နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၃ လနီးပါး အနားယူရတော့မယ့် ယိုရို | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်း ကတော့ ရာသီသစ် မစတင်ခင် မှာပဲ အဓိက ကစားသမား ၂ ဦး ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ခေါင်းကိုက်စရာတွေ ဖြစ်လာခဲ့ပါပြီ။ အခုနောက်ဆုံး ထုတ်ပြန်ချက် အရ ဆိုရင်တော့ ယူနိုက်တက်ရဲ့ အသက်စက်စက် နောက်ခံ ကစားသမားလေး လန်နီ ယိုရိုဟာ အသင်း အတွက် တစ်ပွဲနဲ့ တစ်ဝက်သာ ကစားရသေးချိန်မှာပဲ ခြေဖမိုး ဒဏ်ရာ ရရှိသွားခဲ့တဲ့ အတွက် ၃ လခန့် အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျောနံပါတ် ၉ ကို ပြောင်းလဲ ဝတ်ဆင်ခွင့် ရခဲ့တဲ့ တိုက်စစ်မှူး ဟွိုက်ဂျ်လန်း ကလည်း တံကောက်ကြော ဒဏ်ရာကြောင့် ၆ ပတ်ခန့် အနားယူရဦးမှာ ဖြစ်ပါတယ်။

အသက် ၁၈ နှစ် အရွယ် ပြင်သစ် ဗဟိုခံစစ်မှူးလေးဟာ ပြီးခဲ့တဲ့ တစ်ပတ် စနေနေ့က လော့စ်အိန်ဂျလိစ်မှာ အာဆင်နယ်ကို ၂-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာ ဒဏ်ရာရသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၃၅ မိနစ်သာ ကစားခဲ့ရပြီးနောက် ဒဏ်ရာရသွားခဲ့တဲ့ ယိုရိုဟာ ကွင်းအပြင် နာကျင်စွာ ရှုံ့မဲ့ပြီး ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်က သူတို့ရဲ့ ယာယီ UCLA အခြေစိုက် စခန်းမှာ လေ့ကျင့်ရေး အစီအစဉ်တွေ ပြန်လည် စတင်နေခဲ့ချိန် လီနီ ယိုရို ကတော့ လမ်းလျှောက်ဖို့ အတွက် အကာအကွယ် ဖိနပ်နှင့် ချိုင်းထောက်ကို အသုံးပြုနေခဲ့ရတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ယူနိုက်တက်ဟာ လီနီ ယိုရိုကို ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကနဦး ပေါင် ၅၂.၂ သန်းနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဒီကစားသမားလေးဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ဒဏ်ရာ ပြဿနာကြောင့် ပြင်သစ် ကလပ် လိုင်လီ အတွက် ပွဲစဉ် တစ်ပွဲထဲသာ လွဲချော်ထားခဲ့သူလည်း ဖြစ်ပါတယ်။ 

ယူနိုက်တက်ရဲ့ အားထားရတဲ့ နောက်ထပ် နောက်ခံလူ တစ်ဦး ဖြစ်တဲ့ လီဆန်ဒရို မာတီနက်ဇ် ကတော့ အာဂျင်တီးနားနဲ့ ကိုပါအမေရိကဖလား ကစား အပြီးမှာ အားလပ်ရက်ကို ဖြတ်သန်းနေတာကြောင့် အသင်းနဲ့ ပူးပေါင်းနိုင်ခြင်း မရှိသေးပါဘူး။ ဒါကြောင့် ယူနိုက်တက်က လာမယ့် ခြေစမ်းပွဲစဉ်တွေမှာ ဟယ်ရီ မက်ဂွိုင်းယားနဲ့ ဂျွန်နီ အီဗန့်စ် တို့ကို ဗဟိုခံစစ်မှာ တွဲဖက် အသုံးပြုသွားရဖို့တော့ ရှိနေပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီက ဒဏ်ရာပြသနာတွေကြောင့် ရုန်းကန်ခဲ့ရတဲ့ အသင်းပါ။ တန်ဟက်ဂ်ရဲ့ အသင်းက အက်ဖ်အေဖလား ချန်ပီယံဆုရခဲ့ပေမယ့် ပရီးမီးယားလိဂ် မှာတော့ အဆင့် ၈ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ မနှစ်က ယူနိုက်တက်တို့ ရလဒ်တွေ ဆိုးရွားခဲ့ခြင်းရဲ့ အဓိက အကြောင်းရင်း တစ်ခုက နေရာစုံမှာ ဒဏ်ရာရ ကစားသမားတွေ များပြားခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဟာ ရီးရဲလ်ဘက်တစ်နဲ့ ကစားပြီးနောက် တောင်ကယ်ရိုလိုင်းနားကို သွားပြီး လစ်ဗာပူးလ်နဲ့ ဆက်လက် ကစားရဦးမှာ ဖြစ်ပါတယ်။ ဒီပွဲ ပြီးရင်တော့ ယူနိုက်တက်က ဩဂုတ်လ ၁၀ ရက်နေ့မှာ မန်ချက်စတာစီးတီးနဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် အဖြစ်တော့ ဖူလ်ဟမ်နဲ့ ကစားရမှာပါ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်