နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လေ့ကျင့်ချိန် ၂ ရက်သာ ရခဲ့လို့ ကစားကွက်နဲ့ အသားမကျခဲ့ဘူး ဆိုတဲ့ အမော်ရင် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် ကတော့ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အစ်ပ်ဆွစ်ချ်ကို ၁-၁ ရလဒ်သာ ကစားနိုင်ခဲ့ပြီး သရေ တစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ နည်းပြသစ် ရူဘင် အမော်ရင်ရဲ့ လက်အောက်မှာ ပထမဦးဆုံး အကြိမ် ပွဲထွက်လာခဲ့တာ ဖြစ်ပြီး ပရိသတ်တွေ ကလည်း ရလဒ်ကောင်း တစ်ခုကို မျှော်လင့်ခဲ့ကြပါတယ်။ မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ပွဲစပြီး မကြာခင်မှာ သွင်းယူခဲ့တဲ့ ဂိုးနဲ့ ယူနိုက်တက်တို့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ပထမပိုင်း ပြီးခါနီးမှာ ဟတ်ချင်ဆန်က လှပတဲ့ သွင်းဂိုးနဲ့ ချေပခဲ့တာကြောင့် ၁-၁ ရလဒ်နဲ့ပဲ ပွဲပြီးခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ နည်းပြသစ် အမော်ရင် ကတော့ သူတို့ အသင်းရဲ့ အခြေအနေနဲ့ ပတ်သတ်လို့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။ အမော်ရင်က “ပထမပိုင်းကို ပြန်ကြည့်လိုက်မယ် ဆိုရင် ကစားသမားတွေက အနည်းငယ် စိုးရိမ်ပူပန်နေကြတာကို မြင်တွေ့ရပါလိမ့်မယ်။ မော်ဆီကို ကျွန်တော်တို့ ဘောလုံး ဝင်လုခဲ့သင့်သလို ဟတ်ချင်ဆန် ကိုလည်း ဂျွန်နီ အီဗန်စ် အနေနဲ့ ဖိအားပေးခဲ့သင့်ပါတယ်။ ဒါပေမယ့် ကျွန်တော် တို့က လေ့ကျင့်ချိန် ၂ ရက်သာ ရခဲ့လို့ ကစားဟန်နဲ့ အနည်းငယ် အသားမကျခဲ့တာ တွေ့ရပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဒါကြောင့် ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ အပြီး မှာတော့ ၄ ပွဲနိုင်၊ ၄ ပွဲ သရေ၊ ၄ ပွဲ ရှုံး၊ ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၁၂ နေရာမှာ ရှိနေခဲ့ပြီး အစ်ပ်ဆွစ်ချ် ကတော့ အဆင့် ၁၈ နေရာမှာ ဆက်ရှိနေခဲ့ပါတယ်။
အမော်ရင်နဲ့ အဖွင့်ပွဲမှာ နိုင်ပွဲ မရခဲ့တဲ့ ယူနိုက်တက်

အဲဒီနောက် အမော်ရင်က “ကျွန်တော်တို အချက်အလက်တွေကို ကြည့်ရမယ်။ ကြည့်ပြီးရင် အဲ့ဒါကိုလည်း နားလည်ရမယ်။ ပထမဦးဆုံး အနေနဲ့ ပွဲကို နားလည်နိုင်ရမယ်။ ပြီးရင် ပြိုင်ဘက်က ပြင်းပြင်းထန်ထန် ဖိအားပေး ကစားလာရင် ရင်ဆိုင်ဖို့အတွက် ရုပ်ပိုင်းဆိုင်ရာအရ ပိုကောင်းနေရမယ်။ ဒါတွေ အားလုံးကို လုပ်ဆောင်နိုင်ဖို့ အချိန် ဆိုတာ လိုအပ်ပါတယ်။ ကျွန်တော့် ကစားသမားတွေက ပွဲအကြောင်းနဲ့ ပတ်သက်ပြီး လိုတာထက် ပိုပြီး စဉ်းစား တွေးတောနေပုံ ရပါတယ်။ ဒါကလည်း ကျွန်တော်တို့ အနေနဲ့ ကစားသမား အစုံအလင်နဲ့ ၂ ရက်တည်း ရှိခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒီထက်မက အချိန်လိုအပ်ပါတယ်။ သူတို့ အသင်းက ကစားသမား တစ်ဦးချင်း အခြေအနေတွေမှာ အသာရယူခဲ့တာကို ကျွန်တော်တို့ ဘက်က သတိထားဖို့ လိုပါတယ်။” လို့ သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

အစ်ပ်ဆွစ်ချ် ကတော့ ပရီးမီးယားလိဂ် တန်းတက် အသင်း တစ်သင်း ဖြစ်ပြီးတော့ လက်ရှိ အမှတ်ပေးဇယားရဲ့ အဆင့် ၁၈ မှာ ရှိနေတဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မနေ့ညက ပွဲ မှာတော့ ပုံစံကောင်း တစ်ခု ပြသနိုင်ခဲ့ပြီးတော့ ယူနိုက်တက်တို့ ဂိုးသမား အိုနာနာရဲ့ လက်စွမ်း ကာကွယ်ခဲ့လို့သာ သက်သာရာရခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ အပြီး မှာတော့ ၄ ပွဲနိုင်၊ ၄ ပွဲ သရေ၊ ၄ ပွဲ ရှုံး၊ ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၁၂ နေရာမှာ ရှိနေခဲ့ပြီး အစ်ပ်ဆွစ်ချ် ကတော့ အဆင့် ၁၈ နေရာမှာ ဆက်ရှိနေခဲ့ပါတယ်။

နောက်ဆုံး မှာတော့ အမော်ရင်က “ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ကျွန်တော် တို့က ဘာဖိအားမှ မရှိဘဲ ဘောလုံးတွေ ဆုံးရှုူံးခဲ့ရပါတယ်။ ဒီလိုပွဲမျိုးက ဘောလုံးကို ထိန်းချုပ်ထားနိုင်ဖို့ လိုအပ်ပါတယ်။ အခုပွဲမှာ ဒီလို မလုပ်နိုင်ခဲ့ပေမယ့် ကစားသမားတွေက တကယ့်ကို ကြိုးကြိုးစားစား ကစားခဲ့ကြပါတယ်။ စိတ်ကူးသစ်တွေကို အခုပဲ လုပ်ဆောင်ဖို့ နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့ ပိုကောင်းအောင် ကြိုးစားရပါလိမ့်မယ်။” လို့ ပြောကြားခဲ့ပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်