နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆက်စ်ကိုကို ခေါ်ယူဖို့ အတွက် လက်မလျှော့သေးတဲ့ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီးတွေ ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်နဲ့ ချဲလ်ဆီး တို့ကတော့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်း အင်အားဖြည့်တင်းဖို့ ရည်ရွယ်နေကြတဲ့ အသင်းတွေ ဖြစ်ပါတယ်။ ဒီအသင်းတွေဟာ ထိပ်တန်းအဆင့် တိုက်စစ်မှူးတွေနဲ့ သတင်းတွေ တော်လျောက် ထွက်ပေါ်နေပြီးတော့ အဲဒီအထဲမှာ လိုက်ပ်ဇစ်က စလိုဗေးနီးယား တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကိုလည်း ပါဝင်နေခဲ့ပါတယ်။

လက်ရှိမှာ အသက် ၂၁ နှစ် အရွယ်သာ ရှိနေသေးတဲ့ ဘင်ဂျာမင် ဆက်စ်ကိုဟာ စလိုဗေးနီးယား လက်ရွေးစင် အသင်းရဲ့ အဓိက ကစားသမား ဖြစ်သလို လက်ရှိ ကလပ် လိုက်ပ်ဇစ် အတွက်လည်း ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ ဒါကြောင့် ဆက်စ်ကိုကို ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ အပါအဝင် ဥရောပ ထိပ်တန်း ကလပ် များစွာက မျက်စိကျနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ ဆက်စ်ကိုကို ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ၃ ခု စလုံးက လက်မလျှော့သေးပဲ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ စျေးကွက်မှာ ထပ်မံ ကြိုးပမ်းဖို့ ပြင်ဆင်လာတာလည်း ဖြစ်ပါတယ်။
ကာလတန်ကြေး ယူရို သန်း ၈၀ ဝန်းကျင် ရှိနေတဲ့ ဆက်စ်ကို

ဆက်စ်ကိုကို အာဆင်နယ်၊ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် တို့က ပြီးခဲ့တဲ့ နွေရာသီ ကတည်းက ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားက ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ် မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီး ၂၀၂၉ ခုနှစ် အထိ စာချုပ် သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဆက်စ်ကိုကို ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ၃ ခု စလုံးက လက်မလျှော့သေးပဲ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ စျေးကွက်မှာ ထပ်မံ ကြိုးပမ်းဖို့ ပြင်ဆင်လာတာလည်း ဖြစ်ပါတယ်။

အာဆင်နယ်ဟာ အသင်းရဲ့ အဓိက တောင်ပံ တိုက်စစ် ကစားသမား ဘူကာယို ဆာကာကို နှစ်လကျော်ကြာ လက်လွှတ်ထားရဖို့ ရှိနေသလို အစောပိုင်း မှာကတည်းက တိုက်စစ်ပိုင်း အင်အား ဖြည့်တင်းဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက် ကတော့ နည်းပြသစ် ရူဘင် အမော်ရင်နဲ့ အဆင်မပြေတဲ့ အင်္ဂလန် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ရှင်းထုတ်ပြီး ဆက်စ်ကိုနဲ့ အစားထိုးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ချဲလ်ဆီး ကတော့ အသင်းမှာ တိုက်စစ် ကစားသမားပေါင်း များစွာ ပိုင်ဆိုင်ထားပေမယ့်လည်း ကာလရှည် အသုံးပြုနိုင်မယ့် လူငယ် ကြယ်ပွင့် ကစားသမားလေး ဆက်စ်ကို ခေါ်ယူဖို့ စီစဉ်နေတာလည်း ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ချဲလ်ဆီး အနေနဲ့ ပြိုင်ဘက် အသင်းတွေက ခေါ်ယူချင်နေတဲ့ တိုက်စစ်မှူးကို လက်မလွှတ်ချင်တာကြောင့် ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းဖွယ်လည်း ရှိနေတာ ဖြစ်ပါတယ်။ ဘင်ဂျာမင် ဆက်စ်ကို ကတော့ မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းလိုမျိုး အရပ်အမောင်းရော၊ ကြံ့ခိုင်မှုပါ ကောင်းသလို ပရီးမီးယားလိဂ်မှာ အလျင်အမြန် အသားကျနိုင်မယ့်သူ အဖြစ် ထင်ကြေးပေးခံနေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆက်စ်ကိုက တစ်ချိန်မှာ ပရီးမီးယားလိဂ်မှာ ပြောင်းရွှေ့ ကစားဖို့ ရည်မှန်းထားကြောင်း ပြောကြားထားခဲ့ဖူးပါတယ်။ လက်ရှိ ဆက်စ်ကိုရဲ့ စျေးကွက် တန်ဖိုးက ယူရို သန်း ၈၀ ဝန်းကျင် ရှိနေပြီးတော့ သူ့ရဲ့ ခြေစွမ်းအရ ဆိုရင်တော့ ခေါ်ယူလိုတဲ့ အသင်းတွေ အနေနဲ့ အပြည့်အဝ ပေးချေမှသာ မျှော်လင့်နိုင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်