ပရီးမီးယားလိဂ် ပြင်သစ် တိုက်စစ်မှူး ခရစ္စတိုဖာ အန်ကွန်ကူ ကတော့ ပရီးမီးယားလိဂ် ကလပ်မှာ ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေတာကြောင့် အသင်း ပြောင်းရွှေ့ဖို့ ရှိနေကြောင်း သတင်းကြီးနေသူပါ။ အန်ကွန်ကူ အနေနဲ့ နည်းပြ ဖြစ်သူ အန်ဇို မာရက်စ်ကာ လက်ထက်မှာ ဒဏ်ရာကနေ ပြန်လည် သက်သာလာခဲ့ပေမယ့် ပွဲကစားခွင့် တော်တော်လေး နည်းပါးနေပြီး မပျော်ရွှင် ဖြစ်နေသူလည်း ဖြစ်ပါတယ်။
အန်ကွန်ကူဟာ အစောပိုင်းမှာ အသင်းဟောင်း ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီကို ပြန်လည် ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ခဲ့ပြီး လက်ရှိမှာတော့ သူ့ကို မန်ချက်စတာယူနိုက်တက်က စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထပ်ထွက်လာတာ ဖြစ်ပါတယ်။ အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ တိုက်စစ် ကြယ်ပွင့် အန်ကွန်ကူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လိုက်ပ်ဇစ် ကနေ ချဲလ်ဆီး ကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး သူရဲ့ ပထမဆုံး ရာသီမှာ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရသလို အခု ရာသီမှာတော့ ဒဏ်ရာက ပြန်လည် သက်သာလာပေမယ့် ပွဲထွက်ခွင့် မရဖြစ်နေတာပါ။ နည်းပြသစ် အန်ဇို မာရက်စ်ကာ ကတော့ အန်ကွန်ကူလို ကြယ်ပွင့်ကို အဓိက ပွဲကြီးတွေမှာ အသုံးမပြုပဲ ရှုံးထွက် ပွဲစဉ်တွေမှာ အဓိကထား ပွဲထုတ်နေတာ ဖြစ်ပါတယ်။
အန်ကွန်ကူဟာ ကွင်းလယ် တိုက်စစ်၊ ဘယ်တောင်ပံနဲ့ အထောင် တိုက်စစ် နေရာစုံမှ လိုအပ်ရင် လိုအပ်သလို ကစားနိုင်သူ ဖြစ်ပါတယ်။ ဒါ့အပြင် ပြင်သစ်သားက ဒီရာသီမှာ ချဲလ်ဆီး အတွက် သွင်းဂိုး ၁၀ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပေမယ့်လည်း အသင်း အတွက် အရေးပါတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ မှာတော့ လူစားဝင်ပဲ ကစားနေရတာ ဖြစ်ပါတယ်။
အန်ကွန်ကူ အနေနဲ့ ချဲလ်ဆီး အတွက် ကွန့်ဖရင့်လိဂ် ပွဲစဉ်တွေနဲ့ လိဂ်ဖလား ပွဲစဉ်တွေ မှာတော့ အဓိက ကစားသမား အဖြစ် ပွဲထွက် ကစားခွင့် ရနေသလို ခြေစွမ်းလည်း ပြနိုင်ပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် မှာတော့ နီကိုးလပ်စ် ဂျက်ဆင်ရဲ့ ဒုတိယ ဦးစားပေး အဖြစ်နဲ့သာ ကစားနေရပါတယ်။ ဒီအခြေအနေကို ကစားသမားက တော်တော်လေး စိတ်ပျက်နေတာကြောင့် လာမယ့် ဆောင်းရာသီ ဈေးကွက်မှာ ချဲလ်ဆီး ကနေ ထွက်ခွာဖို့ပါ စီစဉ်နေတယ်လို့ သိရပါတယ်။ ချဲလ်ဆီးနဲ့ အနာဂတ် မသေချာတော့တဲ့ အန်ကွန်ကူ ကိုတော့ သူ့အသင်းဟောင်း ပီအက်စ်ဂျီက ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေသလို နည်းပြသစ် အမော်ရင် လက်ထက်မှာ တိုက်စစ်ပိုင်း အင်အားဖြည့်တင်းဖို့ ရှိနေတဲ့ ယူနိုက်တက် ကလည်း သူတို့ရဲ့ ပစ်မှတ်ဟောင်း ဖြစ်တဲ့ အန်ကွန်ကူကို လာမယ့် အပြောင်းအရွှေ့ ကာလတွေမှာ ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ် ရှိနေခဲ့ပါတယ်။လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်က နယ်သာလန် တိုက်စစ်မှူးလေး ဂျော်ရွှာ ဇီးယက်ဇ်ဇီးကို ဘိုလော့ဂ်နာ ကနေ ပူပူနွေးနွေး ခေါ်ယူထားသလို ဟွိုက်ဂျ်လန်းလို တိုက်စစ်မှူးမျိုးလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့်လည်း ဇီယက်ခ်ဇီးက တစ်ပွဲသာ ခြေစွမ်းပြပြီး နောက်ပွဲတွေမှာ ရုန်းကန်နေရသလို ဟွိုက်ဂျ်လန်း ကလည်း မကြာခဏ ကြံ့ခိုင်မှုနဲ့ ပတ်သတ်ပြီး ပြဿနာ ရှိတာကြောင့် ယူနိုက်တက်တို့ တိုက်စစ်မှူးသစ် တစ်ဦး ခေါ်ယူဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.