အာနေး ဆလော့တ်ရဲ့ လစ်ဗာပူးလ် ကတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဇယားထိပ်ဆုံး ကနေ ၅ မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပြီးနောက် ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်လာခဲ့ပါပြီ။ Opta ရဲ့ စူပါကွန်ပျူတာရဲ့ ခန့်မှန်း တွက်ချက်မှု အရ လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ချေ ၅၉.၃ ရာခိုင်နှုန်းနဲ့ ရေပန်းအစားဆုံး ဖြစ်လာခဲ့တာပါ။
လစ်ဗာပူးလ်ဟာ နိုဝင်ဘာ နိုင်ငံတကာ ရက်သတ္တပတ် မတိုင်ခင် ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ အပြီးမှာ ရမှတ် ၂၈ မှတ်နဲ့ ဇယားကို ဦးဆောင်နေခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၄ နှစ်ဆက် ရရှိထားတဲ့ လက်ရှိ ချန်ပီယံ မန်စီးတီးကို ၅ မှတ် ဖြတ်ထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးနဲ့ အာဆင်နယ် ကိုလည်း လစ်ဗာပူးလ်က ၉ မှတ် အထိ ဖြတ်တောက်ထားနိုင်ခဲ့ပြီး အားရစရာ အခြေအနေတွေ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
လစ်ဗာပူးလ်ဟာ နည်းပြသစ် အာနေး ဆလော့တ် လက်ထက်မှာ အကောင်းဆုံး ပုံစံ ရရှိနေခဲ့ပြီးတော့ ပြိုင်ပွဲစုံမှာ ၉ ပွဲ နိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံး ဆိုတဲ့ မှတ်တမ်းကောင်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုက်စစ် ကလည်း သွင်းဂိုး ၂၁ ဂိုး အထိ ရရှိထားခဲ့သလို ခံစစ် ကတော့ ပေးဂိုး ၆ ဂိုးသာ ရှိထားပါတယ်။ ဒါကြောင့် Optaရဲ့ စူပါကွန်ပျူတာက ရာသီကြိုကာလ ချန်ပီယံ ဖြစ်နိုင်ချေ ရာခိုင်နှုန်းကို တွက်ချက်လာခဲ့ပြီး ပွဲစဉ် ၁၁ အပြီးမှာ ချန်ပီယံ ဖြစ်နိုင်ချေ ရာခိုင်နှုန်းတွေကို နှိုင်းယှဉ် ထုတ်ပြန်လာခဲ့တာ ဖြစ်ပါတယ်။
၂၀၂၄/၂၀၂၅ ရာသီ မစတင်မီက ပပ် ဂွာဒီယိုလာရဲ့ မန်စီးတီးက ချန်ပီယံ ဖြစ်နိုင်ချေ ၈၂.၂ ရာခိုင်နှုန်းနဲ့ ၅ နှစ်ဆက် ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်ခဲ့ပြီး အာဆင်နယ်က ၁၂.၂ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ လစ်ဗာပူးလ်က ၅.၁ ရာခိုင်နှုန်းနဲ့ တတိယ နေရာမှာသာ ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပွဲစဉ် ၁၁ အပြီးမှာ လစ်ဗာပူးလ်ကက ချန်ပီယံ ဖြစ်နိုင်ချေ ၅၉.၃ ရာခိုင်နှုန်းနဲ့ ရေပန်းအစားဆုံး ဖြစ်လာခဲ့ပြီး မန်စီးတီးက ၃၆.၂ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ အာဆင်နယ်က ၄.၁ ရာခိုင်နှုန်းနဲ့ တတိယ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။
ဒါကြောင့် လစ်ဗာပူးလ်ရဲ့ ချန်ပီယံ ဖြစ်နိုင်ခြေဟာ ရာသီ မစတင်မီ အချိန်နဲ့ နှိုင်းယှဉ်ရင် ၅၄.၂ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ရှုံးပွဲ ဆက်နေတဲ့ မန်စီးတီး ကတော့ ချန်ပီယံ ဖြစ်နိုင်ချေ ၄၆ ရာခိုင်နှုန်း အထိ ကျဆင်းသွားခဲ့ပြီး အာဆင်နယ် ကလည်း ၈.၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။ တချို့သော ချန်ပီယံ ဖြစ်နိုင်ချေ အတွက် အလေးပေးမှု စာရင်း မှာတော့ လစ်ဗာပူးလ်က ၆:၅ နဲ့ ရေပန်းအစားဆုံး ဖြစ်လာပြီး မန်စီးတီး က ၂:၁၊ အာဆင်နယ်က ၄:၁၊ ချဲလ်ဆီးက ၂ဝ:၁၊ စပါးက ၆၆:၁ သတ်မှတ်ခံထားရပါတယ်။
နိုင်ငံတကာ ရက်သတ္တပတ် အပြီး ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ ကိုတော့ နိုဝင်ဘာလ ၂၃၊ ၂၄၊ ၂၅ ရက်နေ့တွေမှာ ပြန်လည် ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.