နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘိုလော့ဂ်နာ တိုက်စစ်မှူး ဇီယက်ဇီးကို လက်ဦးမှု ရယူပြီး ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်း ကတော့ အသင်းကြီး အများစုရဲ့ ပစ်မှတ် ဖြစ်နေတဲ့ ဘိုလော့ဂ်နာ တိုက်စစ်မှူး ဖြစ်တဲ့ ဂျော်ရွှာ ဇီယက်ဇီးကို လက်ဦးမှု ရယူပြီး ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ယူနိုက်တက်က နယ်သာလန် တိုက်စစ် ကြယ်ပွင့်လေး ဇီယက်ဇီးကို ခေါ်ယူနိုင်ဖို့ အတွက် ကစားသမားနဲ့ ဆွေးနွေးမှုတွေတောင် စတင် လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ နာမည်ကျော် ဘောလုံးသတင်းထောက် ဒေးဗစ် အွန်စတိန်းက ဖော်ပြထားခဲ့ပါတယ်။

ဇီယက်ဇီးဟာ ပြီးခဲ့တဲ့ ရာသီက ဘိုလော့ဂ်နာ အတွက် စီးရီးအေ ပွဲစဉ် ၃၄ ပွဲ ကစားရာမှာ သွင်းဂိုး (၁၁) ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ၄ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ ဒါ့အပြင် ဒီကစားသမားက အသင်းကို ချန်ပီယံလိဂ် ဝင်ခွင့် ရရှိအောင် တစ်ထောင့် တစ်နေရာ နေရာ ကနေ စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို ဥရောပ ထိပ်တန်း ကလပ် အသင်း များစွာက စိတ်ဝင်စားလာခဲ့ပြီး ပရီးမီးယားလိဂ် ကလပ် တော်တော်များများ ကလည်း စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ 

အေစီမီလန် ကလည်း ဇီယက်ဇီးကို ခေါ်ယူဖို ပုဂ္ဂိုလ်ရေး ဆိုင်ရာ သဘောတူညီမှုတွေပါ ရရှိထားပါသေးတယ်။ ဒါပေမယ့်လည်း ကစားသမားနဲ့ သဘောတူညီမှု ရရှိထားချိန်မှာ အေးဂျင့် ဖြစ်သူနဲ့ အပြောင်းအရွှေ့ အတွက် ကော်မရှင်ခ တောင်းဆိုရာ မှာတော့ အဆင်ပြေမှုတွေ ရှိနေတာကြောင့် ကြန့်ကြာနေတယ်လို့ သိရပါတယ်။ အကယ်၍ ဇီယက်ဇီးရဲ့ အေးဂျင့် အတွက် ကော်မရှင်ခ ညှိနှိုင်းလို့ အဆင်ပြေမယ် ဆိုရင်တော့ ဘိုလော့ဂ်နာနဲ့ ဆက်လက် ညှိနှိုင်းပြီး ခေါ်ယူသွားနိုင်ဖို့ ရှိနေပါတယ်။ 

ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းမှာ လက်တလော ဟွိုက်ဂျ်လန်း တစ်ဦးတည်းသာ အထောင် တိုက်စစ်မှူး အဖြစ် ရှိနေတာ ဖြစ်တာကြောင့် ကစားသမား အများအပြားကို ပစ်မှတ်ထားလျက် ရှိတာပါ။
ဇီးယက်ဇီး အတွက် စာချုပ်ဖျက်သိမ်းကြေး ပေးပြီး ခေါ်ယူဖို့ ရှိနေတဲ့ ယူနိုက်တက်

ယူနိုက်တက်ဟာ လက်ရှိမှာ တိုက်စစ်မှူး အန်တိုနီ မာစီရယ်နဲ့ စာချုပ်သက်တမ်း ကုန်ချိန်မှာ လက်လွှတ်ရဖို့ ရှိနေတာကြောင့် တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းမှာ လက်တလော ဟွိုက်ဂျ်လန်း တစ်ဦးတည်းသာ အထောင် တိုက်စစ်မှူး အဖြစ် ရှိနေတာ ဖြစ်တာကြောင့် ကစားသမား အများအပြားကို ပစ်မှတ်ထားလျက် ရှိတာပါ။ အသက် (၂၃) နှစ် အရွယ်သာ ရှိသေးတဲ့ ဘေယန်မြူးနစ် ကစားသမားဟောင်း ဇီယက်ဇီးဟာ ဘေယန်မြူးနစ်မှာ စီနီယာ ကစားသမား ဘဝကို စတင်ခဲ့ပေမယ့်လည်း အသင်းမှာ နေရာ သိပ်မရခဲ့တာကြောင့် ပါးမားနဲ့ အန်ဒါလက်ချ် တို့မှာ အငှားသွား ကစားခဲ့ရပါတယ်။ နောက်ဆုံး မှာတော့ ဘိုလော့ဂ်နာ အသင်းကို အပြီးသတ် ပြောင်းရွှေ့ခဲ့ပြီးနောက် ခြေစွမ်းကောင်းတွေ ပြသနိုင်တာကြောင့် လက်ရှိမှာတော့ အသင်းကြီး တစ်သင်းဆီ ရောက်ရှိဖို့ များနေခဲ့ပြီ ဖြစ်ပါတယ်။ 

ဇီယက်ဇီးနဲ့ ဘိုလော့ဂ်နာ အကြားမှာ ယူရို သန်း (၄၀)တန် စာချုပ် ဖျက်သိမ်းကြေး ရှိနေပြီး ဒီပမာဏက ယူနိုက်တက် အတွက် အဆင်ပြေနိုင်လောက်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ အကယ်၍ ယူနိုက်တက် အနေနဲ့ ဒီပမာဏကို ပေးချေမယ် ဆိုရင်တော့ ကစားသမားနဲ့ အလျင်အမြန် သဘောတူညီမှု ရယူပြီး မကြာခင်မှာ အပြောင်းအရွှေ့ အထမြောက်သွားဖို့တော့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်