အခုတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ အစောဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် နယူးကာဆယ်နဲ့ အာဆင်နယ်တို့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။
ဒီနေ့ပွဲမှာ အက်ဒီဟောင်းဝ်ရဲ့ နယူးကာဆယ်က ၄-၃-၃ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး ဂိုးမှာ နစ်ခ် ပုပ်၊ ခံစစ်မှာ ဘန်း၊ ရှား၊ လစ်ဗရာမန်တို၊ ဟောလ်၊ ကွင်းလယ်မှာ ဂီမာရေးစ်၊ လောင်းစတက်ဖ်၊ ဝေးလ်လော့ခ်၊ တိုက်စစ်မှာတော့ ဂေါ်ဒွန်၊ ဂျိုးလင်တန့် အိဆက်ခ်တို့ ပါဝင်ခဲ့ပါတယ်။ မီခဲလ် အာတေးတား ကတော့ ၄-၄-၂ အခင်းအကျင်းနဲ့ ပြောင်းလဲ ပွဲထွက်လာပြီး ခံစစ်မှာ ပွဲပယ် ပြစ်ဒဏ်က လွတ်မြောက်လာတဲ့ ဆလီဘာနဲ့ အတူ ဒဏ်ရာက ပြန်လည် သက်သာလာတဲ့ ဂါဘရီရယ်လည်း ပွဲထွက်ခဲ့ပါတယ်။ ဒါ့အပြင် ညာခံစစ်မှာ ပါတေးကို သုံးခဲ့ပြီး ဘယ်ဘက်မှာတော့ တင်ဘာ၊ ကွင်းလယ်မှာ မာရင်နို၊ ရိုက်စ် အတွဲအဖက်နဲ့ကိုမှ တောင်ပံ နှစ်ဖက်မှာ ဆာကာနဲ့ မာတင်နယ်လီ၊ တိုက်စစ်မှာတော့ ထရော့ဆက်ဒ်နဲ့ ဟာဗက်ဇ်တို့ ဦးဆောင်လာခဲ့ပါတယ်။
အာဆင်နယ် အတွက် ခက်ခဲ ကြမ်းတမ်းတဲ့ ပထမပိုင်း ပွဲချိန် မိနစ်တွေ ဖြစ်ခဲ့ပါတယ်။ အာဆင်နယ်ရဲ့ ပြိုင်ဘက်ကို ဖိအားပေးတဲ့ ကစားဟန်က မာတင် အိုဒီဂတ် မပါဝင်နိုင်ချိန်မှာ သိသိသာသာ ကျဆင်းနေဆဲ ဖြစ်ပါတယ်။ အဲဒီအချက်ကပဲ ကစားအားကောင်းတဲ့ ပြိုင်ဘက်တွေရဲ့ တိုက်စစ် ကူးပြောင်း ကစားဟန်ကို တားဆီးတဲ့ အပိုင်းမှာပါ လစ်ဟာမှုတွေ ရှိပြီး အားနည်းလာခဲ့တာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ကွင်းလယ်ရဲ့ ဖန်တီးနိုင်မှု ဖြစ်ပြီး ဒီပွဲမှာ ကွင်းလယ် တိုက်စစ် နေရာ ကစားတဲ့ လီအန်ဒရို ထရော့ဆက်ဒ် အနေနဲ့ တော်တော်လေး ခြေပျက်နေခဲ့ပါတယ်။ ဒီကစားသမားတွေပဲလား ဆိုတော့ မဟုတ်ပါဘူး။ အားထားရတဲ့ ရိုက်စ်ရဲ့ ပေးပို့မှုတွေ ကလည်း လုံးဝ သက်ရောက်မှု မရှိခဲ့ပါဘူး။
နယူးကာဆယ် အတွက် သွင်းဂိုး ကိုတော့ အိဆက်ခ်က ဂေါ်ဒွန်ရဲ့ ညာခြမ်း ကနေ ဖြတ်တင်ပေးပို့မှုကို အပိုင် ခေါင်းတိုက် အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာလည်း နယူးကာဆယ်က ဦးဆောင်ဂိုးကို ထိန်းဖို့ပဲ ကြိုးပမ်းခဲ့ပြီး ဇုန်အလိုက် ပိတ်ကစားလိုက်ချိန်မှာတော့ အာဆင်နယ်တို့ ဘာလုပ်ရမှန်း မသိ ဖြစ်ခဲ့ပြီး လူပေးနေတာနဲ့ပဲ အချိန်ကုန်ခဲ့ပါတယ်။ နယူးကာဆယ် ကတော့ ဘောင်ထဲကနေ သူတို့ လုပ်နိုင်သမျှကို အကောင်းဆုံး လုပ်သွားခဲ့လို့ ၁-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး အိမ်ကွင်းမှာ အဖိုးတန် ၃ မှတ် ရယူနိုင်ခဲ့ပါတယ်။ အာဆင်နယ် ကတော့ ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး ဒီခြေစွမ်းနဲ့တော့ ရှုံးပွဲနဲ့ ထိုက်တန်လွန်းခဲ့တယ်လို့ပဲ ဆိုရပါမယ်။ အားနည်းချက် များစွာ ရှိခဲ့သလို အသင်း ကလည်း Passion လုံးဝ ပျောက်ဆုံးနေတာပါ။ အာဆင်နယ်ဟာ အခုပွဲ ရလဒ်ကြောင့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ပွဲ ကစားပြီးချိန်မှာ ၅ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၂ ပွဲ ရှုံးပြီး ရမှတ် ၁၈ မှတ်နဲ့ အတူ ဇယားထိပ်က အသင်းတွေနဲ့ ရမှတ်ကွာဟမှု ပိုများလာခဲ့ပြီ ဖြစ်ပါတယ်။ နယူးကာဆယ် ကတော့ ဒီရာသီ အတွက် ၄ ပွဲမြောက် ပရီးမီးယားလိဂ် နိုင်ပွဲနဲ့ အတူ ရမှတ် ၁၅ မှတ် အထိ စုဆောင်းထားနိုင်ပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.