နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မက်ကန်နာကို ခေါ်ယူဖို့ စတင် ဆွေးနွေးနေတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်း ကတော့ သူတို့ရဲ့ နည်းပြဟောင်း မက်ကန်နာကို ပြန်လည် ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီလို့ သိရပါတယ်။ မက်ကန်နာဟာ အိုလီဂန်နာ ဆိုးလ်ရှား လက်ထက် ယူနိုက်တက် အသင်းမှာ လက်ထောက် နည်းပြ လုပ်ခဲ့ဖူးပြီး လက်ရှိ မှာ‌တော့ အစ်ပ်ဆွစ်ချ်ရဲ့ နည်းပြလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မက်ကန်နာဟာ ယူနိုက်တက်မှာ ကင်းထောက်၊ ယူ ၁၈ နည်းပြ၊ လက်ထောက် နည်းပြ တာဝန်တွေနဲ့ ကာလရှည်ကြာ လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်တာကြောင့် ယူနိုက်တက်ရဲ့ အထာကို ကောင်းကောင်း နားလည်နေသူ ဖြစ်ပါတယ်။ အသက် ၃၈ နှစ် အရွယ်သာ ရှိသေးတဲ့ လူငယ် နည်းပြဟာ ယူနိုက်တက်မှာ ရှိစဉ် ကတည်းက တစ်ချိန်မှာ ထိပ်သီး နည်းပြ ဖြစ်လာနိုင်သူ အဖြစ် သတ်မှတ်ခံခဲ့ရပြီး ၂၀၁၆ ခုနှစ် ကနေ ၂၀၂၁ ခုနှစ် အထိ လုပ်ကိုင်ခဲ့သူပါ။

မက်ကန်နာဟာ ယူနိုက်တက်မှာ ကင်းထောက် ဘဝနဲ့ စတင်ခဲ့ပြီး သူ့ရဲ့ နည်းစနစ်ပိုင်း ကြွယ်ဝမှုနဲ့ ကစားသမားတွေ အပေါ် စီမံခန့်ခွဲနိုင်မှုတွေကြောင့် အချိန်တိုတွင်းမှာပဲ ယူ ၁၈ နည်းပြ အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ အဲ့နောက် ၂၀၁၈ ခုနှစ်မှာ နည်းပြ မော်ရင်ဟိုက မက်ကန်နာရဲ့ စွမ်းဆောင်ရည်တွေကို သဘောကျတာကြောင့် အသင်းကြီးရဲ့ လက်ထောက် နည်းပြ ဖြစ်လာခဲ့ပြီး ဆိုးလ်ရှား လက်ထက် မှာလည်း လက်ထောက် နည်းပြ အဖြစ် ဆက်လက် တာဝန်ယူခဲ့ရပါတယ်။

အစ်ပ်ဆွစ်ချ်ဟာ မက်ကန်နာ ကိုင်တွယ်ချိန်က စလို့ လိဂ်ဝမ်း ကနေ ချန်ပီယံရှစ်၊ ချန်ပီယံရှစ် ကနေ ပရီးမီးယားလိဂ် အထိ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
အက်ဖ်အေဖလား ဗိုလ်လုပွဲ ပြီးရင် ရာထူးကနေ နှုတ်ထွက်ရဖွယ် ရှိနေတဲ့ အဲရစ်ခ် တန်ဟက်ဂ်

၂၀၂၁ ခုနှစ် မှာ‌တော့ နည်းပြ အဖြစ် ဘဝ စတင်ဖို့ ဆုံးဖြတ်ခဲ့ပြီး အစ်ပ်ဆွစ်ချ် အသင်းကို ကိုင်တွယ်ခဲ့ပါတယ်။ အစ်ပ်ဆွစ်ချ်ဟာ မက်ကန်နာ ကိုင်တွယ်ချိန်က စလို့ လိဂ်ဝမ်း ကနေ ချန်ပီယံရှစ်၊ ချန်ပီယံရှစ် ကနေ ပရီးမီးယားလိဂ် အထိ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အစ်ပ်ဆွစ်ချ် အသင်းကို ပရီးမီးယားလိဂ်ဆီ တန်းတက်နိုင်အောင် စွမ်းဆောင်ပေးထားတဲ့ မက်ကန်နာကို ယူနိုက်တက် အပြင် ချဲလ်ဆီး ကလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယုံကြည်ရတဲ့ သတင်းတွေရဲ့ ဖော်ပြချက်အရ မက်ကန်နာက ယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေ စတင်နေပြီး အဲရစ်ခ် တန်ဟက်ဂ် နေရာမှာ အစားထိုး ဝင်ရောက်နိုင်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။

အစောပိုင်း သတင်းတွေ မှာတော့ မန်ချက်စတာယူနိုက်တက် အနေနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ ပြီးရင် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်နဲ့ လမ်းခွဲသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ တစ်ဆက်တည်းမှာပဲ ယူနိုက်တက်ဟာ တန်ဟက်ဂ်ရဲ့ နေရာမှာ အစားထိုးဖို့ နည်းပြ တော်တော်များများကို လျာထားပြီး စာရင်းထဲမှာတော့ အစ်ပ်ဆွစ်ချ် နည်းပြ မက်ကန်နာ၊ ချဲလ်ဆီး နည်းပြဟောင်း မော်ရူစီယို ပိုချက်တီနိုနဲ့ ဘရိုက်တန် နည်းပြဟောင်း ရော်ဘတ်တို ဒီဇာဘီ တို့ ထိပ်ဆုံးက ပါဝင်နေတယ်လို့ သိရပါတယ်။အဲရစ်ခ် တန်ဟက်ဂ်ဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း တစ်နှစ် ကျန်ရှိနေသေးပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်ကို သံသယဖြစ်နေတဲ့ ပရိသတ်တွေက ရာသီကုန်ရင် ထုတ်ပယ်ဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာ‌တော့ အသင်း ဘက်ကလည်း တန်ဟက်ဂ်နဲ့ ဆက်ပြီး လက်မတွဲဖို့ ဆုံးဖြတ်ခဲ့ပုံရပြီး ရှယ်ယာရှင် အသစ်တွေက ယူနိုက်တက်ကို ရာသီသစ်မှာ ပုံစံ အသစ်နဲ့ မြင်တွေ့ချင်နေတဲ့ သဘောမှာ ရှိပါတယ်။ တန်ဟက်ဂ်ဟာ ယူနိုက်တက်ကို ရောက်ရောက်ချင်း ရာသီမှာ ခရာဘောင်ဖလား ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်လည်း ရအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ချန်ပီယံလိဂ်မှာ အုပ်စု အောက်ဆုံး ကနေ လှည့်ပြန်ခဲ့ရသလို ပရီးမီးယားလိဂ် မှာလည်း အဆင့် ၈ နေရာမှာ ရပ်တည်နိုင်အောင်သာ စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်