နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒီလစ်ဂျ် အပြင် ဘရီမာကိုပါ ခေါ်ယူချင်နေတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေပြီး ဘေယန်မြူးနစ် နောက်ခံလူ မားသီးယက်စ် ဒီလစ်ဂျစ်ကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ အခုနောက်ဆုံး ရရှိတဲ့ သတင်းတွေအရ ဆိုရင်တော့ ယူနိုက်တက်ဟာ ဒီလစ်ဂျ် အပြင် ဂျူဗင်တပ်စ် အသင်းရဲ့ ဗဟိုခံစစ်မှူး ဂလိုင်ဆင် ဘရီမာကို ခေါ်ယူဖို့ပါ မျက်စိကျနေတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး ကလပ်ဟာ ဒီနွေရာသီမှာ ဗဟိုခံစစ်နေရာ အတွက် ကစားသမားသစ် ၂ ဦး လောက်အထိ ဖြည့်ယူ အားဖြည့်သွားဖို့ ရှိနေပြီးတော့ အဲဗာတန်က ဘရန့်ဝိတ်သ်၊ ဘေယန်မြူးနစ်က ဒီလစ်ဂျ်၊ နိစ်က တိုဒီဘို၊ လိုင်လီက ယိုရိုနဲ့ ဂျူဗင်တပ်စ်က ဘရီမာ တို့ကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီနွေရာသီမှာ အရည်အသွေးမြင့် ထိပ်တန်းအဆင့်ရှိတဲ့ ဗဟိုခံစစ်ကစားသမားတွေကို ဦးစားပေး ပစ်မှတ်ထားနေတာ ဖြစ်ပြီး လက်ရှိ အချိန်ထိတော့ ခေါ်ယူဖို့ မျက်စိကျနေဆဲ အဆင့်မှာပဲ ရှိနေသေးတာပါ။ ယူနိုက်တက်ကို ပြောင်းရွှေ့ဖွယ် အရှိဆုံး ကစားသမား ကတော့ ဘေယန်မြူးနစ်က နယ်သာလန် နောက်ခံလူ မားသီးယက်စ် ဒီလစ်ဂျ် ဖြစ်ပြီး ယူနိုက်တက် အနေနဲ့ ဒီလစ်ဂျ်ကို ခေါ်ယူနိုင်ခဲ့မယ် ဆိုရင်တောင် နောက်ထပ် ခံစစ် ကစားသမား တစ်ဦးကို ထပ်မံ ခေါ်ယူသွားဖို့လည်း ရှိနေတာပါ။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီအကုန်မှာ အသင်းရဲ့ ဝါရင့် ဗဟိုခံစစ်မှူး ဖြစ်တဲ့ ရာဖေးလ် ဗာရန်းကို ဆုံးရှုံးထားရသလို အီဗန့်စ် ကိုလည်း လက်ရှိမှာ လက်လွှတ်ထားရပါတယ်။ ဒါ့အပြင် ဟယ်ရီ မက်ဂွိင်းယားနဲ့ လင်ဒီလော့ဖ် တို့ကလည်း အသင်းမှာ အနာဂတ် မသေချာတော့တာကြောင့် ခံစစ်ပိုင်း လိုအပ်ချက်တွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။ နည်းပြ အဲရစ်ခ် တန်ဟက်ဂ် အနေနဲ့ကလည်း ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း တိုးထားပြီး ဖြစ်သလို အသင်း ဘက်ကလည်း သူ့ရဲ့ စိတ်ကြိုက် ကစားသမား ခေါ်ယူခွင့်ပေးဖို့ပါ ရှိနေပါတယ်။ ဒါကြောင့် တန်ဟက်ဂ်က ဒီနွေရာသီ ဈေးကွက်ထဲမှာ တပည့်ဟောင်း ဒီလစ်ဂျ်ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အပြင် နောက်ထပ် ခံစစ်မှူးတစ်ဦးကို ထပ်မံ ခေါ်ယူ အားဖြည့်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒီအချိန်မှာပဲ ယူနိုက်တက်က သူတို့ရဲ့ ဗဟိုခံစစ် ပစ်မှတ်တွေထဲမှာ ဂျုဗင်တပ်စ် အသင်းရဲ့ ခံစစ်မှူး ဂလိုင်ဆင် ဘရီမာကိုပါ ထည့်သွားထားခဲ့တာပါ။

