နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒီနှစ် ဘယ်လွန်ဒေါဆုက ဗင်နီးစီးယပ်စ် အတွက်ပါလို့ ဆိုလိုက်တဲ့ အန်ဆယ်လော့တီ | လာလီဂါ

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီ ကတော့ သူ့အသင်းရဲ့ ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာသာ ၂၀၁၄ ခုနှစ် အတွက် ဘယ်လွန်ဒေါဆုကို ဆွတ်ခူးလိမ့်မယ်လို့ ခန့်မှန်းပြောဆိုသွားခဲ့ပါတယ်။ ဘရာဇီးလ် ကြယ်ပွင့် ဗင်နီးစီးယပ်စ် ဂျူနီယာဟာ မကြာခင် ကျင်းပမယ့် ၂ဝ၂၄ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုပေးပွဲမှာ အောင်ပွဲခံဖို့ ရေပန်းအစားဆုံးလည်း ဖြစ်နေသူပါ။

ဗင်နီးစီးယပ်စ်နဲ့ ပတ်သက်လို့ နည်းပြ ကာလို အန်ဆယ်လော့တီက အခုလိုပဲ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော့် အမြင်အရတော့ ဗင်နီးစီးယပ်စ်က ဘယ်လွန်ဒေါဆုကို ရသွားပါလိမ့်မယ်။ ကာဗာဟယ် ကလည်း တကယ့်ကို အကောင်းဆုံးတွေ လုပ်ပြနိုင်ခဲ့သူပါ။ သူက လာလီဂါ ဖလား ရထားတယ်။ ချန်ပီယံလိဂ်ဖလားလည်း ရထားတယ်။ ဗိုလ်လုပွဲ မှာလည်း ဂိုးသွင်းတယ်။ စပိန် နဲ့လည်း ယူရို ဖလား ရထားပါသေးတယ်။ ဒါပေမယ့် ဗင်နီးစီးယပ်စ်က ထက်မြက်တဲ့ ကစားသမား၊ ငယ်ရွယ်တယ်၊ ပုံရိပ်ကောင်းတယ်၊ လာလီဂါ ဖလား ရတယ်၊ ချန်ပီယံလိဂ် ဖလားလည်း ရခဲ့တယ်။ ဗိုလ်လုပွဲ မှာရော ဆီမီးဖိုင်နယ် မှာပါ ဂိုးတွေ သွင်းယူခဲ့တယ်။ မြူးနစ်မှာ ၂ ဂိုး သွင်းသေးတယ်။ ဂျူ့ဒ် (ဘယ်လင်ဟမ်) ကလည်း ကောင်းမွန်တဲ့ ရာသီ တစ်ခုကို ဖြတ်သန်းခဲ့ရတယ်။ လာလီဂါနဲ့ ချန်ပီယံလိဂ် ဖလား ရယူနိုင်ခဲ့ပြီးတော့ ဒါဟာ အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ ပြီးတော့ သူက လိဂ်ရဲ့ အကောင်းဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါသေးတယ်။” လို့ အန်ဆယ်လော့တီက ဆိုပါတယ်။

ဆက်လက်ပြီး အန်ဆယ်လော့တီက မန်စီးတီးနဲ့ စပိန် ကွင်းလယ်လူ ရိုဒရီနဲ့ ပတ်သတ်ပြီးတော့လည်း အခုလိုပဲ ပြောဆိုသွားခဲ့ပါသေးတယ်။ အန်ဆယ်လော့တီက “ရိုဒရီ ကလည်း အံ့မခန်း ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်ပြီးတော့ ချန်ပီယံလိဂ်နဲ့ ယူရိုပြိုင်ပွဲတွေမှာ အကောင်းဆုံး ကွင်းလယ် ကစားသမားတွေ ထဲက တစ်ဦး အဖြစ် ရပ်တည်နိုင်ခဲ့သလို ခြေစွမ်းလည်း အမြဲတမ်း တသမတ်တည်း ရှိနေသူပါ။” လို့ ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။ 

၆၈ ကြိမ်မြောက် အဖြစ် ကျင်းပမယ့် ဘယ်လွန်ဒေါ ဆုပေးပွဲကို လာမယ့် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ကျင်းပသွားမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အသက် ၂၄ နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ရီးယဲလ်မက်ဒရစ် တောင်ပံ တိုက်စစ်ကစားသမား ဗင်နီးစီးယပ်စ်က ရွှေဘောလုံးဆု ရဖို့ ရေပန်းအစားဆုံး ဖြစ်နေပြီး သူ့နောက်မှာတော့ ရိုဒရီ၊ ကာဗာဟယ်၊ ဘယ်လင်ဟမ်တို့ ရှိနေပါတယ်။ 

ဘယ်လွန်ဒေါ ဆုပေးပွဲ သမိုင်းတစ်လျှောက် ရွှေဘောလုံးဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဘရာဇီးလ် ကစားသမား ၄ ဦးသာ ရှိခဲ့ပြီး ရော်နယ်ဒို နီဇာရီယို၊ ရော်နယ်ဒင်ဟို၊ ကာကာနဲ့ ရီဗယ်လ်ဒို့ တို့ပဲ ဖြစ်ပါတယ်။ အကယ်၍ ဗင်နီးစီးယပ်စ်သာ ဒီဆုကို ဆွတ်ခူးနိုင်ခဲ့ရင်တော့ သမိုင်းတလျှောက် ဘယ်လွန်ဒေါဆု ရတဲ့ ၅ ဦးမြောက် ဘရာဇီးလ် ကစားသမား ဖြစ်လာမှာပါ။ ဗင်နီးစီးယပ်စ်ဟာ ပြီးခဲ့တဲ့ ရာသီက လာလီဂါ ကလပ်နဲ့ အတူ ချန်ပီယံလိဂ်နဲ့ လာလီဂါ ဖလားတွေ ပိုင်ဆိုင်ခဲ့ပြီး ခြေစွမ်း ကောင်းတွေလည်း ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံ အသင်း ဘရာဇီးလ်နဲ့တော့ ကိုပါအမေရိကဖလား ပြိုင်ပွဲမှာ ကျရှုံးထားခဲ့ရသူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်