နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီး ခေါ်ယူမယ့် ကွင်းလယ်ကစားသမားသစ်က ဘယ်သူ ဖြစ်လာမလဲ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီး ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကွင်းလယ် ကစားသမား တစ်ဦး ခေါ်ယူ ဖြည့်တင်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အစောပိုင်းမှာ ဝက်စ်ဟမ်း အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ် ကြယ်ပွင့် လူးကပ်စ် ပက်ကေးတားကို ခေါ်ယူဖို့ ပြင်ဆင်ထားခဲ့သလို ပုဂ္ဂိုလ်ရေး အရလည်း သဘောတူညီမှု ရရှိခဲ့ပါတယ်။

ဒါပေမယ့် ကစားသမား ဖြစ်သူရဲ့ ကာလရှည်ကြာ ပွဲပယ်ခံရနိုင်တဲ့ အခြေအနေ တစ်ခုကြောင့် မန်စီးတီးက အခြားသော ကွင်းလယ် ကစားသမားတွေကို ပြောင်းလဲ စဉ်းစားလာခဲ့ပါတယ်။ အခုတစ်ခါမှာတော့ ပက်ကေးတား မဟုတ်ပဲ မန်စီးတီး ကွင်းလယ်ကစားသမားသစ် ဖြစ်လာနိုင်သူ ၆ ဦးကို ဖော်ပြလိုက်ရပါတယ်။


ဒန်နီ အော်လမို

ဒီရာသီ ပရီးမီးယားလိဂ် မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ အတူ တောက်ပခဲ့တဲ့ ကစားသမား ၂ ဦး ရှိပါတယ်။
ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့ မန်ချက်စတာစီးတီး

အသက် ၂၆ နှစ် အရွယ် အဆိုပါ စပိန် ကွင်းလယ်လူဟာ ယခင်ကလည်း မန်စီးတီးနဲ့ ချိတ်ဆက်ခဲ့ဖူးပြီး လာမည့်လ အနည်းငယ်အတွင်း လိုက်ပ်ဇစ် ကနေ ထွက်ခွာဖို့ ရှိနေသူ ဖြစ်ပါတယ်။ ဒီကွင်းလယ် ကြယ်ပွင့်ဟာ ဒီရာသီ ပြိုင်ပွဲစုံ ၂၅ ပွဲကစားပြီး ၈ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားပါတယ်။ အော်လမိုဟာ မကြာခဏ ဆိုသလို ဒဏ်ရာရတတ်သူ ဖြစ်တာကြောင့် စိုးရိမ်စရာ ရှိပေမယ့် ဂွာဒီယိုလာ အသင်းရဲ့ ကွင်းလယ် အတွက် အံဝင်ဂွင်ကျ ဖြစ်သူ တစ်ယောက် အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ဒီကစားသမားရဲ့ လိုက်ပ်ဇစ်နဲ့ စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၅၁ သန်း ဖြစ်ပါတယ်။


မိုဟာမက် ကူဒု့စ်

ကူဒု့စ်ဟာ အေဂျက်စ် ကနေ ဝက်စ်ဟမ်းကို ပြောင်းရွှေ့လာပြီးနောက် ပရီးမီးယားလိဂ်မှာ လျင်လျင်မြန်မြန် အသားကျပြီး ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ ဒီ ဂါနာ ကစားသမားက ပြီးခဲ့တဲ့ နှစ် ပရီးမီးယားလိဂ်မှာ ၈ ဂိုးသွင်းကာ ဖန်တီးမှု ၆ ကြိမ် ပြလုပ်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းက မန်စီးတီးကို ၃-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ နောက်ဆုံး ပွဲမှာ ကူဒု့စ် အနေနဲ့ လှပတဲ့ Overhead ကန်ချက်နဲ့ ဂိုးသွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ပြိုင်ဘက် နောက်တန်းကို အလိမ်အခေါက်တွေနဲ့ ကျော်ဖြတ်တတ်သူ ဖြစ်ပြီး သူ့ရဲ့ မဆုတ်မနစ်သော အားထုတ်မှုတွေ၊ ဂိုးသွင်းချင်စိတ် ပြင်းပြမှုတွေကြောင့် ပပ် ဂွာဒီယိုလာ မျက်စိကျတဲ့ ကစားသမား တစ်ဦး ဖြစ်လာဖို့တော့ ရှိနေပါတယ်။


