နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက် ကစားသမားဘဝ အစက စိတ်ပျက်စရာကောင်းခဲ့တယ်လို့ ဝန်ခံလိုက်တဲ့ ဟွိုက်ဂျ်လန်း | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုက်ဂျ်လန်းဟာ အသင်းနဲ့ တဖြည်းဖြည်း အသားကျစပြုလာပြီးတော့ ခြေစွမ်းလည်း ပြနိုင်လာပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ယူနိုက်တက် ကစားသမား ဘဝ အစဟာ ဘယ်လလောက် အထိ စိတ်ပျက်စရာ ကောင်းခဲ့သလဲ ဆိုတာကို ပြန်လည် ဖွင့်ဟလာခဲ့ပါတယ်။

ဟွိုက်ဂျ်လန်းက မန်ချက်စတာယူနိုက်တက်ကို ရောက်ရောက်ချင်း သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ၁၄ ပွဲ ဆက် ဂိုးမသွင်းနိုင်ခဲ့တာ စိတ်ပျက်စရာကောင်းခဲ့ကြောင်း ဝန်ခံခဲ့တာလည်း ဖြစ်ပါတယ်။ ဟွိုက်ဂျ်လန်းဟာ ယူနိုက်တက်ကို စတင်ပြောင်းရွှေ့လာခဲ့ချိန်က အသက် ၂၀ အရွယ်သာ ရှိသေးပြီး စီးရီးအေ ကလပ် အတ္တလန္တာ ကနေ ပေါင် ၇၂ သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ 

ယူနိုက်တက်ကို စတင် ရောက်ရှိချိန်မှာ ဟွိုက်ဂျ်လန်း တော်တော်များများက မှားယွင်းတဲ့ ခေါ်ယူမှု ဖြစ်ပြီလား ဆိုကာ သံသယရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဟွိုက်ဂျ်လန်း အနေနဲ့ တဖြည်းဖြည်း ပုံစံကောင်း ရလာကာ ဒီရာသီမှာ ယူနိုက်တက် အတွက် ၄၂ ပွဲ ကစားပြီး ၁၆ ဂိုး သွင်းကာ ၂ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ပွဲတိုင်းနီးပါး ခွန်အားအပြည့်နဲ့ ကစားတတ်သလို ယူနိုက်တက် အတွက် လိုအပ်နေတဲ့ အချိန်မှာ ဂိုးတွေ သွင်းပေးနိုင်ခဲ့တာကြောင့်လည်း ပရိသတ်တွေ သဘောကျတဲ့ ကစားသမား ဖြစ်လာခဲ့သူပါ။

ဟွိုက်ဂျ်လန်းက “ပရီးမီးယားလိဂ်မှာ အခြေကျဖို့ အချိန် နည်းနည်းယူခဲ့ရတယ်၊ ဒါပေမယ့် မြန်မြန်ဆန်ဆန် အခြေကျသွားခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော့်ရဲ့ စည်းချက်တွေကို ပြန်လည် ရှာတွေ့သလို ခံစားရပါတယ်” လို့ Tipsbladet သို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ဟွိုက်ဂျ်လန်းက “ပရီးမီးယားလိဂ်မှာ ကျွန်တော့်ရဲ့ ပထမဆုံးဂိုးကို သွင်းဖို့ စိတ်ပျက်စရာ ကောင်းတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် အများအပြား အာရုံစူးစိုက်ခဲ့လို့ပါ။ ချန်ပီယံလိဂ်မှာ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်တာ ကနေလည်း ခွန်အားတွေ ပိုရခဲ့တယ်လို့ ခံစားမိပါတယ်။ အဲဒီထက်လည်း ပိုခဲ့ပါတယ်။”

“ဒါပေမယ့် ပထမဆုံး ပရီးမီးယားလိဂ် ၁၄ ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တာက အထင်ကြီးလောက်စရာ မဟုတ်ဘူး ဆိုတာ ကျွန်တော် နားလည်ပါတယ်၊ ဒါပေမယ့် လိဂ်ပွဲတွေမှာ ကျွန်တာ် ကံဆိုးခဲ့တယ်လို့ ခံစားခဲ့ရတယ်။ ကံကောင်းစွာနဲ့ပဲ ပိုကောင်းလာခဲ့ပါတယ်။ အက်စတွန်ဗီလာ (Boxing Day) မှာ ကျိန်စာတွေ အောက်က လွတ်မြောက်သလို ရုတ်သိမ်းသွားသလို ခံစားရပြီး ဒါဟာ ကျွန်တော့်ရဲ့ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့တဲ့ အတွက် ကောင်းမွန်တဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။ တကယ်ကောင်းတဲ့ အသင်း တစ်သင်းကိုလည်း အနိုင်ယူခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ ဟွိုက်ဂျ်လန်းဟာ ယူနိုက်တက်ရဲ့ အားကိုးရတဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်နေပြီး ရာသီသစ်မှာ အသင်းမှာ ဆက်ရှိနေဖို့ သတ်မှတ်ထားတဲ့ ကစားသမား ၃ ဦးထဲမှာ ပါဝင်နေသူ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အသင်းမှာ ရှိတဲ့ ကစားသမား တော်တော်များများကို လက်လွှတ်သွားဖို့ ရှိနေပေမယ့် ဂါနာချို၊ ကိုဘီ မိန်းနူးနဲ့ ဟွိုက်ဂျ်လန်း တို့ကိုတော့ ဆက်ထိန်းထားဖို့ ဆုံးဖြတ်ထားခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်