ဒီကနေ့ မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားသွားတဲ့ လာလီဂါ ပွဲစဉ် ၃၈ ရဲ့ နောက်ဆုံး ပွဲစဉ် မှာတော့ ဘာစီလိုနာက ဆီဗီလာကို ၁-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီရလဒ်ကြောင့် ဘာစီလိုနာဟာ လာလီဂါ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်လည်း ရရှိသွားခဲ့ပါတယ်။
ဇာဗီနဲ့ လမ်းမခွဲခင် နောက်ဆုံး ကစားခဲ့ရတဲ့ ဒီပွဲမှာ ဘာစီလိုနာဟာ ဆီဗီလာကို ခက်ခက်ခဲခဲ ကစားခဲ့ရပြီး လီဝမ်ဒေါစကီးနဲ့ ဖာမင်း လိုပက်ဇ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာတို့ ပွဲချိန် ၁၅ မိနစ်မှာ လီဝမ်ဒေါစကီးရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် အန်နက်ဆီရီရဲ့ ချေပဂိုးကို ပြန်လည် ခွင့်ပြုပေးခဲ့ရပါတယ်။ အဲ့နောက် ဒုတိယပိုင်း ပွဲချိန် ၅၉ မိနစ်မှာတော့ ဖာမင်း လိုပက်ဇ်က ဘာစီလိုနာ အတွက် အနိုင်ဂိုးကို လှလှပပ သွင်းယူသွားခဲ့လို့ ဇာဗီ လည်း အနိုင်ရလဒ်နဲ့ နှုတ်ဆက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီလို နိုင်ပွဲ ရခဲ့ပေမယ့်လည်း ဘာစီလိုနာ အသင်းရဲ့ ဂိုးသမား ဖြစ်တဲ့ တာစတီဂျန် ကတော့ ဒီရာသီ သူ့ရဲ့ စွမ်းဆောင်ရည် အပေါ် ကျေနပ်အားရခြင်း မရှိတာကို တွေ့ရပါတယ်။ တာစတီဂျန်က သူ့ အနေနဲ့ လာမယ့် ရာသီမှာ ပိုတိုးတက်ဖို့ ကြိုးစားသွားရမှာ ဖြစ်ကြောင်း ဖွင့်ဟသွားခဲ့တာ ဖြစ်ပါတယ်။
ဂျာမန် လက်ရွေးစင် ဂိုးသမားက “ကျွန်တော် တို့မှာ ကစားသမားကောင်းတွေ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အလုပ်တွေ အများကြီးလုပ်ဖို့ လိုအပ်ပါသေးတယ်။ တစ်ဦးတစ်ယောက်ချင်းအရ ပြောရမယ် ဆိုရင် ကျွန်တော့် အနေနဲ့ တိုးတက်ဖို့ လိုအပ်ပါသေးတယ်။” လို့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာဟာ ဒီရာသီမှာ လာလီဂါ အမှတ်ပေးဇယားမှာ ရီးရဲလ်မက်ဒရစ်နဲ့ ၁၀ မှတ် အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ တာစတီဂျန် ကတော့ ဒီရာသီမှာ ဘာစီလိုနာ အတွက် ၃၆ ပွဲ ကစားပေးခဲ့ပြီးတော့ လာလီဂါ ၂၈ ပွဲ ကစားခဲ့ရာမှာ ပေးဂိုး မရှိ ပွဲစဉ် ၁၅ ပွဲ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာဟာ တစ်ရာသီလုံး ၃၈ ပွဲ ကစားရာမှာ ရဂိုး ၇၉ ဂိုး ရရှိခဲ့သလို ပေးဂိုး ကလည်း ၄၄ ဂိုး ရှိခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဘာစီလိုနာဟာ တစ်ပွဲပျမ်းမျှ ပေးဂိုး ၁ ဂိုးနှုန်းကျော် ရှိခဲ့တယ်လို့ ပြောလို့ ရပါတယ်။
ဒါ့အပြင် ဘာစီလိုနာဟာ လက်ရှိမှာ နည်းပြ ဇာဗီ ဟာနန်ဒက်ဇ်နဲ့လည်း လမ်းခွဲထားခဲ့ပြီးတော့ ဘေယန်မြူးနစ်နဲ့ ဂျာမနီ နည်းပြဟောင်း ဟန်ဆီ ဖလစ်ခ်ကို အစားထိုးခန့်အပ်ဖို့ သဘောတူညီမှု ရရှိထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အကြောင်းရင်း တချို့ကြောင့် ဟန်ဆီဖလစ်ခ်ကို စာချုပ်ချုပ်ဆိုဖို့ ကြန့်ကြာနေပြီး မကြာခင် ရက်ပိုင်း အတွင်းမှာတော့ ဘာစီလိုနာတို့ တရားဝင် ထုတ်ပြန် ကြေညာလာနိုင်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.