နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တိုနီ ခရူးစ်ကို ဘယ်လွန်ဒေါ ရစေချင်နေတဲ့ မိုဒရစ် | လာလီဂါ

လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ် ဝါရင့် ကွင်းလယ်လူ လူကာ မိုဒရစ် ကတော့ သူ့ရဲ့ အသင်းဖော် တိုနီ ခရူးစ်ကို ဒီရာသီရဲ့ ရွှေဘောလုံး ဆုရှင် အဖြစ် မြင်တွေ့လိုကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ မိုဒရစ်နဲ့ ခရူးစ် တို့ဟာ ရီးရဲလ်မက်ဒရစ်မှာ ဆယ်စုနှစ်တစ်ခု အကြာ လက်တွဲလာခဲ့ကြတဲ့ အချစ်ဆုံး သူငယ်ချင်းတွေလည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ ကွင်းလယ်မှာ မိုဒရစ်နဲ့ အတူ တွဲမြင်ချင်တဲ့သူဟာ တိုနီ ခရူးစ်လို့ ပြောရလောက်တဲ့ အထိ လာလီဂါ ကလပ် အတွက် အတွဲညီခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မိုဒရစ်ဟာ အသက် ၃၈ နှစ် ရှိနေပြီး ခရူးစ် ကတော့ ၃၄ နှစ် ရှိနေပြီ ဖြစ်ပါတယ်။ ခရူးစ်ဟာ လာမယ့် ၂၀၂၄ ယူရို ပြိုင်ပွဲ အပြီးမှာ ကစားသမား ဘဝ ကနေ အပြီးတိုင် အနားယူတော့မှာ ဖြစ်ပေမယ့် သူ့ထက် အသက် ၄ နှစ် ကြီးတဲ့ ခရိုအေးရှားသားကြီး ကတော့ ဘောလုံး ဆက်ကစားဖို့ ရှိနေသေးတာ ဖြစ်ပါတယ်။ လူကာမိုဒရစ်ဟာ ရော်နယ်ဒိုနဲ့ မက်ဆီတို့ လွှမ်းမိုးထားတဲ့ ခေတ်တစ်ခေတ်မှာ ဘယ်လွန်ဒေါဆု ရရှိခဲ့တဲ့ တစ်ဦးတည်းသော ကစားသမား ဖြစ်ပြီး ၂၀၁၈ ခုနှစ်က ရရှိခဲ့တာ ဖြစ်ပါတယ်။

မိုဒရစ်က သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်း တိုနီခရူးစ်နဲ့ ပတ်သတ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အခုလိုပဲ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။ မိုဒရစ်က “ဒီနှစ်ရဲ့ ရွှေဘောလုံးဆုကိုတော့ ရီးရဲလ်မက်ဒရစ်ရဲ့ ကစားသမား တစ်ယောက်က သေချာပေါက် ရပါလိမ့်မယ်။ အခုချိန်မှာ ရေပန်းစားနေတာက ဗင်နီးစီးယပ်စ်၊ ဘယ်လင်ဟမ်နဲ့ တိုနီ ခရူးစ် တို့ပေါ့။ ကျွန်တော် ကတော့ ခရူးစ်ကို ရစေချင်ပါတယ်။ သူက ကျွန်တော့်ရဲ့ ဘော်ဒါကြီးလေ” ဆိုပြီး ရယ်မောလျက် ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

တိုနီခရူးစ်နဲ့ လူကာ မိုဒရစ်တို ဦးဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်က ဒီရာသီမှာ လာလီဂါ ဖလားနဲ့ စပိန်စူပါဖလား တို့ကို ကိုင်မြှောက်ထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မကြာခင် ရက်ပိုင်း အတွင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲလည်း ကစားရဦးမှာ ဖြစ်တာကြောင့် ဖလား ၃ လုံး ချန်ပီယံ အဖြစ်နဲ့ ရာသီသိမ်းနိုင်ဦးမယ့် အခွင့်အရေး ရှိနေတာ ဖြစ်ပါတယ်။ ဒီချန်ပီယံလိဂ် ဗိုလ်လုပွဲဟာ ခရူးစ်-မိုဒရစ် အတွဲအဖက်ကို နောက်ဆုံး မြင်တွေ့ရမယ့် ပွဲစဉ် ဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ် ပရိသတ်တွေ ကတော့ တော်တော်လေး စိတ်မကောင်း ဖြစ်နေကြပါတယ်။

မကြာခင် နှစ်ပိုင်း အတွင်း မြက်ခင်းစိမ်းပေါ်မှာ မြင်တွေ့ရဖွယ် မရှိတော့တဲ့ ဒီကစားသမား နှစ်ဦးကို သူတို့ရဲ့ Era တစ်ခု မကုန်ဆုံးခင်မှာ ဆုဖလားတွေနဲ့ အောင်ပွဲခံတာကို မြင်တွေ့လိုသူတွေလည်း အများအပြား ရှိနေပါတယ်။

အသက် ၃၄ နှစ် အရွယ် ဂျာမနီ လက်ရွေးစင် ဝါရင့် ကွင်းလယ်လူ တိုနီခရူးစ်ဟာ ၂၀၁၄ ခုနှစ်မှာ ဘေယန်မြူးနစ် ကနေ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ သူဟာ လာလီဂါ ကလပ် အတွက် ဆယ်စုနှစ် တစုကြာ ပေးဆပ် ကစားပြီးနောက် ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ ကနေ အနားယူဖို ဆုံးဖြတ်ထားသူ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်