ဒါ့အပြင် ဘရီမာ ကိုယ်တိုင်က သူ့ကို ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အပါအဝင် ထိပ်တန်း ကလပ်တွေက စိတ်ဝင်စားနေတဲ့ အတွက် ဝမ်းမြောက် ဂုဏ်ယူမိကြောင်း ဖွင့်ဟထားခဲ့ပြီး ဖြစ်ပါတယ်။ ဘရီမာက “ထိပ်တန်း ကလပ် အသင်း တချိုရဲ့ စိတ်ဝင်စားမှုတွေ ရရှိနေတဲ့ အပေါ် ကျွန်တော် တကယ်ကို ဝမ်းမြောက် ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် ကျွန်တော်က လက်ရှိမှာလည်း ဂျုဗင်တပ်စ်လို ထိပ်တန်း အသင်း တစ်သင်းမှာ ပါဝင်နေ ရတာပါ။ “ကျွန်တော့်မှာ ရည်မှန်းချက်တွေ အများကြီးလည်း ရှိနေပါသေးတယ်။ ဘရာဇီးလ်နဲ့လည်း ကမ္ဘာ့ဖလားပြိုင်ပွဲကို တစ်ကြိမ် နှစ်ကြိမ်လောက် ပါဝင်ဆင်နွဲချင်ပါသေးတယ်။ နောက်ပြီး ဥရောပမှာ ရှိတဲ့ ဆုဖလားတွေကို ဆွတ်ခူးနိုင်ဖို့ အတွက်လည်း တိုက်ပွဲဝင်သွားချင်ပါတယ်။” လို့ ဖွင့်ဟ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ဆုံး ရရှိတဲ့ သတင်းတွေအရ ဆိုရင် ဘရီမာက ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို ငြင်းဆန်ထားပြီး ကမ္ဘာ့အကောင်းဆုံး အသင်း တစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ်စ်မှာ ဆက်နေချင်ကြောင်း ပြောကြားထားတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ ဘရီမာဟာ ဘရီမာဟာ ဘရာဇီးလ်နဲ့ အတူ ကိုပါအမေရိကဖလား ပြိုင်ပွဲဝင်နေပေမယ့် သူ့ရဲ့ အသင်း ကတော့ ကွာတားဖိုင်နယ် အဆင့်နဲ့ပဲ အိမ်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကစားသမား အနေနဲ့ ဥရောပလိဂ် ပြိုင်ပွဲတွေ မစတင်ခင် သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ ခေါင်းအေးအေးထား စဉ်းစားနိုင်တော့မှာ ဖြစ်ပြီး မကြာခင်မှာ ဆုံးဖြတ်ချက်လည်းချသွားဖွယ် ရှိနေပါတယ်။  ဂျူဗင်တပ်စ် ဘက်ကတော့ သူတို့ အသင်းရဲ့ အဓိက ဗဟိုနောက်ခံလူ တစ်ဦး ဖြစ်တဲ့ ဘရီမာကို ရောင်းထုတ်ဖို့ထက် အသင်းမှာ ဆက်ထိန်းထားဖို့ လိုလားနေတဲ့ သဘောမှာ ရှိပါတယ်။ အကယ်၍ ရောင်းထုတ်ခဲ့မယ် ဆိုရင်လည်း မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့သာ လက်လွှတ်သွားဖို့ ရှိနေလို့ ယူနိုက်တက် အတွက်တော့ ခက်ခဲဖွယ် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်