နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အနာဂတ်မှာ ဘယ်လွန်ဒေါဆု ရမယ်လို့ ယုံကြည်နေတဲ့ ယာမယ် | လာလီဂါ

လာလီဂါ စပိန် ဆယ်ကျော်သက် ကြယ်ပွင့် လမင်း ယာမယ် ကတော့ ၂၀၂၄ ခုနှစ် အတွက် ဘယ်လွန်ဒေါ ဆုပေးပွဲမှာ တစ်နှစ်တာ လူငယ် အကောင်းဆုံး ကစားသမားဆု Kopa Trophy ဆွတ်ခူးသွားခဲ့ပါတယ်။ လာလီဂါ ကလပ် ဘာစီလိုနာရဲ့ စပိန် ဆယ်ကျော်သက် တောင်ပံ ကစားသမားလေးက သူ့အနေနဲ့ ဘယ်လွန်ဒေါဆုကို အမြန်ဆုံး ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ထားတယ်လို ဖွင့်ဟသွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၁၇ နှစ် အရွယ်သာ ရှိနေသေးတဲ့ စပိန် လက်ရွေးစင် ညာတောင်ပံ ကစားသမားလေး ယာမယ်ဟာ ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် ဖြစ်ပါတယ်။ ဒါ့အပြင် ဘာစီလိုနာ စီနီယာ အသင်းကြီး အတွက် စတင် ကစားခွင့်ရရှိချိန်မှာလည်း ယာမယ်ရဲ့ အသက်က ၁၅ နှစ် ကျော်ကျော်သာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ ဘာစီလိုနာ အတွက် ကစားပေးခွင့် ရရှိရင်း စပိန် လက်ရွေးစင် အသင်းမှာပါ ရွေးချယ်ခံလာရတဲ့ ယာမယ်က ယူရို ၂၀၂၄ ပြိုင်ပွဲ မှာလည်း စပိန် အသင်းကို ယူရို ချန်ပီယံ ဖြစ်စေဖို့ အဓိက နေရာ ကနေ စွမ်းဆောင်ပေးခဲ့ပါတယ်။

ဒီလို အသက်အရွယ်နဲ့ မလိုက်အောင် ခြေစွမ်းပြနေတဲ့ ယာမယ်က ၂ဝ၂၄ ခုနှစ်ရဲ့ Kopa Trophy ဆုကိုပါ ဆွတ်ခူး နိုင်ခဲ့ပြီး ၂၀၂၄ ဘယ်လွန်ဒေါ အဆင့် သတ်မှတ်ချက်မှာလည်း နာမည်ကျော် ကစားသမားကြီးတွေ ကိုပါ ကျော်ဖြတ်ပြီး အဆင့် ၈ နေရာမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ယာမယ်ကို စပိန် စီနီယာ အသင်းဖော်လည်း ဖြစ်သလို ၂ဝ၂၄ ဘယ်လွန်ဒေါဆုရှင်လည်း ဖြစ်တဲ့ ရိုဒရီက အခုလိုပဲ ချီးကျူးစကား ပြောကြားလာခဲ့ပါတယ်။ ရိုဒရီက “မကြာခင်မှာပဲ လမင်း ယာမယ်က ဘယ်လွန်ဒေါဆုကို ရလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဆက်ပြီး ကြိုးစားနေပါ။ တစ်နေ့ကျရင် မင်း ဒီနေရာကို ရောက်လာမှာပါ။”လို့ ချီးကျူးပြီး အားပေးစကား ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ယာမယ်က ပူပူနွေးနွေး ကစားထားတဲ့ လာလီဂါ အဲလ်ကလက်ဆီကို ဒါဘီ မှာလည်း ရီးရဲလ်မက်ဒရစ် ဘက်ကို တစ်ဂိုး သွင်းယူနိုင်ခဲ့သလို အဲလ်ကလက်ဆီကိုရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းရှင် ဖြစ်ထားပါတယ်။
အဲလ်ကလက်ဆီကိုရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းသူ ဖြစ်လာတဲ့ ယာမယ်

ယာမယ် ကိုယ်တိုင် ကလည်း “ဟုတ်တယ်။ ဘယ်လွန်ဒေါဆုကို အမြန်ဆုံး ဆွတ်ခူးနိုင်ဖို့ ကျွန်တော် မျှော်လင့်မိပါတယ်။ ဒါက ကျွန်တော့် စိတ်ထဲမှာ ရှိနေမယ့် အရာပါပဲ။ ဒီအရာကို ရအောင် ယူဆောင်သွား မယ်။” လို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။ ယာမယ်သာ ဘယ်လွန်ဒေါဆု ရရှိခဲ့မယ် ဆိုရင် ဘယ်လွန်ဒေါဆု သမိုင်းတလျှောက် အသက်အငယ်ဆုံး ဘယ်လွန်ဒေါဆုရှင် ဖြစ်တဲ့ ရော်နယ်ဒို နာဇာရီယိုရဲ့ စံချိန် ကိုပါ ကျော်ဖြတ်သွားနိုင်မှာလည်း ဖြစ်ပါတယ်။ ရော်နယ်ဒို (ဘရာဇီးလ်) ကတော့ အသက် ၂၁ နှစ် အရွယ်နဲ့ ဘယ်လွန်ဒေါဆုရှင် ဖြစ်ခဲ့သူလည်း ဖြစ်ပါတယ်။

လမင်း ယာမယ်ဟာ လာလီဂါ ကလပ် ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံ ၆၅ ပွဲ ကစားကာ ၁၃ ဂိုး သွင်းယူပေးထားခဲ့ပြီးတော့ ဒီရာသီမှာတော့ ၁၄ ပွဲ ကစားကာ ၆ ဂိုး သွင်းယူထားနိုင်ပါတယ်။ ယာမယ်က ပူပူနွေးနွေး ကစားထားတဲ့ လာလီဂါ အဲလ်ကလက်ဆီကို ဒါဘီ မှာလည်း ရီးရဲလ်မက်ဒရစ် ဘက်ကို တစ်ဂိုး သွင်းယူနိုင်ခဲ့သလို အဲလ်ကလက်ဆီကိုရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းရှင် ဖြစ်ထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်