နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက်မှာ ဆက်ရှိချင်ကြောင်း ဖွင့်ဟ ပြောဆိုလာတဲ့ နစ္စတယ်ရွိုင်း | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ ယာယီ နည်းပြ ရူ့ဒ် ဗန် နစ္စတယ်ရွိုင်း ကတော့ အသင်းမှာ ဆက်ရှိနေချင်ကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ နယ်သာလန်သား နည်းပြဟာ သူ့အနေနဲ့ နည်းပြသစ် ရူဘင် အမော်ရင် ရောက်ရှိလာခဲ့ရင်တောင် အသင်းကို ဆက်လက် ကူညီပေးသွားချင်တာကြောင့် အိုးထရက်ဖို့ဒ်မှာ ဆက်ရှိသွားချင်ကြောင်း ပြောကြားလာတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်မှာ ရလဒ်ဆိုးတွေ တောက်လျောက် ဆိုးရွားနေတာကြောင့် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ကို ထုတ်ပယ်ပြီး လက်ရှိမှာ ယာယီ နည်းပြ အဖြစ် နစ္စတယ်ရွိုင်းကို တာဝန်ပေးအပ်ထားတာ ဖြစ်ပါတယ်။ တစ်ဖက် မှာလည်း စပိုတင်းလစ္စဘွန်းနဲ့ အတူ အောင်မြင်မှုတွေ ရရှိထားတဲ့ နည်းပြ အမော်ရင် ကိုလည်း အသင်း နည်းပြ အဖြစ် ခပ်မြန်မြန်ပဲ တရားဝင် ခန့်အပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရူဘင် အမော်ရင်က ယူနိုက်တက်ကို လာမယ့် နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင် တာဝန်ယူ ကိုင်တွယ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် နစ္စတယ်ရွိုင်းက ယာယီ နည်းပြ အဖြစ် ဆက်လက် တာဝန်ယူနေရဦးမှာ ဖြစ်ပြီး PAOK နဲ့ ယူရိုပါလိဂ် ပွဲစဉ်၊ လက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ကိုပါ ဆက်လက် ကိုင်တွယ်ရမှာပါ။ နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်ကို နှစ်ပွဲ ကိုင်တွယ်ထားခဲ့ပြီး လက်စတာစီးတီးနဲ့ ပွဲမှာ ၅-၂ ရလဒ်နဲ့ အနိုင်ရခဲ့သလို ချဲလ်ဆီးနဲ့ ပွဲမှာတော့ ၁-၁ သရေ ရလဒ် ရရှိအောင် စွမ်းဆောင်ပေးထားပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်မှာ ရလဒ်ဆိုးတွေ တောက်လျောက် ဆိုးရွားနေတာကြောင့် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ကို ထုတ်ပယ်ပြီး လက်ရှိမှာ ယာယီ နည်းပြ အဖြစ် နစ္စတယ်ရွိုင်းကို တာဝန်ပေးအပ်ထားတာ ဖြစ်ပါတယ်။
နစ္စတယ်ရွိုင်း ကိုင်တွယ်ချိန်မှာ ရှုံးပွဲ မရှိသေးတဲ့ ယူနိုက်တက်

နည်းပြသစ် ရူဘင် အမော်ရင် ကတော့ အစ်ပ်ဆွစ်ချ်နဲ့ ပွဲမှသာ စတင် တာဝန်ယူ ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းကို အမော်ရင် ရောက်လာတော့ နစ္စတယ်ရွိုင်းဟာ ချက်ချင်းပဲ စွန့်ခွာတော့မယ် ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်လျက် ရှိနေပါတယ်။ ဒါပေမယ့်လည်း နစ္စတယ်ရွိုင်း ကတော့ ကောလာဟလတွေနဲ့ ပတ်သတ်လို့ အခုလိုပဲ ဖြေရှင်းလာခဲ့ပါတယ်။ “ယူနိုက်တက်ဆီ မလာခင်တုန်းက ကျွန်တော် နည်းပြ အလုပ် အတွက် ရှာဖွေခဲ့တာပါ။ ဒါက သံသယဖြစ်စရာ မရှိပါဘူး။ ယူနိုက်တက် ဆီကနေ ဒီလို အခွင့်အရေးမျိုး ရောက်လာချိန်မှာတော့ ဒါက ကျွန်တော့် အတွက် ကောင်းမွန်တဲ့ အခွင့်အရေး တစ်ခု ဖြစ်ခဲ့တယ်။ ကျွန်တော် ဒီကို လာချင်လို့လည်း နည်းပြ လုပ်ချင်စိတ်ကို မေ့ထားလိုက်ပါတယ်။ ကျွန်တော် ဒီကို ရောက်လာခဲ့တာက အသင်းကို ကူညီချင်တဲ့ အတွက် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော် ကတော့ အသင်းမှာပဲ ဆက်နေချင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး နစ္စတယ်ရွိုင်းက “နောက်ပြီးတော့ ကျွန်တော် နည်းပြသစ်ရဲ့ အနောက် မှာလည်း ရှိနေပေးမှာပါ။ ပြီးတော့ အသင်း တိုးတက်ဖို့ သေသေချာချာ လုပ်ဆောင်ချင်ပါတယ်။ သူက ပေါ်တူဂီမှာ ဆိုရင်လည်း အကောင်းဆုံး စွမ်းဆောင်နေတာ ဖြစ်လို့ သိပ်မကြာခင်မှာ သူနဲ့ တွေ့ဆုံဖို့ စောင့်မျှော်နေပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

နစ္စတယ်ရွိုင်းဟာ ကစားသမားဘဝက ပီအက်စ်ဗွီ၊ မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ ဟမ်းဘတ်၊ မာလာဂါ အသင်းတွေမှာ ကစားခဲ့သူ ဖြစ်ပြီး ပရီးမီးယားလိဂ် ကလပ်မှာတော့ အချိန်အကြာဆုံး ဖြတ်သန်းခဲ့ပါတယ်။ နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်မှာ ပြိုင်ပွဲစုံ ပွဲပေါင်း ၁၅၀ ကစားပြီး ၉၅ ဂိုး သွင်းယူပေးခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်