နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက် အတွက်ဆို သေဖို့တောင် အသင့်ဖြစ်နေပြီ ဆိုတဲ့ လီနီ ယိုရို | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ ကစားသမားသစ် လီနီ ယိုရို ကတော့ ကလပ် အတွက် ဆိုရင် သေဖို့တောင် အဆင်သင့် ဖြစ်နေပြီလို့ ပြောဆိုလာခဲ့ပါတယ်။ ယိုရိုဟာ ပြီးခဲ့တဲ့ ရက်ပိုင်း ကမှ ပြင်သစ် ကလပ် လိုင်လီ ကနေ ယူနိုက်တက်ကို ယူရို ၆၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူလည်း ဖြစ်ပါတယ်။

အစောပိုင်းမှာ အသက် ၁၈ နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် ဗဟိုခံစစ်မှူးလေးက ပရီးမီးယားလိဂ် ကလပ်ထက် လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ကိုသာ ပိုပြီး ပြောင်းရွှေ့ချင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ ယိုရိုက ယူနိုက်တက် ပရိသတ်တွေ သံသယ ကင်းရှင်းစေမယ့် စကားမျိုးကို အခိုင်အမာ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ယိုရိုက ရိန်းဂျားစ်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာလည်း ယူနိုက်တက် အတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ယူနိုက်တက်မှာ ခပ်မြန်မြန် အသားကျဖို့ ရှိနေတဲ့ ယိုရိုက ရာသီသစ်မှာ အဲရစ်ခ် တန်ဟက်ဂ် စိတ်ကြိုက် ပွဲထွက်ခွင့် အပြည့်အဝ ရနိုင်သူလည်း ဖြစ်လာဖို့ ရှိနေပါတယ်။ ယိုရို အနေနဲ့ ရာသီသစ်မှာတော့ ဂျွန်နီ အီဗန့်စ်လို ဝါရင်ခံစစ်မှူးနဲ့ တွဲဖက် ကစားရမလား လီဆန်ဒရို မာတီနက်ဇ်နဲ့ပဲ တွဲဖက် ကစားရမလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ယိုရိုက အင်္ဂလန်မှာ ကစားရတဲ့ ဘောလုံး အဆင့်အတန်းက မိုက်ကြောင်း ဝန်ခံထားခဲ့ပြီး ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပရီးမီးယားလိဂ်မှာ သူ့ကိုယ်သူ စမ်းသပ်ဖို့လည်း စိတ်အားထက်သန်နေပါတယ်။
ယူနိုက်တက် အတွက် သေပေးဖို့ အဆင်သင့် ရှိနေတယ် ဆိုတဲ့ လီနီ ယိုရို

ယိုရိုက ပရီးမီးယားလိဂ် ကလပ်ကို ရောက်ပြီးနောက် သူ့ရဲ့ ပထမဦးဆုံး အင်တာဗျူး မှာတော့ “မန်ချက်စတာယူနိုက်တက်ဟာ ကမ္ဘာ့အကြီးကျယ် အခမ်းနားဆုံး ကလပ် တစ်ခုပါ။ ကျွန်တော့် အတွက်တော့ ဒီကလပ် အတွက် ကစားပေးဖို့က အိပ်မက် တစ်ခု ဖြစ်ပါတယ်။” လို့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ပြင်သစ် ခံစစ်မှူးလေးက “ကျွန်တော် တန်ဟက်ဂ်နဲ့ စကားပြောပြီးပါပြီ။ သူက တကယ် အနိုင်ရချင်တဲ့ ကစားသမားတွေကို အလိုရှိတာပါ။ သူ ကျွန်တော့်ကို ကွင်းထဲမှာ ကစားခွင့်ပေးတဲ့ အချိန် ကျွန်တော် ဒီကလပ် အတွက် သေပေးဖို့တောင် အဆင်သင့်ဖြစ်နေပါပြီ။” လို့ ဆိုခဲ့ပါသေးတယ်။

ဒါ့အပြင် ယိုရိုက အင်္ဂလန်မှာ ကစားရတဲ့ ဘောလုံး အဆင့်အတန်းက မိုက်ကြောင်း ဝန်ခံထားခဲ့ပြီး ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပရီးမီးယားလိဂ်မှာ သူ့ကိုယ်သူ စမ်းသပ်ဖို့လည်း စိတ်အားထက်သန်နေပါတယ်။ ဆယ်ကျော်သက် ဗဟိုခံစစ်မှူးလေးဟာ ပြီးခဲ့တဲ့ ရာသီက လီဂူး ၁ မှာ ပွဲစဉ်ပေါင်း ၃၂ ပွဲ ကစားခဲ့ပြီး အဲ့ထဲကမှ ပွဲ ၃၀ က ပထမပွဲလူစာရင်းမှာ ပါဝင်ကစားခဲ့ကာ သွင်းဂိုးလည်း ၂ ဂိုး ရခဲ့ပါတယ်။ ဒါ့အပြင် လိုင်လီတို့ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နိုင်အောင် ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ ယိုရိုက ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ကို ပြောင်းရွှေ့ဖြစ်ခဲ့တဲ့ အကြောင်းကို ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ ယိုရိုက “ကျွန်တော့် အတွက်တော့ ပရီးမီးယားလိဂ်က ကမ္ဘာပေါ်က အကြီးမားဆုံး ချန်ပီယံဆုပါပဲ။ ပရီးမီးယားလိဂ်က ဘောလုံးမှာ ပြည့်စုံတဲ့ နေရာ တစ်ခုပါ။ ပရိသတ်တွေ အပြင် အဆင့်အတန်း ကလည်း ရူးလောက်စရာပါ။ လွယ်ကူတဲ့ ပွဲတော့ မရှိပါဘူး၊ ကျွန်တော့် အတွက် ကတော့ ပရီးမီးယားလိဂ်က ကမ္ဘာပေါ်မှာ အကြီးမားဆုံးပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်