နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တန်ဟက်ဂ်ဟာ ထူးခြားဆန်းပြားသူလို့ ချီးကျူးခဲ့တဲ့ ဂွာဒီယိုလာ | ပရီးမီးယားလိဂ်

ပရီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွာဒီယိုလာ ကတော့ မြို့ခံပြိုင်ဘက် ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ကို ထူးထူးခြားခြားပဲ အမွှန်းတင် ချီးကျူးခဲ့ပါတယ်။ ဂွာဒီယိုလာက တန်ဟက်ဂ်ဟာ ထူးခြားဆန်းပြားပြီး နှစ်လိုဖွယ်ကောင်းတဲ့ နည်းပြ ဖြစ်ကြောင်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ် မှာတုန်းက အတူတကွ အလုပ်တွဲလုပ်ခဲ့ဖူးတဲ့ ဂွာဒီယိုလာနဲ့ တန်ဟက်ဂ် တို့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသူတွေ ဖြစ်ပါတယ်။ အဲ့ဒီ အချိန်တုန်းက ဂွာဒီယိုလာက ဘေယန်မြူးနစ် အသင်းကြီးကို ကိုင်တွယ်နေတာ ဖြစ်ပြီး တန်ဟက်ဂ် ကတော့ လူငယ်အသင်းကို ကိုင်တွယ်နေခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်း နှစ်တွေမှာတော့ တန်ဟက်ဂ်က ယူနိုက်တက် နည်းပြ ဖြစ်လာတာကြောင့် ဂွာဒီယိုလာရဲ့ ပြိုင်ဘက် ဖြစ်လာခဲ့တာပါ။ ဒါ့အပြင် ဂွာဒီယိုလာဟာ ပြည်တွင်း ပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲစဉ်တွေမှာ သူ့ကို အလဲထိုးနိုင်တဲ့သူ မရှိခဲ့ပဲ တန်ဟက်ဂ်က သူ့ကို အနိုင်ရခဲ့တဲ့ ပထမဦးဆုံး နည်းပြလည်း ဖြစ်လာခဲ့ပါတယ်။

ဒီအချိန်မှာ နည်းပြ ဂွာဒီယိုလာက တန်ဟက်ဂ်နဲ့ ပတ်သတ်လို့ “ယူနိုက်တက်က တန်ဟက်ဂ်ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ချက်ချရပါတော့မယ်။ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် တန်ဟက်ဂ်က နှစ်လိုဖွယ်ကောင်းတဲ့သူ တစ်ဦးပါ။ နောက်ပြီး ထူးခြား ဆန်းပြားပါတယ်။ အက်ဖ်အေဖလား ရရှိဖို့က သူတို့လည်း ကျွန်တော်တို့လို အရေးကြီးခဲ့ပါတယ်။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် မြို့ခံ ပြိုင်ဘက် နှစ်သင်းဟာ ပြီးခဲ့တဲ့ရက်က ကစားခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး တန်ဟက်ဂ်ရဲ့ အသင်းက ဂွာဒီယိုလာရဲ့ အသင်းကို ၁-၂ ရလဒ်နဲ့ အနိုင်ယူပြီး ချန်ပီယံ ဖြစ်ခဲ့တာပါ။ ယူနိုက်တက်နဲ့ စီးတီး တို့ဟာ နှစ်ရာသီ ဆက်တိုက် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး ယူနိုက်တက် အနေနဲ့ မနှစ်က အက်ဖ်အေဖလား ဗိုလ်လုပွဲ ရှုံးကြွေးကို တူညီတဲ့ ရလဒ် တစ်ခုနဲ့ ပြန်ဆပ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီး ကတော့ ပြည်တွင်းဖလား နှစ်လုံး ချန်ပီယံ အဖြစ်နဲ့ ရာသီသိမ်းနိုင်ဖို့ မျှော်လင့်ထားခဲ့ပေမယ့် မထင်မှတ်ပဲ သူတို့ထက် ခြေစွမ်း နိမ့်ပါးတဲ့ ယူနိုက်တက်ကို ရှုံးပြီး ပရီးမီးယားလိဂ် ဖလားနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
ဘေယန်မြူးနစ်မှာ အလုပ်တွဲလုပ်ခဲ့ဖူးတဲ့ ပပ်နဲ့ တန်ဟက်ဂ်

ဒါကြောင့် ယူနိုက်တက်ဟာ ဖလား လက်မဲ့ ရာသီ အဖြစ် မဖြတ်သန်းရတော့သလို လာမယ့် ရာသီ ယူရိုပါလိဂ် ဝင်ခွင့် အပြင် ကွန်မြူနတီဒိုင်း ပွဲစဉ်လည်း ကစားရတော့မှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ အဲရစ်ခ် တန်ဟက်ဂ် ကတော့ ယူနိုက်တက်မှာ ဆက်ရှိနေဖို့ မသေချာသေးပဲ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ ရှယ်ယာရှင်သစ် ဆာဂျင်မ် ရက်ကလစ်ဖ် ကို မေးမြန်းရာ မှာလည်း နှုတ်ဆိတ်နေခဲ့တယ်လို့ သိရပါတယ်။

တန်ဟက်ဂ် ကိုယ်တိုင် ကတော့ အက်ဖ်အေဖလား ယူပေးပြီးနောက် အသင်း ဘက်ကသာ သူ့ကို အလိုမရှိရင် တခြားအသင်းတွေဆီသွားပြီး ဖလားတွေ ယူပေးမယ်လို့ တရားဝင် ထုတ်ဖော် ပြောကြားထားခဲ့ပါတယ်။ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့တဲ့ နှစ်ရာသီ အတွင်း ခရာဘောင်ဖလားနဲ့ အက်ဖ်အေဖလားတွေ ရယူပေးနိုင်ခဲ့တဲ့ အဲရစ်ခ် တန်ဟက်ဂ် ရဲ့ အနာတ်ဂတ် ကတော့ လာမယ့် ရက်ပိုင်း အတွင်း အဖြေပေါ်ဖို့ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ မန်စီးတီး ကတော့ ပြည်တွင်းဖလား နှစ်လုံး ချန်ပီယံ အဖြစ်နဲ့ ရာသီသိမ်းနိုင်ဖို့ မျှော်လင့်ထားခဲ့ပေမယ့် မထင်မှတ်ပဲ သူတို့ထက် ခြေစွမ်း နိမ့်ပါးတဲ့ ယူနိုက်တက်ကို ရှုံးပြီး ပရီးမီးယားလိဂ် ဖလားနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်