နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒီရာသီမှာလည်း အမှတ်ပေးချန်ပီယံဆု အတွက် အဆင်သင့် မဖြစ်သေးဘူး ဆိုတဲ့ ဖာနန်ဒက်စ် | ပရီးမီးယားလိဂ်

ဘရူနို ဖာနန်ဒက်စ် ကတော့ ယူနိုက်တက်ဟာ ဒီရာသီမှာလည်း သူတို့ အသင်းက ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆု အတွက် ယှဉ်ပြိုင်နိုင်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ဝန်ခံပြောကြားလိုက်ပါတယ်။

ဘရူနို ဖာနန်ဒက်စ်ရဲ့ အသင်းဟာ လက်ရှိရာသီ အစပိုင်းမှာ ဖူလ်ဟမ်ကို အနိုင်ရခဲ့ပေမယ့်လည်း ဘရိုက်တန်နဲ့ လစ်ဗာပူးလ် တို့ကို ၂ ပွဲ ဆက်တိုက် ရှုူံးနိမ့်ခဲ့ရပါတယ်။ ဒါကြောင့် ယူနိုက်တက်က လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာ အထိတောင် ရောက်ရှိနေပြီး ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ရာသီအစမှာ ရှုံးပွဲ ၂ ပွဲဆက် အထိ ကြုံတွေ့ထားခဲ့ရတဲ့ ယူနိုက်တက်ဟာ နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ တတိယမြောက် ရာသီမှာလည်း အသင်းက ထူးထူးခြားခြား ကောင်းမွန်လာခြင်း မရှိသေးပါဘူး။ ယူနိုက်တက်ဟာ လစ်ဗာပူးလ်ကို အိုးထရက်ဖို့ဒ်မှာ ဂိုး အပြတ်အသတ်နဲ့ ရှုးနိမ့်ခဲ့တဲ့ ပွဲမှာ ဆိုရင် ခြေစွမ်းပိုင်း သိသိသာသာ ဆိုးရွားခဲ့တာကို မြင်တွေ့ရပါတယ်။

လက်ရှိ အသင်းရဲ့ အခြေအနေတွေနဲ့ ပတ်သတ်လို့ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က “မန်ချက်စတာယူနိုက်တက်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်ဖို့ အဆင်သင့် မဖြစ်သေးတာကို ကျွန်တော် ကောင်းကောင်း သတိထားမိပါတယ်။ တကယ်တော့ ကျွန်တော် တို့ဟာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိနိုင်မယ့် ထိပ်သီး အသင်း ၄ သင်း နေရာ အတွက် ဆုဖလားတွေ အတွက် ခိုင်မာပြီး စစ်မှန်တဲ့ ရည်ရွယ်ချက်နဲ့ အတူ တိုက်ပွဲဝင်နေပါတယ်။ ဒါပေမယ့် ပိုပြီး ကြီးမားတဲ့ ရည်မှန်းချက်တွေ အတွက် တိုးတက်ဖို့က အများကြီး ကျန်နေပါသေးတယ်။ ကျွန်တော်ရဲ့ စိတ်ကူး အိမ်မက်တွေ ကတော့ တစ်နေ့မှာ ပရီးမီးယားလိဂ် ဆုဖလားကြီးကို ဆွတ်ခူးနိုင်ဖို့ပါပဲ။” လို့ ပြောဆိုလာခဲ့ပါတယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ နောက်ပိုင်း နှစ်တွေ အတွင်း ပရီးမီးယားလိဂ် Top 4 အတွက်ပါ ခက်ခက်ခဲခဲ ရုန်းကန် နေရတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်

ယူနိုက်တက်ဟာ နည်းပြ အဲရစ်ခ် တန်ဟက်ဂ်နဲ့ အတူ ပြီးခဲ့တဲ့ ၂ ရာသီ အတွင်း အက်ဖ်အေဖလားနဲ့ ခရာဘောင်ဖလားတွေ ဆွတ်ခူးနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုနဲ့ အလှမ်းဝေးနေခဲ့တာ ဆယ်စုနှစ် တစ်ခု အထိ ကြာမြင့်နေခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ နောက်ပိုင်း နှစ်တွေ အတွင်း ပရီးမီးယားလိဂ် Top 4 အတွက်ပါ ခက်ခက်ခဲခဲ ရုန်းကန် နေရတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အဲရစ်ခ် တန်ဟက်ဂ် လက်ထက်မှာ ပြီးခဲ့တဲ့ ရာသီ လည်း ဆိုးရွားတဲ့ မှတ်တမ်းတွေ ပိုင်ဆိုင်ခဲ့ရပြီး ဒါဟာ အသင်း သမိုင်းတစ်လျှောက် အဆိုးရွားဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ယူနိုက်တက် တာဝန် ရှိသူတွေဟာ အသင်း နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ကို ထုတ်ပယ်ဖို့ အထိ စီစဉ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ စိတ်ကြိုက် နည်းပြ ရှာမတွေ့ခဲ့တဲ့ အလျောက် တန်ဟက်ဂ် ကိုပဲ စာချုပ်သစ် ချုပ်ဆိုခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ရာသီသစ်မှာ အောင်မြင်မှုတွေ ရရှိဖို့ အတွက် နွေရာသီ အပြောင်းအရွှေ့မှာ ပေါင်သန်း ၂၀၀ ဝန်းကျင် အသုံးပြုပြီးတော့ ကစားသမားသစ်တွေ ခေါ်ယူထားပါသေးတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်