နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လက်စတာစီးတီး နည်းပြ ဖြစ်လာဖို့ နီးစပ်နေတဲ့ ဆိုးလ်ရှား | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်ဆီ တန်းပြန်တက်လာခဲ့တဲ့ လက်စတာစီးတီး အသင်း ကတော့ ယူနိုက်တက် ကစားသမားနဲ့ နည်းပြဟောင်း အိုလီဂန်နာ ဆိုးလ်ရှားကို နည်းပြ အဖြစ် ခန့်အပ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ချန်ပီယံရှစ် ကနေ ပရီးမီးယားလိဂ်ဆီ ပြန်လည် တန်းတက်လာခဲ့တဲ့ လက်စတာစီးတီး အသင်း ကတော့ ချဲလ်ဆီး အသင်းထံ လက်လွှတ်ခဲ့ရတဲ့ သူတို့ရဲ့ နည်းပြ အန်ဇို မာရက်စ်ကာ နေရာမှာ အိုလီဂန်နာ ဆိုးလ်ရှားနဲ့ အစားထိုးသွားဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

လက်စတာစီးတီးဟာ နည်းပြ မာရက်စ်ကာ နေရာမှာ အစားထိုးဖို့ အတွက် နည်းပြများစွာကို ပစ်မှတ်ထားလျက် ရှိနေတာ ဖြစ်ပါတယ်။ အသက် ၄၄ နှစ် အရွယ် အီတလီလူမျိုး နည်းပြ မာရက်စ်ကာဟာ စပိန် ကလပ် ဆီဗီလာမှာ လက်ထောက် နည်းပြ အဖြစ် လုပ်ကိုင်ခဲ့ဖူးသလို မန်ချက်စတာစီးတီး ယူ ၂၃ အသင်း၊ မန်ချက်စတာစီးတီး အကယ်ဒမီ နည်းပြ၊ စီးရီးအေ ကလပ် ပါးမား နည်းပြ အဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ လက်စတာစီးတီးကို စတင် ကိုင်တွယ်ခဲ့တဲ့ မာရက်စ်ကာဟာ သူ့လက်ထက်မှာ လက်စတာက ၅၃ ပွဲ ကစား၊ ၃၆ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၁၃ ပွဲရှုံး၊ ရလဒ် ပိုင်ဆိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် ဖလား ၆ ကြိမ် အထိ ကိုင်မြှောက်နိုင်ခဲ့ပြီး အက်ဖ်အေဖလား ၂ ကြိမ်၊ ကွန်မြူနတီဒိုင်း ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ် အင်တာကွန်တီနန်တယ်ဖလား ၁ ကြိမ် ရရှိခဲ့သူ ဖြစ်ပါတယ်။
ဘက်ဆစ်တပ်စ် နည်းပြ ဖြစ်ဖို့ နီးစပ်ခဲ့သေးတဲ့ ဆိုးလ်ရှား

 The Sunရဲ့ ဖော်ပြချက်အရတော့ ယူနိုက်တက် နည်းပြဟောင်း ဆိုးလ်ရှားနဲ့ပါ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ လက်စတာစီးတီးက သူတို့ အသင်းကို တစ်ရာသီသာ ကိုင်တွယ်ခဲ့ ပြီး ပရီးမီးယားလိဂ် ဆီ ပြန်လည် ပိုဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြ မာရက်စ်ကာကို ဆုံးရှုံးလိုက်ရလို့ သူ့နေရာ အတွက် မန်ယူနိုက်တက်ရဲ့ တိုက်စစ် ကစားသမားဟောင်း (၂) ဦးနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ကနဦးမှာတော့ ပီအက်စ်ဗွီ အင်ဟိုဗင် နည်းပြနဲ့ ယူနိုက်တက် ကစားသမားဟောင်း ရု့ဒ် ဗန် နစ္စတယ်ရွိင်းနဲ့ ဖြစ်ပြီး အခုလည်း ဆိုးလ်ရှား နဲ့ပါ သတင်းတွေ ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဆိုးလ်ရှား ကလည်း ယူနိုက်တက် နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံရပြီး နောက်ပိုင်း အခုချိန်ထိ အသင်း လက်မဲ့ ဖြစ်နေတဲ့ နည်းပြ ဖြစ်ပါတယ်။ ထိပ်တန်း နည်းပြ တစ်ဦး မဟုတ်ပေမယ့်လည်း ယူနိုက်တက်နဲ့ အတူ အတွေ့အကြုံများစွာ ရှိခဲ့ရတဲ့ ဆိုးလ်ရှားကို ကလပ် အသင်း တချို့နဲ့ နိုင်ငံလက်ရွေးစင်အသင်း တချို့က နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆက်သွယ်မှုတွေ ရှိထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုအချိန်ထိ အဆင်ပြေမှု မရရှိသေးပဲ ဆိုးလ်ရှား အနေနဲ့ အသင်း လက်မဲ့သာ ဖြစ်နေဆဲပါ။

ဆိုးလ်ရှားဟာ ကစားသမားဘဝမှာ မန်ချက်စတာယူနိုက်တက်နဲ့ အတူ ဆုဖလား အောင်မြင်မှု များစွာ ရရှိခဲ့သူ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ဖလား ၆ ကြိမ် အထိ ကိုင်မြှောက်နိုင်ခဲ့ပြီး အက်ဖ်အေဖလား ၂ ကြိမ်၊ ကွန်မြူနတီဒိုင်း ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ် အင်တာကွန်တီနန်တယ်ဖလား ၁ ကြိမ် ရရှိခဲ့သူ ဖြစ်ပါတယ်။ နည်းပြ ဘဝမှာတော့ ယူနိုက်တက်နဲ့ အတူ ၂၀၂၀/၂၁ ယူရိုပါလိဂ် ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့တာက အမြင့်ဆုံး အောင်မြင်မှု ဖြစ်ပါတယ်။ဆိုးလ်ရှား ကိုတော့ အခုရက်ပိုင်း အတွင်းမှာ တူရကီ ကလပ် ဘက်ဆစ်တပ်စ် အသင်းကို ကိုင်တွယ်ဖို့ နီးစပ်ခဲ့သေးပေမယ့် အဆင်မပြေခဲ့ပါဘူး။ ဆိုးလ်ရှား အနေနဲ့ လက်စတာ နည်းပြ ရာထူးနဲ့ အတူ ပရီးမီးယားလိဂ် ဆီ ပြန်လာဖို့ အခွင့်အရေး ရလာပြီ ဖြစ်တာကြောင့် အခွင့်အရေးကို အကောင်းဆုံး အသုံးချသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်