နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘာစီလိုနာတို့ နိုင်ပွဲ ဆက်နိုင်မလား စောင့်ကြည့်ရမယ် | ချန်ပီယံလိဂ် (ပွဲကြိုသုံးသပ်ချက်)

မိုနာကို – ဘာစီလိုနာ

ချန်ပီယံလိဂ် လိဂ် အဆင့် နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် ဘာစီလိုနာတို့ မိုနာကို ကို ပြင်သစ်မြေမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ရာနှုန်းပြည့် နိုင်ပွဲ ပိုင်ဆိုင်ထားပြီး ခြေစွမ်းပြနေတဲ့ ဘာစီလိုနာတို့ မိုနာကိုရဲ့ ပုံစံကောင်း တစ်ခုကို ကျော်ဖြတ်သွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မိုနာကိုက ဒီရာသီမှာ ရှုံးပွဲ လုံးဝ မရှိသေးပဲ ခြေစွမ်းကောင်းတွေ ပြသနေပါတယ်။ လီဂူးဝမ်းမှာ ၃ ပွဲနိုင်၊ ၁ ပွဲ သရေ ကျထားတဲ့ မိုနာကိုတို့ ချန်ပီယံလိဂ် အဖွင့်မှာလည်း အိမ်ကွင်းမှာ ရလဒ်ကောင်း တစ်ခု ရှာဖွေချင်နေမှာ သေချာပါတယ်။ လူစာရင်းအရ ဆိုရင် ထိပ်တန်း အဆင့် ကစားသမားများစွာ ရှိမနေပေမယ့် အသင်းလိုက်မှာတော့ တော်တော်လေး အားရစရာကောင်းနေတာ ဖြစ်ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာလည်း မိုနာကိုက အော့ဇေးကို ဂိုးပြတ် နိုင်ထားလို့ စိတ်ဓာတ်ပိုင်းမှာလည်း အမြင့်ဆုံးမှာ ရှိနေနိုင်ပါတယ်။

ဘာစီလိုနာ ကတော့ နည်းပြ ဟန်ဆီ ဖလစ်ခ်ရဲ့ လက်အောက်မှာ ပျောက်ဆုံးနေတဲ့ ပုံစံကောင်း ပြန်ရနေပြီး နိုင်ပွဲတွေလည်း ဆက်နေပါတယ်။ စံချိန် မှတ်တမ်းကောင်းတွေ ဆက်တိုက် ပိုင်ဆိုင်နေတဲ့ ဘာစီလိုနာက ချန်ပီယံလိဂ် အတွေ့အကြုံရှိ နည်းပြနဲ့ ဆိုတော့ ဘာလိုသေးလဲ လို့ပဲ ဆိုရမှာပါ။ လူငယ် ကစားသမားတွေကို နေရာပေးနေသလို ရာဖင်ညာ၊ ယာမယ် တို့ရဲ့ တောင်ပံ နှစ်ဖက် ကလည်း တော်တော်လေး လုပ်အားနှုန်း ကောင်းနေလို့ ပြိုင်ဘက် နောက်တန်းတွေ အတွက် စိုးရိမ်စရာပါ။ ဘေယန်မြူးနစ်နဲ့ အတူ ချန်ပီယံလိဂ် ဖလား ကိုင်မြှောက်ခဲ့ဖူးတဲ့ ဟန်ဆီ ဖလစ်ခ် တစ်ယောက် ဘာစီလိုနာ ကိုရော ဥရောပပြိုင်ပွဲ တစ်ခုမှာ ဘယ်အခြေအနေထိ ရောက်အောင် စွမ်းဆောင်ပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


နှစ်ဖက်အသင်း သတင်းများ

စံချိန် မှတ်တမ်းကောင်းတွေ ဆက်တိုက် ပိုင်ဆိုင်နေတဲ့ ဘာစီလိုနာက ချန်ပီယံလိဂ် အတွေ့အကြုံရှိ နည်းပြနဲ့ ဆိုတော့ ဘာလိုသေးလဲ လို့ပဲ ဆိုရမှာပါ။
နောက်ဆုံး ၅ ပွဲဆက် မရှုံးထားတဲ့ ဘာစီလိုနာ

အခုပွဲကို မိုနာကို ဘက်က ဒီယော့ပ်၊ ကာမာရာနဲ့ မာဂျက်ကီတို့ လွဲချော်ဖို့ ရှိပြီးတော့ ဘာစီလိုနာ ဘက်မှာတော့ ခရစ္စတန်ဆန်၊ ဖာတီ၊ အော်လမို၊ လိုပက်ဇ်၊ ဖရန်ကီ ဒီယောင်၊ ဂါဗီ၊ ဘာနဲလ်၊ အာရူဟို တို့ လွဲချော်ဖို့ ရှိနေပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

မိုနာကို – ကွန်း၊ ဗန်ဒါဆန်၊ ခါရာ၊ မာဝစ်ဆာ၊ အဲလီဘီ၊ ကိုင်ရို၊ ဟင်းနရစ်ခ်၊ ကာမာရာ၊ ဇာကာရီယာ၊ အက်ခ်လီယိုချီ၊ မီနာမီနို၊ ဘန်ဆက်ဂ်ဟီးရား

ဘာစီလိုနာ – တာစတီဂျန်၊ ကွန်ဒေး၊ ကူဘာဆီ၊ အင်နီဂို မာတီနက်ဇ်၊ ဘဲလ်ဒီ၊ ဂါစီယာ၊ ပက်ဒရီ၊ ကာဆာဒို၊ ယာမယ်၊ လီဝမ်ဒေါစကီး၊ ရာဖင်ညာ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ဥရောပအဆင့် ပြိုင်ပွဲ တစ်ခုမှာ ပထမဦးဆုံး အကြိမ် တွေ့ဆုံမှာ ဖြစ်ပြီးတော့ အရင်တော့ ခြေစမ်းပွဲမှာ တစ်ကြိမ်သာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီပွဲမှာတော့ မိုနာကိုက ဘာစီလိုနာကို ၃ ဂိုးပြတ် ရလဒ်နဲ့ အနိုင်ရထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ မိုနာကို နိုင်ရင် ၃.၈၀ ဆ၊ ဘာစီလိုနာ နိုင်ရင် ၁.၇၆ ဆ၊ သရေ ဆိုရင်တော့ ၃.၇၁ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဘာစီလိုနာက သရေ အရှုံး၊ တစ်လုံး တစ်ဝက်စား၊ တစ်လုံး သရေကြေးတွေ ဖွင့်ထားပြီး ဂိုးပေါင်း ကလည်း ၃ လုံးက စဖွင့်ထားပါတယ်။ ဒီရာသီမှာ နှစ်သင်းစလုံးက ပုံစံကောင်းတွေ ပြသနေပြီး ဘာစီလိုနာ ကတော့ ရာနှုန်းပြည့် နိုင်ပွဲနဲ့ တာထွက် တော်တော်လေး ကောင်းနေပါတယ်။ လက်ရှိ လူစာရင်းနဲ့ စုဖွဲ့မှု အရလည်း ဘာစီလိုနာက မိုနာကိုထက် အများကြီးသာပါတယ်။ ဘာစီလိုနာတို့ အဝေးကွင်း နိုင်ပွဲနဲ့ အတူ အိမ်ပြန်နိုင်ဦးမှာပါ။

ခန့်မှန်းရလဒ် မိုနာကို ၀-၂ ဘာစီလိုနာ

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်