ဖလော်ရီယန် ဝစ်ဇ်

ဒီကစားသမား ကတော့ ပြိုင်ပွဲစုံ ၅၁ ပွဲဆက် ရှုံးပွဲ မရှိခဲ့တဲ့ လေဗာကူဆင် အသင်း အတွက် အဓိက ကျခဲ့သူ ဖြစ်ပါတယ်။ အသက်အရွယ် ငယ်သေးပေမယ့် အရည်အသွေးမြင့် ကစားသမား တစ်ဦး ဖြစ်ပြီး လေဗာကူဆင်နဲ့ အတူလည်း ဘွန်ဒက်စ်လီဂါနဲ့ ပိုကယ်ဖလား တို့မှာ ချန်ပီယံ ဖြစ်ထားပါတယ်။ ပြီးခဲ့တဲ့ ရာသီ ဘွန်ဒက်စ်လီဂါရဲ့ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်ခဲ့တဲ့ ဝစ်ဇ်ကို လက်တလောမှာ ဥရောပထိပ်သီး ကလပ် တော်တော်များများက စိတ်ဝင်စားနေပြီး ပြောင်းရွှေ့ကြေး ကလည်း အတိုင်းအတာ တစ်ခု အထိ များပြားဖို့ ရှိနေပါတယ်။ ဒါပေမယ့်လည်း ဂွာဒီယိုလာသာ လိုချင်ရင် အရ ခေါ်ယူနိုင်ဖို့ ရှိနေသူလည်း ဖြစ်ပါတယ်။


အီဘာရီချီ အီးဇီး

ဒီရာသီ ပရီးမီးယားလိဂ် မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ အတူ တောက်ပခဲ့တဲ့ ကစားသမား ၂ ဦး ရှိပါတယ်။ တစ်ဦးက မိုက်ကယ် အိုလစ်ဆီ ဖြစ်ပြီး နောက်တစ်ဦးက အီးဇီး ပါ။ ရွိုင်းဟော့ဆန် လက်ထက်မှာ ပုံမှန် ပွဲထွက်ခွင့်မရပေမယ့် နည်းပြသစ် အိုလီဗာ ဂလက်စ်နာ လက်ထက် မှာတော့ ပုံမှန် ပွဲထွက်ခွင့် ရရှိခြင်းနဲ့ အတူ ယုံကြည်မှုတွေလည်း ပြန်ရလာခဲ့တဲ့ အီးဇီးက အိုလစ်ဆီ၊ မက်တေးတား တို့နဲ့ အတူ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။


ဇာဗီ ဆီမွန်

ဒီကစားသမားလေး ကိုတော့ အာဆင်နယ်၊ ဘာစီလိုနာ အပါအဝင် အခြားသော ဥရောပ ထိပ်သီး ကလပ် တော်တော်များများက စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ လိုက်ပ်ဇစ်နဲ့ အတူ ပြီးခဲ့တဲ့ ရာသီက အထင်ကြီးလောက်စရာ ခြေစွမ်းတွေ ပြသနိုင်ခဲ့ပြီး တကယ်တမ်း ဒီကစားသမားရဲ့ မိခင် ကလပ်က ပီအက်စ်ဂျီ ဖြစ်ပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီ အနေနဲ့ ဇာဗီ ဆိုင်မွန်ကို လာမယ့် ရာသီ အသင်းမှာ ဆက်ထိန်းထားမယ် ဆိုရင်တော့ မန်စီးတီးတို့ ခက်ခက်ခဲခဲ ကြိုးပမ်းရဖွယ် ရှိနေပါတယ်။


ဂျမဲလ် မူစီအာလာ

ဒီကစားသမားလေးက အသက်အရွယ် ငယ်ပေမယ့် ခြေစွမ်း ကတော့ ထိပ်တန်း အဆင့်မှာ ရှိနေသူ ဖြစ်ပါတယ်။ ဒီရာသီမှာ ဘေယန်မြူးနစ်နဲ့ အတူ ဘာအောင်မြင်မှုမှ မရခဲ့ပေမယ့် သူ့ရဲ့ ခြေစွမ်း ကတော့ သံသယ ဖြစ်စရာ မရှိပါဘူး။ ဘေယန်မြူးနစ် အတွက် ၁၆၃ ပွဲ ကစားပေးထားပြီး ၄၃ ဂိုး သွင်းယူထားတဲ့ မူစီအာလာက ဂိုးသွင်းဖို့တင် မဟုတ်ပဲ ဂိုးဖန်တီးမှု အပိုင်းမှာလည်း စိတ်ချရသူ ဖြစ်တာကြောင့် ဂွာဒီယိုလာ စိတ်ကြိုက်ကစားသမား ဖြစ်လာနိုင်သူပါ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်