ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်း ကတော့ ဆွန်ဟောင်မင်နဲ့ နောက်ထပ် တစ်ကြိမ် တွဲဖက်ကစားချင်သေးကြောင်း ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။ အင်္ဂလန် အသင်းခေါင်းဆောင် ကိန်းက စပါးမှာတုန်းက အတွဲအဖက်ညီညီနဲ့ ကစားရင်း ဂိုးတွေ သွင်းခဲ့ဖူးတဲ့ ဆွန်ဟောင်မင်ကို ဘေယန်မြူးနစ်ဆီ ရောက်ရှိလာချင်စေကြောင်း ပြောဆိုသွားခဲ့တာလည်း ဖြစ်ပါတယ်။
ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်တို တိုက်စစ် အတွဲအဖက်ဟာ တော့တင်ဟမ်ဟော့စပါးမှာ ကြောက်မက်စရာ တိုက်စစ် အတွဲအဖက် အဖြစ် သက်သေပြနိုင်ခဲ့ကြသူတွေပါ။ ဒီကစားသမား နှစ်ဦးက စပါး အတွက်၂၀၁၅ကနေ ၂၀၂၄ ခုနှစ် အထိ သွင်းဂိုး အတွဲအဖက်ညီညီနဲ့ ဂိုးတွေ အမြောက်အမြား သွင်းယူပေးနိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၂၄ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ မှာတော့ ဟယ်ရီကိန်းက စပါး ကနေ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ကစားခဲ့ပါတယ်။
ဟယ်ရီကိန်း အနေနဲ့ ဘေယန်မြူးနစ် ကစားသမားဘဝ ပွဲဦးထွက် ရာသီမှာ ပြိုင်ပွဲစုံ ၄၅ ပွဲ ကစားပြီး ၄၄ ဂိုး အထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုလို သွင်းဂိုး များစွာ ရရှိခဲ့တဲ့ ဟယ်ရီကိန်းက စပါးမှာ လိုပဲ ဖလား လက်မဲ့ရာသီ အဖြစ်နဲ့သာ ဖြတန်သန်းခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိ ရာသီမှာလည်း ဟယ်ရီကိန်းက စပါး အတွက် ၁၉ ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး ၂၀ အထိ ရရှိထားခဲ့ပြီး သူ့ရဲ့ အသင်း ကလည်း အမှတ်ပေးဇယား ထိပ်ကနေ အမှတ်ဖြတ် ဦးဆောင်ထားနိုင်ပါတယ်။ ဒါဟာ ဟယ်ရီကိန်း အတွက် ဘွန်ဒက်စ်လီဂါ ကလပ်နဲ့ ဒုတိယမြောက် ဘောလုံးရာသီ ဖြစ်ပြီး သူ့ရဲ့ ဖလားမရတဲ့ ကျိန်စာဆိုး ကနေ ရုန်းထွက်နိုင်ဖို့ မျှော်လင့်ချက် ရှိနေတာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ကိန်းက သူ့ရဲ့ စပါး အသင်းဖော်ဟောင်း ဆွန်ဟောင်မင်ကို ဘွန်ဒက်စ်လီဂါဆီ လာရောက် ကစားစေချင်နေပြီး ဆွန် ကလည်း စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
ဟယ်ရီကိန်းက ဘေယန်မြူးနစ်ရဲ့ အသင်း ပရိသတ်တွေနဲ့ တွေ့ဆုံပွဲကို တက်ရောက်ရင်း ပရိသတ်တွေက ကိန်းကို အသင်း အတွက် ခေါ်ယူချင်တဲ့ Dream Signing အကြောင်း မေးမြန်းရာမှာ ကိန်းက ဆွန်နီ ဆိုပြီး ပြန်လည် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ အကယ်၍ ဆွန်ဟောင်မင်သာ စပါးနဲ့ စာချုပ် သက်တမ်း မတိုးဖြစ်ခဲ့ရင် ဒါမှမဟုတ် စာချုပ်ပါ အချက်အလက်တွေ အရ တစ်နှစ် သက်တမ်းတိုးခွင့်ကို မရွေးချယ်ဖြစ်ခဲ့ဘူး ဆိုရင်တော့ ဘေယန်မြူးနစ်က ဆွန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။
သတင်းတွေအရ ဆိုရင်တော့ ဆွန်ဟောင်မင်လို ဥရောပ အတွေ့အကြုံကောင်းတွေ ပြည့်ဝနေတဲ့ ကစားသမားကို ထိပ်တန်း ကလပ် တော်တော်များများက လိုချင်နေကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် အလွတ်ပြောင်းရွှေ့နဲ့ ခေါ်ယူနိုင်မယ် ဆိုတဲ့ အချက်ကလည်း ကလပ်တွေ အတွက် မျက်စကျချင်စရာ ဖြစ်ပြီး ဆွန်ဟောင်မင်ကို ယူနိုက်တက် ကလည်း ခေါ်ယူချင်နေကြောင်း သတင်းတွေ ထွက်နေပါသေးတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.