချင်နေတဲ့ ပရီးမီးယားလိဂ် ကလပ်တွေ အနေနဲ့ ယူရို သန်း ၅၀ (ပေါင် ၄၂ သန်း) ပေးချေရမယ်လို့ သိထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယခုအခါ ဂျာမနီ Sky Sports ရဲ့ ဖော်ပြချက် အရ ဆက်စ်ကို အနေနဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပိုမို ပြသလာနိုင်တာကြောင့် လိုက်ပ်ဇစ် ဘက်က စာချုပ်ဖျက်သိမ်းကြေးကို ယူရို သန်း ၅၀ အစား ယူရို ၆၅ သန်း (ပေါင် ၅၆ သန်း) အဖြစ် ပြောင်းလဲလိုက်ကြောင်း သိရပါတယ်။

ဒါ့အပြင် စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို ၇၅ သန်း (ပေါင် ၆၄ သန်း) အထိ မြင့်တက်လာနိုင်တယ်လို့ သိရပေမယ့် ကစားဖို့ ပွဲတွေ မရှိတော့တာကြောင့် ခေါ်ယူလိုတဲ့ ကလပ်တွေ အနေနဲ့ နောက်ဆုံး အစားထိုး ပြောင်းလဲ လိုက်တဲ့ ကြေးနဲ့ပဲ ခေါ်ယူနိုင်ဖို့ ရှိနေပါတယ်။

ဆလိုဗေးနီးယား လက်ရွေးစင် တိုက်စစ်မှူးဟာ ဒီရာသီမှာ လိုက်ပ်ဇစ် အတွက် ပြိုင်ပွဲစုံ ၄၂ ပွဲ ကစားပေးထားပြီး ၁၈ ဂိုး သွင်းကာ ၂ ဂိုး ဖန်တီးပေးထားပါတယ်။ ဆက်စ်ကို အနေနဲ့ နောက်ဆုံး ၇ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့ပြီး လိုက်ပ်ဇစ်မှာ ပုံမှန် ပွဲထွက်ခွင့်လည်း ရရှိထားသူ ဖြစ်ပါတယ်။ ဒါ့အပြင် ဆက်စ်ကိုဟာ သူ လူစားလဲ ဝင်ရောက် ကစားချိန်တိုင်းမှာ ဂိုးတစ် ဂိုး သို့မဟုတ် ဖန်တီးမှု တစ်ကြိမ် အနည်းဆုံး ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေက မျက်စိကျနေတာ ဖြစ်ပြီး အရ ခေါ်ယူဖို့ ကြံရွယ်နေတာ ဖြစ်ပါတယ်။

လိုက်ပ်ဇစ် ကတော့ ဆက်စ်ကို ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်လိုခြင်း မရှိပဲ နောက်ထပ် တစ်နှစ် ဆက်ထိန်းထားလိုတာကြောင့် စာချုပ်သစ်တစ်ရပ် ထပ်မံ ချုပ်ဆိုဖို့ ကမ်းလှမ်းထားတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့တော့ ဆက်စ်ကိုရဲ့ ဆုံးဖြတ်ချက်က အဓိက ဖြစ်တယ်လို့ သိရပြီး မကြာခင် အချိန် အတွင်းမှာ ဒီကစားသမား ဘယ်အသင်း ရောက်မလဲ ဆိုတာ အဖြေ ပေါ်လာနိုင်တယ်လို့ သိရပါတယ်။

ဆက်စ်ကိုရဲ့ အပြောင်းအရွှေ့ကို ပိုပြီး ရှုပ်ထွေးသွားစေခဲ့တာ ကတော့ ဆော်ဒီပရိုလိဂ် ကလပ်တွေရဲ့ စိတ်ဝက်စားမှုကြောင့် ဖြစ်ပြီး ဒီလူငယ်ကြယ်ပွင့်လေးကို အယ်လ်ဟီလယ်နဲ့ အယ်အာလီ တို့ကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

သတင်းတွေ အရ ဆိုရင် ဆက်စ်ကို ကို တစ်နှစ်လုပ်ခ ယူရို သန်း ၃၀ (ပေါင် ၂၆ သန်း)နဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ကစားသမား ကိုယ်တိုင် ကတော့ ဥရောပမှာပဲ ဆက်လက် အသက်မွေးဝမ်းကြောင်းချင်တာကြောင့် အရှေ့အလယ်ပိုင်းဆီ ပြောင်းရွှေ့ဖို့ ငြင်းဆန်သွားဖွယ် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်