နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရီးရဲလ် ပြောင်းချင်တဲ့ ခံစစ်မှူးလေးကို အရခေါ်ယူခဲ့တဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်း ကတော့ လိုင်လီ လူငယ် ဗဟိုခံစစ်မှူး လီနီ ယိုရိုကို ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ + အပိုဆုကြေးတွေနဲ့ ခေါ်ယူဖို့ အတွက် သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ အစောပိုင်းမှာ ယူနိုက်တက်က လိုင်လီနဲ့သာ သဘောတူညီမှု ရရှိထားခဲ့ပေမယ့် လက်ရှိမှာတော့ ယိုရိုနဲ့ ပုဂ္ဂိုလ်ရေးအရ အရပါ သဘောတူညီမှု ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အသက် ၁၈ နှစ် အရွယ် ပြင်သစ် ကစားသမားလေးက တိုက်စစ်မှူးသစ် ဂျော်ရွှာ ဇီယက်ခ်ဇီး ပြီးရင် ယူနိုက်တက်ရဲ့ ဒီနွေရာသီ ဒုတိယမြောက် ခေါ်ယူတဲ့ ကစားသမားလည်း ဖြစ်လာတော့မှာပါ။ အရပ်အမောင်း ၆ ပေ ၃ လက်မ ရှိတဲ့ လီနီ ယိုရိုဟာ သူရဲ့ ဆန္ဒအရတော့ ယူနိုက်တက်ဟာ သူပြောင်းရွှေ့လိုတဲ့ ဦးစားပေး ကလပ် မဟုတ်တာတော့ သေချာပါတယ်။ ယိုရိုဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှုကို စောင့်ဆိုင်းနေပေမယ့် လက်ရှိ အချိန်ထိ ရောက်ရှိလာခဲ့ခြင်း မရှိတာကြောင့် ယူနိုက်တက်ကိုပဲ ရွေးချယ်လိုက်ရတဲ့ သဘော ဖြစ်ပါတယ်။ ဘာပဲပြောပြော လက်ရှိမှာ ယိုရိုက ဆေးစစ်မှုတွေ အားလုံး ပြီးဆုံးသွားတာနဲ့ ယူနိုက်တက်နဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုသွားရတော့မှာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဗဟိုခံစစ် နေရာ အတွက် ပရီးမီးယားလိဂ် ပြိုင်ဘက် အဲဗာတန်က ဘရန့်ဝိတ်သ်ကို နှစ်ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း နှစ်ကြိမ်စလုံး ပယ်ချခံခဲ့ရပြီး ဒီလစ်ဂျ် ကိုတော့ တရားဝင် မကမ်းလှမ်းခဲ့ပါဘူး။ ဒါပေမယ့်လည်း ယူနိုက်တက်က ဒီလစ်ဂျ် ကိစ္စမှာ ကစားသမားနဲ့ရော အသင်းနဲ့ပါ ဆက်သွယ်မှုတွေ လုပ်ဆောင်ထားခဲ့သလို ခေါ်ယူနိုင်ဖို့လည်း သေချာသလောက် ရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်က အဲဗာတန် နောက်ခံလူ ဘရန့်ဝိတ်သ်ကို ခေါ်ယူဖို့ အဲဗာတန် ဘက်က တောင်းဆိုတဲ့ တန်ကြေး မြင့်မားလွန်းနေတာကြောင့် လက်လျော့လိုက်ပြီလို့တောင် ပြောလို့ ရပါတယ်။ ဒါကြောင့် ယူနိုက် တက်က ဒီလစ်ဂျ်နဲ့ ယိုရို တို့ကိုသာ ပစ်မှတ်ထားလာခဲ့ပြီး အခု လက်ရှိမှာတော့ ယိုရို တစ်ဦးတည်း အတွက်သာ ကမ်းလှမ်းမှု လုပ်ဆောင်ခဲ့ပြီး အရ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်က ယိုရိုကို ပြီးခဲ့တဲ့ တစ်ပတ် ကတည်းက ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီကမ်းလှမ်းမှု ကိုလည်း လိုင်လီ ဘက်က လက်ခံထားသည့်တိုင်အောင် ကစားသမား ကတော့ ယူနိုက်တက်ထက် ရီးယဲလ်မက်ဒရစ် ဆီသာ ပြောင်းရွှေ့ချင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့က ယိုရိုရဲ့ ဆုံးဖြတ်ချက် အပေါ်မှာသာ မူတည်ခဲ့ပြီး အခုနောက်ဆုံးမှာတော့ ပရီးမီးယားလိဂ် ကလပ် ကိုပဲ ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီလစ်ဂျ် အနေနဲ့ ကလည်း ယူနိုက်တက် ဘက်က သူ့အတွက် တရားဝင် ကမ်းလှမ်းမှုတွေ မလုပ်ဆောင်ထားသေးပေမယ့် ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို စိတ်အားထက်သန်နေဆဲလို့ သိရပါတယ်။ ဒါပေမယ့် ဒီလစ်ဂျ် အတွက် ဘေယန် ဘက်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်လို့ အဆင်မပြေ ဖြစ်နေပြီး ဘေယန် ပရိသတ်တွေ ကလည်း ဒီလစ်ဂျ်ကို အသင်းကနေ ရောင်းချခြင်း မပြုဖို့ပါ လက်မှတ်ထိုး တောင်းဆိုထားတာတွေ ရှိနေပါတယ်။

ဒါ့အပြင် အခုလက်ရှိမှာ ယူနိုက်တက်က လီနီ ယိုရို ကိုသာ ခေါ်ယူလိုက်တာကြောင့် ဒီလစ်ဂျ်ကို ဆက်လက် ကြိုးစားသွားဖွယ် မရှိတော့ပဲ အခြားသော နေရာတွေ အတွက်ပဲ ခေါ်ယူ အားဖြည့်သွားဖွယ် ရှိနေပြီ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်