နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကင်မစ်ချ်ကို ခေါ်ယူဖို့ ဘေယန်မြူးနစ်နဲ့ ဆွေးနွေးနေတဲ့ ပီအက်စ်ဂျီ | လီဂူးဝမ်း

ပြင်သစ်လီဂူးဝမ်း ထိပ်သီး ပီအက်စ်ဂျီ အသင်း ကတော့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ စီစဉ်လျက်ရှိပြီး အစောပိုင်းမှာ ဘင်ဖီကာက ယာအို နီးဗက်စ်ကို စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ ပီအက်စ်ဂျီက ယာအို နီးဗက်စ် အပြင် ဘေယန်မြူးနစ် ကွင်းလယ်လူ ဂျော်ရွှင် ကင်မစ်ချ် ကိုပါ ထပ်ပြီး စိတ်ဝင်စားလာတာကြောင့် ဘွန်ဒက်စ်လီဂါ ကလပ်နဲ့လည်း ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။

လီဂူးဝမ် ကလပ် ပီအက်စ်ဂျီဟာ ဘင်ဖီကာရဲ့ ပေါ်တူဂီ ကွင်းလယ် ကြယ်ပွင့် ယာအို နီးဗက်စ်ကို ခေါ်ယူဖို့ တော်တော်လေး နီးစပ်နေတာ ဖြစ်ပါတယ်။ အသက် ၁၉ နှစ် အရွယ် ဘင်ဖီကာ ထုတ်ကုန် အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ အပြင် ရီနာတို ဆန်းချက်စ် ကိုပါ အလိုက်ပေး ခေါ်ယူသွားဖို့ ရှိနေတာပါ။ ပီအက်စ်ဂျီဟာ အသင်းရဲ့ ထိပ်တန်း ကစားသမး ကီလီယန် အမ်ဘာပေးကို ရီးရဲလ်မက်ဒရစ်ထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်လိုက်ရချိန်မှာ အရည်အသွေးမြင့် ကစားသမားတွေ ပြန်လည် ခေါ်ယူ ဖြည့်တင်းဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဂူးဝမ်း ထိပ်သီး တို့က အခုအချိန်ထိ ဂိုးသမား နေရာ အတွက်သာ ဖြည့်တင်းထားနိုင်သလို အမ်ဘာပေး အပြင် အက်ခီတီခီ၊ ကူဇာဝါနဲ့ နာဗက်စ် တို့ကိုပါ ထွက်ခွာခွင့်ပေးထားရပါတယ်။

ပီအက်စ်ဂျီက အမ်ဘာပေးကို လက်လွှတ်ထားရပေမယ့် တိုက်စစ်ပိုင်းမှာ အူစမန်နီ ဒမ်ဘီလီ၊ ဂွန်ဆာလို ရာမို့စ်၊ ဘာကိုလာ၊ ရန်းဒဲလ် ကိုလို မူအာနီ၊ မားကို့စ် အဆန်စီရိုနဲ့ လီကန်အင် တို့လို ကစားသမားတွေ ပိုင်ဆိုင်ထားပါသေးတယ်။ ဒါကြောင့် အားကောင်းနေဆဲ တိုက်စစ်ပိုင်း အစား ကွင်းလယ်ပိုင်း ကိုပဲ အင်အားဖြည့်တင်းဖို့ ရှိနေတာပါ။ ဒါ့အပြင် အသင်း ကနေလည်း အူဂါတီ အပြင် ရီနာတို ဆန်းချက်စ် ကိုပါ ရှင်းထုတ်သွားဖို့ ပြင်ဆင်နေပါတယ်။

အကယ်၍ ပီအက်စ်ဂျီသာ ယာအို နီးဗက်စ်ကို ခေါ်ယူနိုင်ခဲ့မယ် ဆိုရင်တော့ ယူနိုက်တက်က ကမ်းလှမ်းထားတဲ့ အူဂါတီကို ကျိန်းသေပေါက် ရောင်းထုတ်ဖို့ ရှိနေပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီက ယာအို နီးဗက်စ်၊ ဖာဘီယန် ရုအစ်ဇ်၊ ဗစ်တာဟာ၊ ဇိုင်း အမ်မရီ၊ ကားလို့စ် ဆိုလာတို့ ရှိနေတဲ့ ကွင်းလယ် အစုအဖွဲ့ကို ကင်မစ်ချ်လို အတွေ့အကြုံရှိပြီး အရည်အသွေးမြင့်တဲ့ ကွင်းလယ်လူ တစ်ဦး ပေါင်းထည့်သွားချင်နေတာ ဖြစ်ပါတယ်။

အသက် ၂၉ နှစ် အရွယ် ဂျာမနီ လက်ရွေးစင် ကွင်းလယ်လူ ဂျော်ရွှာ ကင်မစ်ချ်ဟာ လက်ရှိမှာ ဘေယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိပြီး စာချုပ်သက်တမ်း တိုးမြှင့်ဖို့ ကလည်း မသေချာသေးသူ ဖြစ်ပါတယ်။ ဒီအခြေအနေကို အနီးကပ် စောင့်ကြည့်နေတဲ့ ပီအက်စ်ဂျီက ကင်မစ်ချ် အတွက် ဘွန်ဒက်စ်လီဂါ ကလပ် ဘက်က ပြောင်းရွှေ့ကြေး ဘယ်လောက်အထိ သတ်မှတ်ထားသလဲ ဆိုတာ အပြင် ကင်မစ်ချ်ရဲ့ လစာ ကိုပါ စုံစမ်းပြီး ဆွေးနွေးမှုတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ကင်မစ်ချ်ဟာ ၂၀၁၅ ခုနှစ်မှာ ဘေယန်မြူးနစ်ကို စတင်ရောက်ရှိလာခဲ့ပြီးတော့ ၉ ရာသီ အတွင်း ပွဲပေါင်း ၃၉၀ အထိ ကစားပေးထားသူ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ကင်မစ်ချ်က ဘေယန်မြူးနစ် အတွက် အရေးပါတဲ့ ကစားသမား အဖြစ် ရှိနေဆဲ ဖြစ်ပြီး နည်းပြသစ် ကွန်ပနီ အနေနဲ့ ကင်မစ်ချ်ကို ဆက်ထိန်းဖို့ ကြိုးပမ်းမလား။ စာချုပ်သက်တမ်း မကုန်ခင်မှာပဲ ရောင်းထုတ်သွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်