နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အုပ်စုတွင်း ရာနှုန်းပြည့် နိုင်ပွဲနဲ့ ရှုံးထွက်တက်ခဲ့တဲ့ စပိန် | ယူရို ၂၀၂၄ (ပွဲပြီးသုံးသပ်ချက်)

စပိန် ၁-၀ အဲလ်ဘေးနီးယား

ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၄ အုပ်စု (B)ရဲ့ ပွဲစဉ် ၃ မှာတော့ စပိန်က အဲလ်ဘေးနီးယားကို ဖာရန်း တောရက်စ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါကြောင့် လူးဝစ္စ ဒီလာ ဖျူအန်တေးရဲ့ အသင်းက အုပ်စုတွင်း ရာနှုန်းပြည့် နိုင်ပွဲနဲ့ အတူ ၁၆ သင်း အဆင့်ကို တက်လှမ်းသွားခဲ့ပြီး အဲလ်ဘေးနီးယား ကတော့ အိမ်ပြန်သွားခဲ့ရပြီ ဖြစ်ပါတယ်။

အဖွင့် နှစ်ပွဲ အနိုင်ရထားတဲ့ စပိန်က ရှုံးထွက်တက်ပြီးသား ဖြစ်တာကြောင့် အရန် ကစားသမား အပြောင်းအလဲ များစွာ ပြုလုပ်လာခဲ့ပါတယ်။ ဂိုးမှာ ရာယာ၊ နောက်တန်းမှာ လာပေါ့တ်၊ ဗီဗီယန်၊ နားဗက်စ်၊ ဂရီမဲလ်ဒို၊ ကွင်းလယ်မှာ မာရီနို၊ ဇူဘီမန်ဒီ၊ ဒန်နီ အော်လမို၊ ဖာရန်း တောရက်စ်၊ အိုယာဇာဘယ်၊ အထောင် တိုက်စစ်မှာတော့ ဟိုဆေးလူ ပွဲထွက်လာခဲ့ပါတယ်။ အဲလ်ဘေးနီးယား ကတော့ ခပ်ရေးရေး မျှော်လင့်ချက်ကို အသက်သွင်းဖို့ အတွက် သူတို့ရဲ့ အကောင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာပြီး စထရက်ကိုရှာ၊ ဂျင်မ်စီတီ၊ ရာမာဒါနီ၊ အာဆာလာနီ၊ လက်ဆီ တို့လို ကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း ယူရို ၂၀၂၄ ချန်ပီယံဆုဆီ သွားရာ လမ်းကြောင်းကို ပြန်ကြည့်ရင်တော့ စပိန်ဟာ ကွာတားဖိုင်နယ် အဆင့် ကနေ စတင် ခက်ခဲဖို့ ရှိနေပြီး ဂျာမနီနဲ့တောင် စောစောစီးစီး တွေ့ဆုံဖို့ များနေပြီ ဖြစ်ပါတယ်။
ယူရို ၂၀၂၄ အုပ်စု အဆင့်မှာ နိုင်ပွဲ တစ်ပွဲမှ မရခဲ့တဲ့ အဲလ်ဘေးနီးယား

စပိန်ဟာ ကစားသမား အင်အားချင်း ကွာဟနေတဲ့ အလျောက် အဲလ်ဘေးနီးယားကို ပွဲစကတည်းက အသာစီးနဲ့ ကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပွဲအစ ၁၃ မိနစ်မှာတင်ပဲ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး ဒန်နီ အော်လမိုရဲ့ ဖန်တီးပေးမှု ကနေ ဖာရန်း တောရက်စ်က သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးကို ပြန်ကြည့်ရင် အော်လမိုရဲ့ ပါးနပ်တဲ့ ဖန်တီးမှုကို တွေ့ရမှာ ဖြစ်သလို ဖာရန်း တောရက်စ်ရဲ့ အဆုံးသတ် ပါးနပ်မှုကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ စပိန်တို့ ဦးဆောင်ဂိုး သွင်းယူခဲ့ပြီးနောက် အဲလ်ဘေးနီးယားတို့ ချေပဂိုး ရရှိရေး အားထည့်ခဲ့လို့ ဂိုးပေါက် ကန်ချက်တွေ အကြိမ်ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း စပိန်က ပွဲကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပြီး အဲလ်ဘေးနီးယား ကလည်း အဆုံးသတ် အားနည်းခဲ့တာကြောင့် ၁-၀ ရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပါတယ်။

ဒီရလဒ်ကြောင့် ပွဲအပြီးမှာ စပိန်က ယူရို ၂၀၂၄ အုပ်စု ပွဲစဉ် ၃ ပွဲ ကစားအပြီး ၃ ပွဲစလုံး အနိုင်ရကာ ရမှတ် ၉ မှတ်နဲ့ ရှုံးထွက်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ အဲလ်ဘေးနီးယား ကတော့ ၃ ပွဲ ကစားပြီးချိန်မှာ ၁ ပွဲသရေ၊ ၂ ပွဲ ရှုံး ရမှတ် ၁ မှတ်နဲ့ အုပ်စု အောက်ဆုံး နေရာမှာ ရပ်တည်ခဲ့ပြီး ယူရို ၂၀၂၄ ကိုတော့ အုပ်စု အဆင့်နဲ့ပဲ လက်ပြ နှုတ်ဆက်သွားခဲ့ရပါတယ်။

၁၆ သင်း ရှုံးထွက်အဆင့်မှာ ထိုင်စောင့်နေပြီ ဖြစ်တဲ့ စပိန် ကတော့ အကောင်းဆုံး အုပ်စု တတိယရတဲ့ အသင်းတွေထဲက တစ်သင်းနဲ့ တွေ့ဆုံရဖို့ ရှိပြီး ကွာတားဖိုင်နယ် တက်ဖို့လည်း လမ်းကြောင်း ချောင်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် စပိန်ဟာ ယူရို ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ ၁၂ ကြိမ်မှာ ရှုံးထွက် အဆင့် ကိုတော့ ၈ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲ နောက်ဆုံး ၅ ကြိမ်ဆက် ရှုံးထွက်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ စပိန်ရဲ့ လက်ရှိ ခြေစွမ်းအရ ဆိုရင် ပြိုင်ဘက်တိုင်းကို အကောင်းဆုံး ကျော်ဖြတ်နိုင်စွမ်း ရှိနေပြီး ကစားသမား အင်အားပိုင်းမှာလည်း လူငယ် ကြယ်ပွင့် ကစားသမားတွေနဲ့ တော်တော်လေးကို တောင့်တင်းလွန်းနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူရို ၂၀၂၄ ချန်ပီယံဆုဆီ သွားရာ လမ်းကြောင်းကို ပြန်ကြည့်ရင်တော့ စပိန်ဟာ ကွာတားဖိုင်နယ် အဆင့် ကနေ စတင် ခက်ခဲဖို့ ရှိနေပြီး ဂျာမနီနဲ့တောင် စောစောစီးစီး တွေ့ဆုံဖို့ များနေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်