နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မိန်းနူးဟာ သူ့ငယ်စဉ်ကထက် ၁၀ ဆ ပိုကောင်းတယ် ဆိုတဲ့ ပေါလ်စခိုးလ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသမား တစ်ဦး ဖြစ်တဲ့ ပေါလ်စခိုး ကတော့ လူငယ် ကစားသမားလေး ကိုဘီ မိန်းနူးကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ယူနိုက်တက် အတွက် အနိုင်ဂိုး တစ်ဂိုး သွင်းယူပေးခဲ့တဲ့ မိန်းနူးကို ပေါလ်စခိုးက သူငယ်စဉ်တုန်းကထက် ၁၀ ဆ မက ပိုကောင်းတယ်လို့ ချီးကျူးပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ပေါလ်စခိုးက “ဒီကစားသမားလေးက ကျွန်တော့် အသက် ၁၉ နှစ် အရွယ်မှာတုန်းကထက် ၁၀ ဆ လောက် ပိုကောင်းပါတယ်။ သူဘောလုံး လက်ခံယူတဲ့ ပုံစံ၊ တည်တည်ငြိမ်ငြိမ် ကစားတတ်တာတွေ၊ သူ့ဘေးမှာ ရှိတဲ့ ကစားသမားတွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့် သတိထားနိုင်ပုံတွေ၊ ပွဲကြီးတွေမှာ သူ့ရဲ့ ဂိုးပါဝင် ပတ်သတ်မှုတွေကို ကျွန်တော် တော်တော်လေး နှစ်သက်မိပါတယ်” လို့ ပေါလ်စခိုးက ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပေါလ်စခိုးက လက်ရှိမှာ မိန်းနူးကို သူနဲ့ နှိုင်းယှဉ်ပြောဆိုမှုတွေကို ရပ်တန့်လိုက်ကြဖို့ အတွက်လည်း တိုက်တွန်း ပြောဆိုသွားခဲ့ပါသေးတယ်။ အသက် ၁၉ နှစ် အရွယ်သာ ရှိသေးတဲ့ မိန်းနူးဟာ မန်ချက်စတာယူနိုက်တက် ကွင်းလယ်မှာ ဝါရင့် ကစားသမား တစ်ယောက်လို့ ရင့်ကျက်တဲ့ ကစားတတ်ပြီး သူ့ရဲ့ အရည်အသွေးနဲ့ စွမ်းဆောင်ရည်တွေကြောင့်လည်း ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား ဖြစ်လာခဲ့သူပါ။ လက်ရှိမှာ မိန်းနူးရဲ့ ဈေးကွက် တန်ကြေးဟာ ပေါင်သန်း ၃၀ နီးပါး အထိ ရှိနေခဲ့သူ ဖြစ်ပါတယ်။ မိန်းနူးဟာ ဒီရာသီမှာ ယူနိုက်တက် အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၃၂ ပွဲ ကစားပြီး ၅ ဂိုးသွင်း ၁ ဂိုး ဖန်တီးနိုင်ခဲ့သလို ပြိုင်ပွဲကြီးတွေမှာ ဂိုးပါဝင်ပတ်သတ်မှု ကောင်းတဲ့ ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။

ယူနိုက်တက် ကွင်းလယ်မှာ ကက်စ်မဲရိုး၊ ဘရိုနို ဖာနန်ဒက်စ်၊ မက်တော်မီနေး၊ အမ်မရာဘတ်၊ အဲရစ်ခ်ဆင် တို့နဲ့ အဆင်ပြေသလို တွဲဖက်ကစားနိုင်ခဲ့ပြီး သရဲနီတွေရဲ့ အနာဂတ် အတွက် အားထားရမယ့်သူ အဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါကြောင့် အသင်းပိုင်ရှင်တွေဟာ ဂါနာချို၊ ဟွိုက်ဂျ်လန်း တို့နဲ့ အတူ ကိုဘီ မိန်းနူးကို ဘယ်လို အခြေအနေပဲ ရောက်ရောက် အသင်းမှာ ဆက်ထိန်းထားဖို့ ဆုံးဖြတ်ထားခဲ့တာ ဖြစ်ပါတယ်။ မိန်းနူးဟာ လာမယ့်ရာသီ ယူနိုက်တက် ကွင်းလယ်ရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်လာဖို့ ရှိပြီး တန်ဟက်ဂ် အလွန် နည်းပြသစ် တစ်ဦး ရောက်ရှိလာခဲ့ရင်လည်း သူ့ရဲ့ စွမ်းဆောင်ရည် ကောင်းတွေကြောင့် ပုံမှန် ပွဲထွက်ရဖို့ အာမခံချက် ရှိနေသူ အဖြစ် သုံးသပ်မှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ မိန်းနူးကို ပေါလ်စခိုးတင် မကပဲ ပြိုင်ဘက် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး အသင်းရဲ့ နောက်ခံလူ ကိုင် ဝေါလ်ကာ ကပါ ချီးကျုးမှုတွေ ပြုလုပ်ထားခဲ့တာ ဖြစ်ပါတယ်။လက်ရှိမှာ မိန်းနူးဟာ ဆောက်ဂိတ်ရဲ့ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ လူစာရင်းမှာလည်း ပါဝင်နေခဲ့ပြီး လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာရော တောက်ပပြနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်