ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် နည်းပြဟောင်း အဲရစ်ခ် တန်ဟက်ဂ် ကတော့ နယ်သာလန် တိုက်စစ်မှူးလေး ဇီယက်ခ်ဇီးကို ခေါ်ယူလိုခဲ့ခြင်း မရှိဘူးလို့ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နွေဈေးကွက်မှာ ဇီယက်ခ်ဇီးကို ဘိုလော့ဂ်နာ ကနေ ပေါင် ၃၇ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း The Sun ရဲ့ ဖော်ပြချက်အရတော့ တန်ဟက်ဂ် အနေနဲ့ အဲဒီအချိန်တုန်းက ဇီယက်ခ်ဇီးကို လုံးဝ ခေါ်ဆောင်လိုခဲ့ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။
ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဟာ တန်ဟက်ဂ်ကို အသင်း ကနေ မထုတ်ပယ်ခင် ပြီးခဲ့တဲ့ နွေဈေးကွက်မှာပဲ ဒီလစ်ဂျ်၊ မက်ဇရာရီ၊ အူဂါတီ၊ လီနီ ယိုရိုနဲ့ ဇီယက်ခ်ဇီး တို့ကိုပါ အရ ခေါ်ယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ သတင်းဖော်ပြချက်တွေ အရ ဆိုရင်တော့ ခေါ်ယူခဲ့တဲ့ ကစားသမားတွေထဲ ကမှ ဂျော်ရွှာ ဇီယက်ခ်ဇီးဟာ အဲရစ်ခ် တန်ဟက်ဂ် အလိုမရှိတဲ့ ကစားသမား တစ်ယောက် ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ တန်ဟက်ဂ်နဲ့ ဇီယက်ခ်ဇီး တို့ဟာ နိုင်ငံတူတွေ ဖြစ်ပြီး တန်ဟက်ဂ် ကလည်း အေဂျက်စ်နဲ့ နယ်သာလန် ကစားသမားတွေကို ဦးစားပေး ခေါ်ယူတတ်သူလည်း ဖြစ်ပါတယ်။ The Sun ရဲ့ ဖော်ပြချက်ထဲမှာတော့ တန်ဟက်ဂ်ဟာ အသင်းကို ဇီယက်ခ်ဇီး ရောက်လာချိန်မှာ ကိုယ်အလေးချိန် များပြားနေတဲ့ အပေါ် စိတ်ပျက်ခဲ့သေးတယ်လို့ သိရပါတယ်။
ဘေယန်မြူးနစ် ကစားသမားဟောင်း ဂျော်ရွှာ ဇီယက်ခ်ဇီးဟာ လက်ရှိ အချိန်ထိ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၁၅ ပွဲ အထိ ကစားပေးထားခဲ့ပါတယ်။ ဒါပေမယ့် ပွဲဦးထွက် ဖူလ်ဟမ်နဲ့ ပွဲမှာသာ ဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့ရင်း ကျန်တဲ့ ၁၄ ပွဲ ဆက်တိုက် ဂိုးပေါက် ပျောက်ဆုံးနေရသလို ကစားပုံ ကလည်း အသင်း အတွက် ဘယ်လိုမှ အကျိုး သက်ရောက်မှု မရှိ ဖြစ်နေပါတယ်။ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းမှာ ဒိန်းမတ် တိုက်စစ်မှူး ဟွိုက်ဂျ်လန်းနဲ့ နယ်သာလန် တိုက်စစ်မှူး ဂျော်ရွှာ ဇီယက်ခ်ဇီး တို့ကို ပွဲထွက်ခွင့် အတွက် အပြိုင်အဆိုင် ဖြစ်လာလိမ့်မယ်လို့ တွက်ဆခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဟွိုက်ဂျ်လန်း ကသာ အသင်း အတွက် အဆင်ပြေနေပေမယ့် ဇီယက်ခ်ဇီး ကတော့ ရုန်းကန်နေရသလို အသင်း ကနေပါ အငှားချသွားဖို့ စဉ်းစားနေတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်လာခဲ့ပါတယ်။
ဒါပေမယ့် လက်ရှိ ယူနိုက်တက် အသင်းရဲ့ ယာယီ နည်းပြ နစ္စတဲလ်ရွိင်း ကတော့ ဇီယက်ခ်ဇီး အပေါ် ယုံကြည်မှု ပေးထားဆဲ ဖြစ်ပါတယ်။ မကြာခင်မှာ အသင်းကို ရောက်ရှိလာတော့မယ့် နည်းပြသစ် အမော်ရင် လက်ထက်မှာလည်း ဇီယက်ခ်ခ်ဇီးကို ဘယ်လို ပုံစံမျိုးနဲ့ အသုံးပြုသွားမလဲ ဆိုတာ စောင့်ကြည့်ရပါမယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.