နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းမှာ မဟုတ်ကြောင်း ပြောလာတဲ့ ဘေယန်မြူးနစ် အားကစား ဒါရိုက်တာ | ဘွန်ဒက်စ်လီဂါ

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ရဲ့ အားကစား ဒါရိုက်တာ ဖြစ်သူ အီဘယ်လ်က သူတို့ အသင်း အနေနဲ့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ စျေးကွက်မှာ အရန် တိုက်စစ်မှူး ခေါ်ယူသွားမှာ မဟုတ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ဘေယန်မြူးနစ်ဟာ အသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း အတွက် အရန် တိုက်စစ်မှူး တစ်ဦး ခေါ်ယူသွားဖို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၃၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ကစားခဲ့တဲ့ ဒေါ့မန်နဲ့ ပွဲမှာ ဒဏ်ရာရရှိပြီး ကတည်းက အနားယူနေရသူ ဖြစ်ပါတယ်။

ဟာရီကိန်းဟာ လက်ရှိ ရာသီမှာ ဘေယန်မြူးနစ် အတွက် ဘွန်ဒက်စ်လီဂါ အပါအဝင် ပြိုင်ပွဲစုံမှာ ၁၉ ပွဲ ကစားပြီး ဂိုး ၂၀ သွင်းယူထားသူ ဖြစ်ပါတယ်။ ဘေယန်မြူးနစ်ဟာ ဟယ်ရီကိန်း မကစားနိုင်တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲမှာ တိုက်စစ်က ရုန်းကန်ခဲ့ရပြီး ရလဒ်ပိုင်း ကိုလည်း ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ်ဟာ အဲဒီ ၄ ပွဲမှာ ၂ ပွဲ ရှုံးခဲ့ပြီး ပိုကယ်ဖလား မှာလည်း ရှုံးထွက်အဆင့်နဲ့ပဲ ထွက်ခွာခဲ့ရပါတယ်။

ဘေယန်မြူးနစ်ဟာ လက်တလော ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ရပ်တည်နေပြီးတော့ အဆင့် ၂ နေရာက လေဗာကူဆင်ကို ၄ မှတ် ဖြတ်ထားနိုင်ဆဲ ဖြစ်ပါတယ်။
ဟယ်ရီကိန်း မပါနိုင်ချိန်မှာ တိုက်စစ်ပိုင်း ရုန်းကန်နေရတဲ့ ဘေယန်မြူးနစ်

ဒါပေမယ့်လည်း ဘေယန်မြူးနစ် အားကစားဒါရိုက်တာ အီဘယ်လ်က လာမယ့် ဇန်နဝါရီမှာ ဟယ်ရီကိန်း အတွက် အရန် တိုက်စစ်မှူး ခေါ်ယူသွားမှာ မဟုတ်ကြောင်း အတိအလင်း ပြောကြားခဲ့ပါတယ်။ အီဘယ်လ်က “ကျွန်တော်တို့ အနေနဲ့ လာမယ့် ဇန်နဝါရီမှာ တိုက်စစ်မှူး တစ်ဦး ခေါ်ယူသွားမှာ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ အနေနဲ့ ကျွန်တော် တို့ရဲ့ ရည်မှန်းချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ လူစာရင်းကို ပိုင်ဆိုင်ထားတယ်လို့ ယုံကြည်ထားတာကြောင့် ဖြစ်ပါတယ်။ ဘေယန်မြူးနစ် အနေနဲ့ မလိုအပ်ဘဲ ပိုက်ဆံဖြုန်းမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အနေနဲ့ စီးပွားရေး အတွက် အမြဲတမ်း ထည့်တွေးလေ့ရှိပြီး ဒါကြောင့်လည်း ကျွန်တော် တို့ရဲ့ ဘဏ္ဍာရေးက အရမ်းကို ကောင်းမွန်နေတာပါ။”လို့ ပြောဆိုခဲ့ပါတယ်။

တိုက်စစ်မှူး ဟယ်ရီကိန်း ကတော့ ဒဏ်ရာ ကနေ ပြန်လည် သက်သာလာပြီးနောက် လာမယ့် တစ်ပတ်မှာ ပြန်လည် ကစားနိုင်ဖွယ်ရှိနေကြောင်း သိရပါတယ်။ ဘေယန်မြူးနစ်ဟာ လက်တလော ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ရပ်တည်နေပြီးတော့ အဆင့် ၂ နေရာက လေဗာကူဆင်ကို ၄ မှတ် ဖြတ်ထားနိုင်ဆဲ ဖြစ်ပါတယ်။ တစ်ဖက်မှာ ဗင်းန်ဆင့် ကွန်ပနီရဲ့ အသင်းက ချန်ပီယံလိဂ် မှာတော့ ၄ ပွဲနိုင်၊ ၂ ပွဲ ရှုံးထားပြီး ရှုံးထွက် တက်ရောက်နိုင်ဖို့ မျှော်လင့်ချက် အပြည့် ရှိနေဆဲ ဖြစ်ပါတယ်။

ဘေယန်မြူးနစ်ဟာ လာမယ့် ပွဲစဉ်တွေ အဖြစ် လာမယ့် စနေနေ့မှာ လိုက်ပ်ဇစ်နဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၁၅ ကို ကစားဖို့ ရှိပြီး ဒီပွဲဟာ ချန်ပီယံဆု အတွက် အတိုင်းအတာ တစ်ခု အထိ အရေးပါနေတဲ့ ပွဲလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်