လက်ရှိမှာ အသင်း လက်မဲ့ ဖြစ်နေတဲ့ ဖရန့်ခ် လမ်းပတ် ကတော့ စီးရီးအေ ကလပ် ရိုးမား နည်းပြ ရာထူး အတွက် လျာထားစာရင်းထဲမှာ ပါဝင်နေတယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အဲဗာတန်နဲ့ ဒါဘီကောင်တီ တို့ကို ကိုင်တွယ်ခဲ့ဖူးတဲ့ အသက် ၄၆ နှစ် အရွယ် ဖရန့်ခ် လမ်းပတ်ဟာ ချဲလ်ဆီးကို ယာယီ နည်းပြ အဖြစ် ကိုင်တွယ်ပြီး ကတည်းက အနားယူနေခဲ့တာ ဖြစ်ပါတယ်။
ရိုးမားဟာ ဒီရာသီမှာ နည်းပြ အပြောင်းအလဲတွေ လုပ်ဆောင်နေခဲ့ရပြီး သိပ်မကြာခင် ကပဲ ဂန္တဝင် ကစားသမား ဒန်နီရယ် ဒီရော့ဆီကို ထုတ်ပယ်ပြီး အိုင်ဗန် ဂျူရစ်နဲ့ အစားထိုးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရိုးမားက အိုင်ဗန် ဂျူရစ်ကို ပြောင်းလဲ ခန့်အပ်ခဲ့ပေမယ့် လက်ရှိ အချိန်ထိ ရုန်းကန်နေရဆဲ ဖြစ်လို့ နောက်ထပ် နည်းပြ တစ်ဦးနဲ့ အစားထိုးဖို့ စဉ်းစားနေခဲ့တာ ဖြစ်ပါတယ်။
ခရိုအေးရှား လူမျိုး နည်းပြ အိုင်ဗန် ဂျူရစ်ဟာ စီးရီးအေ အတွေ့အကြံရှိသူ ဖြစ်ပေမယ့်လည်း ရိုးမားဟာ ပြိုင်ပွဲစုံ ၁၀ ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲ ၄ ပွဲ ရှုံးပွဲ ၄ ပွဲ သရေပွဲ ၂ ပွဲ ရှိထားပြီး ရလဒ်တွေ ဆိုးရွှားနေဆဲ ဖြစ်ပါတယ်။ အဓိက ကတော့ ရိုးမားဟာ အဝေးကွင်း ပွဲစဉ်တွေမှာ ရလဒ်တွေ ဆိုးရွားနေပြီး လက်ရှိရာသီ အဝေးကွင်း ပွဲစဉ် ၇ ပွဲစလုံး နိုင်ပွဲ မရသေးပဲ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရိုးမားက လက်ရှိ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၁၁ နေရာ အထိ ရောက်ရှိနေခဲ့တာကြောင့် နည်းပြ အိုင်ဗန် ဂျူရစ်နဲ့ လက်တွဲဖြုတ်ဖို့ စဉ်းစားနေခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ မှာတော့ ရိုးမား အသင်း ပိုင်ရှင်တွေက ဖီအိုရင်တီးနားနဲ့ ဆာဆူအိုလို နည်းပြဟောင်း ပေါ်လို ဆိုဆာကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဆိုဆာ ကတော့ လက်ရှိမှာ ယူအေအီး ကလပ် အဲလ်အာလီကို ကိုင်တွယ်နေတာ ဖြစ်လို့ ခေါ်ယူဖို့က ခဲယဉ်းနိုင်ပြီး ဆော်ဒီ လက်ရွေးစင် အသင်းနဲ့ လမ်းခွဲလာတဲ့ နည်းပြကြီး မန်ချီနီ ကိုလည်း ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရိုးမားရဲ့ နည်းပြ လျာထားစာရင်းမှာတော့ အီတလီ နည်းပြကြီး ရာနီရေးနီလည်း ပါဝင်နေကာ ဒီနည်းပြ ကလည်း ရိုးမား နည်းပြဟောင်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနည်းပြတွေ အပြင် ၂၀၂၃ ဇန်နဝါရီကတည်း ကနေ လက်ရှိအချိန်ထိ အသင်းလက်မဲ့ ဖြစ်နေတဲ့ ဖရန့်ခ် လမ်းပတ် ကလည်း ရိုးမား အသင်းရဲ့ စောင့်ကြည့်နေတဲ့ နည်းပြ စာရင်းမှာ ပါဝင်နေခဲ့ပါတယ်။ ချဲလ်ဆီး ဂန္တဝင် ကစားသမားဟောင်း ဖရန့်ခ် လမ်းပတ်ဟာ ကစားသမား ဘဝတုန်းက အောင်မြင်မှုတွေ ရခဲ့ပေမယ့် နည်းပြ ဘဝ မှာတော့ အောင်မြင်မှုတွေ ရဖို့ ရုန်းကန်နေခဲ့ရသူ ဖြစ်ပါတယ်။
သတင်းတွေအရ ဆိုရင်တော့ ရိုးမားဟာ လက်ရှိရာသီ တစ်ခုထဲမှာတင် နည်းပြ အပြောင်းအလဲ ၂ ကြိမ် အထိ လုပ်ဆောင်ရဖို့ ရှိတာကြောင့် အသင်းရဲ့ ဘဏ္ဍာရေးကို မထိခိုက်စေဖို့ နာမည်ကြီး နည်းပြတွေကို ရွေးချယ်ဖို့တော့ စဉ်းစားဖွယ် ရှိနေပါတယ်။ ဒါကြောင့် စီးရီးအေ ကလပ် ရိုးမားရဲ့ နည်းပြ လျာထား စာရင်းထဲ မှာတော့ ဖရန့်ခ် လမ်းပတ်က အဖြစ်နိုင်ဆုံး အဖြစ် ရှိနေခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.