ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ကို လက်ထောက် နည်းပြ၊ ယာယီ နည်းပြ အဖြစ်တွေနဲ့ ကိုင်တွယ်ခဲ့တဲ့ ရူ့ဒ် ဗန်နစ္စတယ်ရွိုင်း ကိုတော့ နည်းပြချုပ် အဖြစ်နဲ့ ပြန်လည် မြင်တွေ့ရဖို့ နီးစပ်နေပါပြီ။ သတင်းတွေ အရ ဆိုရင် နစ္စတဲလ်ရွိုင်းက ပရီးမီးယားလိဂ် တန်းတက် ကလပ် လက်စတာနဲ့ အသင်းဟောင်း ဘွန်ဒက်စ်လီဂါ ၂ ကလပ် ဟမ်းဘတ်ရဲ့ နည်းပြ ရာထူးတွေ အတွက် စဉ်းစားနေခဲ့တယ်လို့ သိရပါတယ်။
အသင်း လက်မဲ့ ဖြစ်နေတဲ့ နစ္စတယ်ရွိုင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ပရီးမီးယားလိဂ် ကလပ် အဲဗာတန်နဲ့ လက်စတာစတီး တို့ရဲ့ နည်းပြသစ် ဖြစ်လာဖို့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုဗင်ထရီနဲ့ ကစားသမားဘဝ အသင်းဟောင်း ဖြစ်တဲ့ ဂျာမနီ ဘွန်ဒက်စ်လီဂါ ၂ ကလပ် ဟမ်းဘတ် ကပါ လစ်လပ်နေတဲ့ နည်းပြ နေရာ အတွက် ရူ့ဒ် ဗန် နစ္စတယ်ရွိုင်း င်းကို တာဝန်ပေးချင်နေတယ်လို သိရပါတယ်။
လက်ရှိမှာ လက်စတာစီးတီးက ရလဒ်တွေ တောက်လျောက် ဆိုးရွားနေတာကြောင့် ရာသီအစကမှ ခန့်အပ်ထားတဲ့ စတိဗ် ကူးပါးနဲ့ လမ်းခွဲခဲ့သလို ဘွန်ဒက်စ်လီဂါ ၂ ကလပ် ဟမ်းဘတ် ကလည်း ရလဒ် မကောင်းတာကြောင့် နည်းပြ ဖြစ်သူ စတီဖင် ဘမ်ဂတ်နဲ့ လက်တွဲဖြုတ်ထားခဲ့ပါတယ်။ ဒါကြောင့် အခုလို အသင်းတွေ ခန့်အပ်ချင်နေတဲ့ နည်းပြ စာရင်းမှာ နယ်သာလန်သားက ထိပ်ဆုံး ကနေ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နစ္စတယ်ရွိုင်း ကလည်း နည်းပြ အလုပ်ကို ချက်ချင်း လုပ်ကိုင်သွားချင်နေတာကြောင့် လက်စတာ ဒါမှမဟုတ် ဟမ်းဘတ်ရဲ့ နည်းပြအဖြစ် မကြာခင်မှာပဲ မြင်တွေ့သွားရဖွယ် ရှိပါတယ်။
နယ်သာလန် ကလပ် ပီအက်စ်ဗွီ နည်းပြဟောင်း ရူ့ဒ် ဗန် နစ္စတယ်ရွိုင်း ကတော့ အခုနှစ် နွေရာသီမှာ ယူနိုက်တက် လက်ထောက် နည်းပြ ရာထူးကို လက်ခံခဲ့ပြီးတော့ အဲရစ်ခ် တန်ဟက်ဂ်နဲ့ လက်တွဲခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ်က တန်ဟက်ဂ်ကို ရာထူး ကနေ ထုတ်ပယ်ခဲ့ပြီး နစ္စတဲလ်ရွိုင်းကို ယာယီ နည်းပြ အဖြစ် တာဝန်ပေးအပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နစ္စတယ်ရွိုင်းက ယူနိုက်တက်မှာ ၄ ပွဲသာ ယာယီ နည်းပြ အဖြစ် ကိုင်တွယ်ခဲ့ရပြီးတော့ ၄ ပွဲစလုံး ရှုံးပွဲ မရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်က အမြဲတမ်း နည်းပြ အဖြစ် ရူဘင် အမော်ရင် ကို ခန့်အပ်ခဲ့ပြီး အမော်ရင် ကလည်း သူ့ရဲ့ နည်းပြ အဖွဲ့ကို တစ်ပါတည်း ခေါ်ဆောင်လာခဲ့တာကြောင့် ယူနိုက်တက်တို့ နစ္စတယ်ရွိင်းနဲ့ စိတ်မကောင်းစွာနဲ့ပဲ လက်တွဲဖြုတ်ခဲ့ရတာ ဖြစ်ပါတယ်။
နစ္စတယ်ရွိုင်းဟာ ကစားသမား ဘဝမှာတုန်းက ယူနိုက်တက်နဲ့ အတူ အောင်မြင်ခဲ့သူ ဖြစ်တာကြောင့် ပရိသတ် အများစု ကတော့ အိုးထရက်ဖို့ဒ်မှာပဲ ဆက်ရှိစေချင်ခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ယူနိုက်တက်က နည်းပြသစ် အမော်ရင်နဲ့ အတူ ပွဲဦးထွက် အဖြစ် အစ်ပ်ဆွစ်ချ်နဲ့ ကစားခဲ့ပြီး ၁-၁ ရလဒ်သာ ရရှိထားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.