နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တန်းတက် ကလပ် ကိုမိုကို ပြောင်းရွှေ့ကစားဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်တဲ့ ဗာရန်း

ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက် တိုရဲ့ ကစားသမားဟောင်း ရာဖေးလ် ဗာရန်း ကတော့ အီတလီ စီးရီး အေ တန်းတက် ကလပ် ကိုမို အသင်းကို ၂ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ စာချုပ်ပါ အချက်အလက်တွေအရ ဆိုရင်တော့ ကိုမို အနေနဲ့ ဗာရန်းကို ၁ နှစ် သက်တမ်းတိုးခွင့်လည်း ရှိမှာ ဖြစ်ပါတယ်။

ဒီသတင်း ကိုတော့ နာမည်ကျော် ဘောလုံး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြလာခဲ့တာ ဖြစ်ပြီး မကြာခင်မှာ တရားဝင် ကြေညာသွားဖွယ် ရှိနေပါတယ်။ ကိုမို ကိုတော့ လာလီဂါ ကလပ် ဘာစီလိုနာနဲ့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်နဲ့ ချဲလ်ဆီး တိုရဲ့ ကစားသမားဟောင်း ဆက်စ် ဖာဘရီဂတ်စ်က ကိုင်တွယ်နေတာ ဖြစ်ပါတယ်။

ကိုမိုဟာ ၁၉၀၇ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တဲ့ အသင်း ဖြစ်ပြီး ၂၀၀၂/၂၀၀၃ ဘောလုံးရာသီ နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် စီးရီးအေကို တန်းပြန်တက်လာခဲ့တာ ဖြစ်ပါတယ်။ ကိုမိုဟာ ပြီးခဲ့တဲ့ရာသီက စီးရီးဘီ မှာ အဆင့် ၂ နေရာ ရခဲ့ပြီးတော့ သမိုင်း တစ်လျှောက် ၄ ကြိမ်မြောက် အဖြစ် စီးရီးအေ ကို တက်လှမ်းခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ကိုမိုဟာ လက်ရှိ အချိန်ထိ ကစားသမား ၅ ဦး ခေါ်ယူထားပြီး ဗာရန်း ကတော့ ၆ ဦးမြောက် ခေါ်ယူမှုလည်း ဖြစ်ပါတယ်။ ကိုမိုဟာ တိုရီနိုက ကိုနေး၊ ဩစတြီးယား ဝီယင်က မားသီးယပ်စ် ဘရွန်နိုဒါ၊ ရိုးမားက အန်ဒရီရာ ဘယ်လော့တီ၊ ကက်ဂလီယာရီက ဒေါ့ဆီနာ၊ လက်ချီက စထရက်ဖက်ဇာ တို့ကို ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၁ နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ဗဟို ခံစစ်မှူး ရာဖေးလ် ဗာရန်းဟာ ဒီနွေရာသီမှာ ယူနိုက်တက်နဲ့ စာချုပ် သက်တမ်း ပြည့်လို့ လမ်းခွဲထားသူ ဖြစ်ပါတယ်။ ဒီလို အသင်းလက်မဲ့ ဖြစ်နေတဲ့ ဥရောပ အတွေ့အကြုံရင့် ကစားသမား ဗာရန်းကို ဆော်ဒီပရိုလိဂ်နဲ့ မေဂျာလိဂ် ကလပ်တွေ အပြင် ဥရောပက ကလပ်တွေပါ ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဗာရန်း ကတော့ စီးရီးအေ တန်းတက် ကလပ်ငယ်လေး ကိုမို ကိုသာ ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။

ဗာရန်းဟာ ကိုမိုရဲ့ ပရောဂျက်တွေကို သဘောကျခဲ့ပြီးတော့ စာချုပ် စာတမ်း ကိစ္စတွေ အတွက်သာ အနည်းငယ် အချိန်ပေးခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဗာရန်းက ကိုမိုကို ပြောင်းရွှေ့ဖို့ ရာနှုန်းပြည့်နီးပါး သေချာနေခဲ့ပြီ ဖြစ်ပါတယ်။ ကိုမိုဟာ သူတို့ အသင်းရဲ့ ကစားသမားဟောင်း ဖြစ်တဲ့ ဖာဘရီဂတ်စ်ကို နည်းပြ အဖြစ် ခန့်အပ်ခဲ့ပြီးနောက် စီးရီးအေကို တန်းတက်ကစားခွင့်ရထားခဲ့တာပါ။ ဒါကြောင့် ထိပ်တန်းလိဂ် တစ်ခုမှာ တခြား အသင်းတွေနဲ့ ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်ဖို့ အတွက် ကစားသမားကောင်း တချို့ ခေါ်ယူ အားဖြည့်ဖို့ လိုအပ်ခဲ့ပြီး ဗာရန်းလို ထိပ်တန်း နောက်ခံလူ တစ်ဦးကို အသင်းဆီ အရ ခေါ်ယူခဲ့တာက အားရစရာပဲ ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင် ဗာရန်းရဲ့ အပြောင်းအရွှေ့ အတွက် အဓိကကျခဲ့သူ ကတော့ နည်းပြ ဆက်စ် ဖာဘရီဂတ်စ် ဖြစ်တယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်