နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အသင်းက အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့တယ်လို့ ပြောခဲ့တဲ့ အမ်မရီ | ပရီးမီးယားလိဂ်

အက်စတွန်ဗီလာ ကတော့ အခုတစ်ပတ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘုန်းမောက်နဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျပြီးနောက် နည်းပြ အူနိုင်း အမ်မရီက သူ့ရဲ့ အသင်းက အနိုင် ၃ မှတ် ရခဲ့သင့်ကြောင်း ပြောဆိုလာခဲ့ပါတယ်။ ဗီလာဟာ ဘာကလေရဲ့ ပွဲချိန် ၇၆ မိနစ်မှာ သွင်းယူခဲ့တဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း နာကျင်အချိန်ပို နောက်ဆုံး မိနစ်မှာ အီဗန်နီလ်ဆင်က ဘုန်းမောက် အတွက် ချေပဂိုး သွင်းယူပေးခဲ့တာကြောင့် သရေ တစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီအခြေအနေမှာတော့ အူနိုင်း အမ်မရီက သူ့ရဲ့ အသင်း အနေနဲ့ အနိုင်ရဖို့ ထိုက်တန်ကြောင်း ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ အမ်မရီ “ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့ပွဲ တစ်ခုကို ကစားခဲ့ပါတယ်။ ကျွန်တော် တို့ဟာ ရာသီ အစကတည်းက အကောင်းဆုံး မိနစ်တွေကို ကစားခဲ့ကြတယ်လို့ ကျွန်တော် ထင်ပါတယ်။ ပထမပိုင်းမှာတော့ ကျွန်တော်တို့ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ဘူး။” လို့ အမ်မရီက Sky ကို ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အမ်မရီက “ဒုတိယပိုင်း မှာတော့ ပထမပိုင်းထက်တောင် ပိုကောင်းလာခဲ့ပါတယ်။ ကျွန်တော် တို့က အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ ဂိုးသမားက အကြိမ်ရေ အများကြီး ကယ်တင်ခဲ့တာပါ။ နောက်ပြီး ကျွန်တော်တို့ ဂိုးသွင်းနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ နောက်ဆုံး ၁၀ မိနစ်ကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။ နောက်ဆုံး အခိုက်အတန့်မှာ သူတို့ ဂိုးသွင်းနိုင်ခဲ့ပြီး ဒါကို လက်ခံရပါမယ်။

ပရီးမီးယားလိဂ် နိုင်ပွဲ ၅ ပွဲ အထိ ရှိထားတဲ့ အက်စတွန်ဗီလာ

ဒီရာသီမှာ အာဆင်နယ် တစ်သင်းတည်းကို ရှုံးနိမ့်ထားတဲ့ အက်စတွန်ဗီလာက ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ ရလဒ်တွေ ကောင်းမွန်နေခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ ဘိုလော့ဂ်နာနဲ့ ချန်ပီယံလိဂ် ပွဲစဉ် မှာလည်း ၂-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် အက်စတွန်ဗီလာက ချန်ပီယံလိဂ် ပွဲစဉ် ၃ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၉ မှတ်နဲ့ လိဂ် အဆင့် ဇယား ထိပ်ဆုံးမှာ အကောင်းဆုံး ရပ်တည်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗီလာက ဒီတစ်ပတ် မှာတော့ ခြေစွာနေတဲ့ ဘုန်းမောက်ကို အိမ်ကွင်းမှာ သရေသာ ကစားနိုင်ခဲ့တာကြောင့် နည်းပြ အမ်မရီ ကလည်း အားမလို အားမရ ဖြစ်နေခဲ့တာပါ။

လက်ရှိမှာ အက်စတွန်ဗီလာက ပရီးမီးယားလိဂ် ပွဲစဉ် ၉ ပွဲ ကစားပြီးချိန်မှာ ၅ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၁ ပွဲ ရှုံးပြီး ရမှတ် ၁၈ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၃ နေရာကို ယာယီ သိမ်းပိုက်ထားနိုင်ပါတယ်။ အက်စတွန်ဗီလာဟာ လာမယ့် အောက်တိုဘာ ၃၁ ရက်မှာတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ ခရာဘောင်ဖလား စတုတ္ထအဆင့် ပွဲစဉ် ကစားရဖို့ ရှိပါတယ်။ အဲနောက် မှာတော့ ဗီလာတို့ ပွဲကြပ်တွေ တောက်လျောက် ကစားရဖို့ ရှိနေပြီးတော့ စပါးကို အဝေးကွင်း၊ ကလပ် ဘရုဂေးကို အဝေးကွင်း၊ လစ်ဗာပူးလ်ကို အဝေးကွင်း၊ ပဲလေ့စ်ကို အိမ်ကွင်း၊ ဂျူဗင်တပ်စ်ကို အိမ်ကွင်း၊ ချဲလ်ဆီးကို အဝေးကွင်း၊ ဘရန့်ဖို့ဒ်ကို အိမ်ကွင်း၊ ဆောက်သမ်တန်ကို အိမ်ကွင်း၊ လိုက်ပ်ဇစ်ကို အဝေးကွင်း၊ နော့တင်ဟမ်ဖောရက်စ်ကို မန်စီးတီးကို အိမ်ကွင်း၊ နယူးကာဆယ်ကို အဝေးကွင်း၊ ဘရိုက်တန်ကို အိမ်ကွင်းတို့မှာ ကစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဇင်ဘာလဟာ အက်စတွန်ဗီလာ အတွက် တောက်လျောက် ပွဲကြပ်နေတဲ့လ ဆိုရင်လည်း မမှားပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်