နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အမ်ဘာပေး မရှိလည်း ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ် ဖလား ရနိုင်တယ် ဆိုတဲ့ အဂွဲရိုး | လာလီဂါ

ပြင်သစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး ကတော့ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ဝေဖန်တိုက်ခိုက်မှုတွေနဲ့ ဆက်တိုက် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အစောပိုင်းမှာ နေမာက အမ်ဘာပေးနဲ့ တွဲဖက် ကစားရတာက ငရဲကျသလိုပဲ ဆိုပြီး သူ့ရဲ့ ဘရာဇီးလ် အသင်းဖော်တွေဆီ စာပို့ သတိပေးခဲ့သလို အမ်ဘာပေးနဲ့ ဆိုရင် ကျရှုံးမှုတွေနဲ့ပါ ရင်ဆိုင်ရမယ် ဆိုပြီး သတိပေးစကား ပြောခဲ့တာ ဖြစ်ပါတယ်။ အခုလည်း အာဂျင်တီးနား တိုက်စစ်မှူးဟောင်း ဆာဂျီယို ကန် အဂွဲရိုးက ရီးရဲလ်မက်ဒရစ် အနေနဲ့ ကီလီယန် အမ်ဘာပေးကို ခေါ်ယူ အားဖြည့်တင်းထားရုံနဲ့ ဒီရာသီ ချန်ပီယံလိဂ် ဆုဖလားကို ထပ်မံ ရယူနိုင်ဖို့ လွယ်ကူနိုင်မှာ မဟုတ်ကြောင်း သုံးသပ် ဝေဖန်သွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ မှာတော့ ကီလီယန် အမ်ဘာပေးက ရီးရဲလ်မက်ဒရစ် အတွက် နောက်ဆုံး ၃ ပွဲဆက် ဂိုးတွေ ဆက်တိုက် သွင်းယူနေပြီး မနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲ မှာလည်း အသင်း အတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးနဲ့ ဘာစီလိုနာ ကစားသမားဟောင်း အဂွဲရိုး ကတော့ ရီးရဲလ်မက်ဒရစ်ကို အမ်ဘာပေး ရောက်ရှိလာခြင်းကြောင့် အောင်မြင်မှုတွေနဲ့ ဝေးရမယ် ဆိုတဲ့ သဘောမျိုး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အဂွဲရိုးက “ချန်ပီယံလိဂ် အကြောင်း ပြောတော့မယ် ဆိုရင် ရီးရဲလ်မက်ဒရစ်ကို ဖယ်ထားလို့ မရပါဘူး။ သူတို့ အသင်းကို အမ်ဘာပေး ရောက်လာခြင်းက ပိုပြီး ခြိမ်းခြောက်မှု ကောင်းတဲ့ အသင်း ဖြစ်လာအောင် လုပ်ပေးနိုင်ပါလိမ့်မယ်။ အမ်ဘာပေးက လာလီဂါမှာ ဂိုးသွင်း အများဆုံးဆုကို ရယူနိုင်ဖို့ သေချာချင် သေချာနေပါလိမ့်မယ်။ ဒါပေမယ့် ကစားသမား တစ်ဦးထဲကပဲ ခြားနားချက်တွေကို လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။

 
ရီးရဲလ်မက်ဒရစ်ဟာ ဒီနွေရာသီမှာ အမ်ဘာပေးလို ကစားသမားမျိုးကို အသင်း အတွက် ခေါ်ယူ အားဖြည့်နိုင်ခဲ့သလို လာလီဂါ ကလပ်က ဒီရာသီ ချန်ပီယံလိဂ် ဖလား ရရှိဖို့ မန်စီးတီး ပြီးရင် ရေပန်းအစားဆုံးလည်း ဖြစ်ပါတယ်။
ရာသီသစ်မှာ ရှုံးပွဲ လုံးဝ မရှိသေးတဲ့ ရီးရဲလ်မက်ဒရစ်

ဆက်လက်ပြီး အမ်ဘာပေးက “အသင်း တစ်သင်းလုံး လုပ်ဆောင်မှ ရတာပါ။ ချန်ပီယံလိဂ်မှာ ဆုဖလား ရရှိဖို့ အတွက် ကြိုးပမ်း တိုက်ပွဲဝင်နေကြတဲ့ အသင်းတွေလည်း အများကြီး ရှိနေပါတယ်။ နောက်ပြီးတော့ သူတို့ ပိုင်ဆိုင်ထားတဲ့ ကစားသမား အင်အားကို အသုံးပြုပြီးတော့ အားသွန် ခွန်စိုက် အားထုတ်လာကြမှာပါ။” လို့ သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ချန်ပီယံလိဂ် ဖလားကို ၁၅ ကြိမ်မြောက် ရယူနိုင်ခဲ့ပြီးတော့ ပြိုင်ပွဲ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အသင်း ဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်လက် ထိန်းသိမ်းခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဒီနွေရာသီမှာ အမ်ဘာပေးလို ကစားသမားမျိုးကို အသင်း အတွက် ခေါ်ယူ အားဖြည့်နိုင်ခဲ့သလို လာလီဂါ ကလပ်က ဒီရာသီ ချန်ပီယံလိဂ် ဖလား ရရှိဖို့ မန်စီးတီး ပြီးရင် ရေပန်းအစားဆုံးလည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်က ဒီရာသီ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဗင်နီးစီးယပ်စ် ဂျူနီယာ၊ ရိုဒရီဂို၊ ဂျူ့ဒ် ဘယ်လင်ဟမ်နဲ့ ကီလီယန် အမ်ဘာပေး တိုလို ထိပ်တန်း အဆင့် ကစားသမားတွေ ပိုင်ဆိုင်ထားတာကြောင့် ပြိုင်ဘက်တွေ အတွက်တော့ ထိတ်လန့်စရာပါ။ ဒါပေမယ့်လည်း ဝါရင့် ကွင်းလယ်လူ ဂျာမန် စနိုက်ပါကြီး တိုနီ ခရူးစ် အနားယူသွားခြင်းနဲ့ အတူ ကွင်းလယ်ပိုင်းက သိသိသာသာ အားနည်းသွားခဲ့ပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့ ခြေစွမ်းက လက်ရှိ အချိန်ထိတော့ အားရစရာ အနေအထားမျိုးမှာတော့ ရှိမနေသေးပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်